
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အိန္ဒိယနိုင်ငံ ကားလမ်းများပြင်ရန် စီမံကိန်းကြီး
(ဝေါလ်စထရိဂျာနယ်)
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
နယူးဒေလီ - အိန္ဒိယနိုင်ငံ၏ ကားလမ်း စီမံကိန်းများအတွက် ဇွန်လတွင် ပုဂ္ဂလိက ငွေကြေးဒေါ်လာ ငါးဘီလျံရရှိလိမ့်မည် ဟု မျှော်လင့်ထားကြောင်းဖြင့် အိန္ဒိယအဝေးပြေးကားလမ်းမကြီးများဆိုင်ရာ ၀န်ကြီးက ပြောသည်။
သို့သော်လည်း သူ၏ ရည်မှန်းချက်ကြီး သောအစီအစဉ်များသည် သတ်မှတ်ချိန်ထက် သုံးလေးလကျော်လွန်လာပြီဟုလည်း ပြောသည်။
ပုဂ္ဂလိကရှယ်ယာများမှရရှိသော ရန်ပုံငွေ၊ ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံမှု ဘဏ်များ၊ ပင်စင်ရန်ပုံငွေများအားလုံးသည် အိန္ဒိယ ကားလမ်းစီမံကိန်းများတွင် ငွေကြေးထည့်ဝင်ရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြသည်ဟု ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးနှင့် အဝေးပြေး ကားလမ်းများဆိုင်ရာဝန်ကြီး ကမဲလ်နတ်သ်က ပြောကြားသည်။ သူသည် လွန်ခဲ့သည့်နှစ်က ကမ္ဘာ့ ကားလမ်းပြပွဲ တစ်ခုကို ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံသူများကို စည်းရုံးခဲ့သည်။
"ငွေရေးကြေးရေးကတော့ ကျွန်တော့ ကို ဦးနှောက်မစားပါဘူး။ အိန္ဒိယဟာ အင်မတန် ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့ နိုင်ငံပါ။ ကားလမ်းစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံတာဟာ အင်မတန်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ" ဟု မစ္စတာနတ်သ်က တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ပြောကြားသည်။
ကားလမ်းများ ပြုပြင်ရေးစီမံကိန်းကြီးအတွက် လာမည့်သုံးလေးနှစ်အတွင်း ဒေါ်လာ ၇၀ ဘီလျံ လိုအပ်လိမ့်မည်ဟုလည်း မစ္စတာ နတ်သ်က ပြောသည်။ သူသည် ပုဂ္ဂလိကအခန်းကဏ္ဍမှ ဒေါ်လာ ဘီလျံ ၄၀ မှ ၄၅ ဘီလျံအထိ ရရှိမည် ဟု ရည်မှန်းထားသည်။ ၎င်းတို့အနက် သုံးပုံတစ်ပုံသည် ပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ လာလိမ့်မည်ဟုဆိုသည်။
အိန္ဒိယနိုင်ငံ၏ စိတ်ပျက်ဖွယ်ကောင်း သော ကားလမ်းများကြောင့် အမျိုးသား ကုန်ထုတ်လုပ်မှုကို ဒရွတ်တိုက်ဆွဲနေသည်။ မွမ်ဘိုင်း၊နယူးဒေလီနှင့်ဘန်ဂါလို ကဲ့သို့သော မြို့ကြီးများ၌ပင် လမ်းမကောင်း၍တာတိုခရီးကိုပင် နာရီအတော်ကြာသွားနေရသည်။ အဓိကလမ်းတွေ က ကျဉ်းမြောင်းနေသည်။ တံတားများနှင့် အမြန်သွား ကားလမ်းများကလည်း အလွန်နည်းသေးသည်။ ကား လုပ်ငန်းကဏ္ဍ၌ တိုးတက်လာ၍ အခြေအနေ ပိုဆိုးလာသည်။
လွန်ခဲ့သည့်တစ်နှစ်တည်း အိန္ဒိယနိုင်ငံကားလမ်းမများပေါ်တွင် ကားအစီးရေ ၁၀ သန်းနီးပါးတိုးလာသည်။ ကျေးလက်ဒေသတွင် ပျက်စီး နေသော တစ်လမ်းသွားကားလမ်းများကြောင့် လယ်ယာထွက်ကုန်များ ဈေးသို့ ရောက်ရန် အခက်အခဲရှိသည်။
မစ္စတာနတ်သ်၏ ရည်မှန်းချက်မှာ တစ်နှစ်လျှင် ကားလမ်း ၄,၃၅၀ မိုင် ဖောက်လုပ်ရန်၊ ဆိုလိုသည်မှာ ယခု လက်ရှိနှုန်းထက် ၁၀ ဆတိုးပြီးဖောက်လုပ်ရန်၊ တစ်နေ့လျှင် ၁၂ ဒသမ ၄ မိုင် ဖောက်လုပ်ရန်ဖြစ်သည်။ ဇွန်လတွင် စီမံကိန်းတန်ဖိုး ဒေါ်လာ ၂၀ ဘီလျံနှင့် ၆,၈၃၅ မိုင်ကို လမ်းဖောက်လုပ်သူများအား လေလံပစ်လိမ့်မည်ဟုဆိုသည်။ ယခုနှစ်အဖို့ ၂,၄၈၅ မိုင်ကို လေလံပစ်ပြီးဖြစ်သည်ဟု လည်းဆိုသည်။
မူလအစီအစဉ်အရ ယခုနှစ်မတ်လ တွင် ဒေါ်လာ ၂၀ ဘီလျံဖိုး လေလံပစ် ပြီးဖြစ်ရမည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကို တုံ့ပြန်နေရသောကြောင့် ယခုလို နှောင့်နှေးသွား ရခြင်းဖြစ်သည်ဟုလည်း မစ္စတာနတ်သ်က ပြောသည်။ ၎င်းတို့၏ မေတ္တာရပ်ခံချက်အရ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အလွယ်တကူ ပြန်ထုတ်လုပ်နိုင်မည့် မူဝါဒများကို ၎င်းက ပြောင်းပေးခဲ့ရ ကြောင်း၊ မိမိတို့ လုပ်ဆောင်ရမည့် တာဝန်နှင့် မိမိတို့အကျိုးစီးပွား ၀ိရောဓိဖြစ်မှု စည်းကမ်းချက်များကိုမချိုးဖောက်လျှင် ရင်းနှီး မြှုပ်နှံသူများပါဝင်သည့်အဖွဲ့များကလည်း လေလံဆွဲနိုင်မည်ဖြစ်သည်။
"ဒီကိစ္စတွေ ဆောင်ရွက်နေရလို့ သုံးလေးလလောက် နောက်ကျသွားတယ်။ ဒီလိုပြောင်းလဲမှုတွေ မလုပ်ဘဲနဲ့ ကျွန်တော် လေလံ မပစ်နိုင်ဘူး"ဟုလည်း မစ္စတာနတ်သ်က ပြောသည်။
ရင်းနှီးမြှုပ်နှံသူများ နောက်ထပ် တင်ပြချက်တစ်ခုမှာ လမ်းစီမံကိန်းများ အတွက် အိန္ဒိယအစိုးရက ခွင့်ပြုမိန့်ချပေးရန် မည်မျှ ကြာမည် နည်းဟုလည်း မေးကြသည်။ ထိုကိစ္စသည် အစီအစဉ် အတိုင်း လုပ်ရသောကိစ္စဖြစ်ပြီး ပျမ်းမျှခြင်းအားဖြင့် ရှစ်လမှ ၁၈ လ အထိ ကြာနိုင်ကြောင်း ၎င်းက ပြောသည်။
ပုဂ္ဂလိက အစုရှယ်ယာကုမ္ပဏီများက လမ်းပြင်သူများကို ထောက်ပံ့ရန် စိတ်ဝင်စားကြကြောင်း၊ နှစ်စဉ်ငွေထုတ်နိုင်သော အစီအစဉ် များကို ပင်စင်ရန်ပုံငွေကဲ့သို့ ရေရှည် ရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးကုမ္ပဏီများက စိတ်ဝင်စားကြကြောင်း၊ လမ်းအခွန် ကောက်ခမှ ၎င်းတို့ငွေကို ပြန်ရမည်ဖြစ်သောကြောင့်ဖြစ်ကြောင်း မစ္စတာနတ်သ်က ပြောကြားသည်။ "ဒီကိစ္စကတော့ စွန့်စားပြီး လုပ်ရတဲ့ကိစ္စ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယမှာ ကျွန်တော်တို့ရဲ့ကားတွေနည်းမှမနည်းပဲ" ဟုလည်း ၎င်းကပြောသည်။
ကမ္ဘာ့ဘဏ်မှ နှစ်နှစ်အတွင်း ဒေါ်လာ ငါးဘီလျံ ခန့်ရနိုင်မည်ဟု၎င်းကခန့်မှန်းထားပြီး လမ်းတံတား အဆောက်အအုံများအတွက် နိုင်ငံခြားသုံးငွေ စာချုပ်များကို မျှောထားရန်ပင် ၎င်းက စဉ်းစားထားသည်။ ငွေကြေးကို မဲတင်းပေးရန်အတွက်ဖြစ်သည်။
အချို့ငွေကြေးမှာ အဝေးပြေးကားလမ်းများဝန်ကြီးဌာနမှ တိုက်ရိုက်ရရှိပေလိမ့်မည်။ လွန်ခဲ့သည့်နှစ်က ဤ၀န်ကြီးဌာန၏ ဘတ်ဂျက် သည် ၂၃ ရာခိုင်နှုန်းတိုးလာပြီး လေးဘီလျံဒေါ်လာအထိ ရရှိခဲ့သည်။ လာမည့်ဘဏ္ဍာနှစ်အတွက် အိန္ဒိယဘတ်ဂျက်ကို ပြင်ဆင် နေစဉ်ဘတ်ဂျက်လိုငွေ တိုးပြနေသော နိုင်ငံတော်ဘတ်ဂျက်တွင် ၀န်ကြီးဌာနများ ခြိုးခြံချွေတာကြရန် အချက်ပြနေသည်။
သို့သော်လည်း မစ္စတာနတ်သ်က သူ့ဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြတ်တောက်ခံရလိမ့်မည်ဟု မထင်ပေ။
"ဒါဟာစီးပွားရေးတိုးတက်အောင်လုပ်ပေးတာပဲ။ ကျွန်တော်တို့ဟာ ကျေးလက်ဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေကို ဖန်တီးပေး နေတာပဲ" ဟုလည်း မစ္စတာနတ်သ်က ပြောကြားသည်။