
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အမေရိကန်၏ အာဖဂန် မဟာဗျူဟာ ပြောင်းရမည်
(အေအက်ဖ်ပီ)
တင်ဦး ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
မော်စကို - အမေရိကန်သည် အာဖဂန်နစ္စတန်တွင် ဆိုဗီယက်ယူနီယံကပြုခဲ့သော အမှားများကိုထပ်မံပြုနေကြောင်း၊ အာဖဂန်နစ္စတွင် တိုက်ခိုက်ခဲ့သည့် ဆိုဗီယက်ယူနီယံ၏ ၁၀ နှစ်နီးပါးကြာ စစ်ပွဲသည် အနောက်နိုင်ငံ တပ်ဖွဲ့များအတွက် အလွန်အရေးကြီးသော သင်ခန်းစာများဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြောင်း ရုရှားစစ်ပြန်ကြီးများက ပြောကြားလိုက်သည်။
"အခုဆိုရင် အာဖဂန်ကို ညွန့်ပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာ ကိုးနှစ် နီးပါးရှိနေပေမယ့် ဘာမှအပြောင်းအလဲ မရှိသေးဘူး"ဟု အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ရုစလန်အောရှက် (၅၅ နှစ်) က ပြောကြားလိုက်ခြင်းဖြစ်သည်။ ၎င်းသည် ၁၉၇၉ မှ ၁၉၈၉ ခုနှစ်အထိ ဆိုဗီယက်ယူနီယံက အာဖဂန်ကို သိမ်းပိုက်ထားစဉ်ကာလအတွင်း အာဖဂန်တွင် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အောရှက်သည် အာဖဂန်နစ္စတန်တွင် တတိယအကြိမ် တာဝန်ချထားခံရစဉ်က ဒဏ်ရာရရှိခဲ့သဖြင့် ဆိုဗီယက်ယူနီယံက သူရဲကောင်း အဖြစ် ဂုဏ်ပြုခံခဲ့ရသူ ဖြစ်သည်။ သို့ရာတွင် ၎င်းက နေတိုးနှင့် အမေရိကန်တပ်များ ယနေ့ ရင်ဆိုင်နေရသော ရန်သူသည် ဆိုဗီယက် တပ်များ ရင်ဆိုင်ခဲ့ရသောရန်သူထက် ကြမ်းကြုတ်ခက်ထန်ကြောင်း ကိုးကား ၀န်ခံပြော ဆိုသည်။
ထိုစဉ်က တောင်ကုန်းတောင်တန်း စစ်မြေပြင်မျိုးအတွက် လေ့ကျင့်သင်တန်း ပေးထားခြင်းမရှိသော ရုရှားတပ်များသည် အမေရိကန် က ငွေကြေးအရရော၊ စစ်ရေးအရပါ အထောက်အပံ့ပေးထားသော မူဂျာဟေဒင် အစ္စလမ္မစ် တိုက်ခိုက်ရေးသမားများကို တိုက်ရာတွင် မနိုင်နိုင်သော ပြောက်ကျားစစ်နွံ အတွင်း၌ ကျွံနစ်ခဲ့ရသည်။
"ကနေ့ကျတော့ အခြေအနေကပိုပြီး ရှုပ်ထွေးတယ်။ မူဂျာဟေဒင်တွေဟာ အစွန်းရောက် တာလီဘန်တွေထက် ပျော့ပျောင်းသေး တယ်။ ကျွန်တော်တို့ တိုက်ခဲ့ကြတဲ့ခေတ်တုန်းက အသေခံ ဗုံးခွဲသမားဆိုတာမရှိသေးဘူး"ဟုလည်း အောရှက်က ပြောသည်။ အောရှက် သည် ယခုအခါ စစ်ပြန်ကော်မတီ၏ အကြီးအကဲဖြစ်သည်။
ဗိုလ်ချုပ် မက်ခ်မတ်ဂါရီယက်သည် တပ်နီ၏ ဒုတိယဦးစီးချုပ်ဟောင်းလည်း ဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် အစ္စလမ္မစ် သူပုန်များက ဖြုတ်ချခံရပြီးနောက် လေးနှစ်အကြာတွင် တာလီဘန်တို့က ကြိုးပေးသတ်လိုက်သည့် အာဖဂန်သမ္မတ နာဂျီဘူလာ၏ အကြံပေးပုဂ္ဂိုလ်ဟောင်းလည်းဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် ဆိုဗီယက်တို့ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားသော အခါ ဂါရီယက်သည် အာဖဂန်နစ္စတန်တွင် နေရစ်ခဲ့ပြီး ဆိုဗီယက်ကတင်ထားခဲ့သော အာဖဂန်အစိုးရကို အထောက်အကူပေးခဲ့သည်။
ယခုထို ဂါရီယက်က ညွန့်ပေါင်းတပ်ဖွဲ့များသည် မဟာဗျူဟာကိုမြန်မြန်ဆန်ဆန်မပြောင်းလဲနိုင်ပါက ဒေသတွင်း၌ ထားရှိသော လက်ရှိရည်မှန်းချက်သည် ရေရှည် တည်ငြိမ်မှုရှိလာမည့် အခွင့်အလမ်းမျိုး များများစားစားပေးနိုင်မည် မထင်ကြောင်း ပြောကြားလိုက် သည်။
"အမေရိကန်တို့ တိုက်နေတာဟာ အမြဲတမ်း တပ်မတော်တစ်ခုကို တိုက်နေရတာမဟုတ်ဘဲ လူမျိုးတစ်မျိုးကို တိုက်နေတာဖြစ်တယ်။ နပိုလီယံဟာ စပိန်ကို ဘယ်တုန်းကမှ မနိုင်ခဲ့ဘူး။ လူမျိုးတစ်မျိုးကိုတိုက်လို့ မရနိုင်မှန်းကို နားလည်သင့်တယ်"ဟုယခုအခါ မော်စကို စစ်တက္ကသိုလ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဂါရီယက်ကပြောသည်။
အမေရိကန်တို့ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များကို တင်ပြနိုင်သည့် တစ်ခုတည်းသော မဟာဗျူဟာမှာ အာဖဂန်နစ္စတန်တွင် ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇောင်းပေးလုပ်သွားရန်ဖြစ်သည်ဟု ဂါရီယက်နှင့် အာဖဂန်နစ္စတန်စစ်ပြန်များက ပြောကြသည်။
'ကန်'သမ္မတ အိုဘားမားက ၂၀၁၀ ပြည့်နှစ်တွင် အာဖဂန်သို့ နောက်ထပ် တပ်သား ၃၀,၀၀၀ ထပ်မံ စေလွှတ်မည်ဟု ဒီဇင်ဘာလ တွင် ကြေညာခဲ့သည်။ အာဖဂန်နစ္စတန်တွင် လက်ရှိစစ်သား ၇၀,၀၀၀ ရှိနေသည်။
အိုဘားမား၏ စီမံချက်အရ အမေရိ ကန်စစ်သားများကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် စတင်ရုပ်သိမ်းသွားရန်ဖြစ်သည်။