Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပါကစ္စတန်-စီအိုင်အေဆက်ဆံရေး ပူးပေါင်းတိုးချဲ့မှု

(အေအက်ဖ်ပီ)
တင်စိန် ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

အစ္စလမ္မာဘတ် - တာလီဘန်ဝါရင့် ခေါင်းဆောင် မူလာအဗ္ဗဒူဂါနီဘာ ရာဒါးကို ဖမ်းဆီးမိစေခဲ့သော စစ်ဆင် ရေးကဲ့သို့ အမေရိကန် ဗဟိုထောက်လှမ်းရေး (စီအိုင်အေ)နှင့် ပါကစ္စတန် ထောက်လှမ်းရေးအရာရှိတို့ ပူးတွဲဆောင်ရွက်သည့် စစ်ဆင်ရေးမျိုးမှာယခုအခါ တွေ့နေကျ၊မြင်နေကျဖြစ်လာခဲ့ကြောင်းပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့မှမကြာမီကာလအတွင်းက အငြိမ်းစားယူခဲ့သောထောက် လှမ်းရေးအရာရှိတစ်ဦးဖြစ်သူ The Christian Science Monitor သတင်းစာ၏သတင်းထောက်တစ်ဦးအား ရှင်းလင်း ပြောကြား သွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့နှင့် ပါကစ္စတန်နိုင်ငံဆက်ဆံရေးမှာ ဆယ်စုနှစ်တစ်ခုကြာမျှ နားလည်ရခက်လောက် အောင်ရှုပ်ထွေးကာ အငြင်းပွားနေခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ဆိုဗီယက်တို့ကို တိုက်ခိုက်သည့် စစ်ပွဲကာလအတွင်းဆိုဗီယက် တို့ကို တိုက်ခိုက်လျက်ရှိသည့် မူဂျာဟီဒင်များအား ငွေနှင့် လက်နက် များကဲ့ယူပို့ပေးရန်နှင့် နောင်တွင် အယ်ကေဒါဖြစ်လာနိုင်သည် ဟုယုံကြည်ချက်ကြောင့် တိုက်ပွဲဝင်လျက်ရှိသော အာရပ်တိုက်ပွဲအုပ်စုတစ်ခု ဖွဲ့စည်းရေးတို့တွင် ပါကစ္စတန်နိုင်ငံ၏ပြည်တွင်းထောက် လှမ်းရေးအဖွဲ့ (အိုင်အက်စ် အိုင်)နှင့် အမေရိကန် စီအိုင်အေထောက်လှမ်းရေးများ အတူတကွ ပူးတွဲ ဆောင်ရွက်ခဲ့ကြသည်။

ဆိုဗီယက်တို့စစ်ပွဲတွင် ရှုံးနိမ့်သွားပြီး အာဖဂန်မှ ထွက်ခွာသွားသော အချိန်တွင် ပါကစ္စတန်တို့က ဆိုဗီယက် ဆန့်ကျင်ရေးတိုက်ပွဲ ၀င် ဟောင်းအတော်များများနှင့် ထောက်လှမ်းရေးနှင့် ငွေကြေးအရ ဆက်ဆံမှုများကို ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုက အခြားနေရာသို့ အာရုံလှည့်သွားခဲ့ရာ အသစ်ပေါ်ထွက် ခါစ တာလီဘန်အဖွဲ့နှင့် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေခဲ့ သည်။ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုကြီး ပြီးသည့်နောက်တွင် ပါကစ္စတန်နိုင်ငံ၏ တာလီဘန်နှင့် ရင်းနှီးစွာ ဆက်ဆံမှုကြောင့် အမေရိကန်ပြည်ထောင်စုက အနှောင့်အယှက်ဖြစ်ခဲ့ပြီး အမေရိကန်နှင့်ပါကစ္စတန် ထောက်လှန်းရေးအရာရှိများ သံသယပွားခဲ့သည်။
သို့ရာတွင်ထိုအခြေအနေမှာ ပြောင်းလဲလျက်ရှိပြီး အပြန်အလှန်အပေးအယူပြုမှုပေါ် အခြေခံသည့်ဆက်ဆံရေးထွန်းကားလာခဲ့သည်။ ယမန်နှစ် ဩဂုတ်လက ပါကစ္စတန် အစိုးရကို ထောက်ခံသောအားဖြင့် ပါကစ္စတန်တာလီဘန်ခေါင်းဆောင် ဘိုင်တူလာမာဆွတ်ကို အမေရိကန် ပြည်ထောင်စုက သုတ်သင်သတ်ဖြတ်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံကလည်း အမေရိကန်အတွက် အပြန်အလှန်သဘော အရ ထောက်ခံဆောင်ရွက် ပေးရမည်ဖြစ်သည်ဟု ဆန်းစစ်သူတို့က ကြိုတင်ခန့်မှန်းခဲ့သည်။

ယခုအချိန်အထိ အကြီးဆုံးပေးဆပ်ဆောင်ရွက်မှုမှာ လွန်ခဲ့သည့် ၁၀ ရက် ကျော်ခန့်က ပါကစ္စတန်ဆိပ်ကမ်းမြို့အနီးတွင် တာလီဘန် ခေါင်းဆောင်မူလာအဗ္ဗဒူဂါနီဘာရာဒါးကို ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးမိကြောင်းကိုလွန်ခဲ့သောသီတင်းပတ်တနင်္လာနေ့ည က ကြေညာခဲ့သည်။

ဘာရာဒါးသည်စစ်ပွဲစတင်ဖြစ်ပွား ပြီးနောက်ပိုင်းကတည်းက ဖမ်းဆီးမိခဲ့သည့် အာဖဂန်တာလီဘန်ခေါင်းဆောင်များတွင် ၀ါအရင့်ဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမေရိကန်တို့က နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သူဖြစ်သည်။

အဆိုပါ ပါကစ္စတန်အငြိမ်းစား ထောက်လှမ်းရေးအရာရှိက ကြိုတင်ဟောကိန်းထုတ်ရာ၌ မူလာဘာရာဒါး ကို ဖမ်းဆီးမိခြင်းသည် ပါကစ္စတန် နိုင်ငံအားအနောက်နိုင်ငံသားတို့အတွက် ပို၍ အန္တရာယ်များလာစေခဲ့သည်။ အကြောင်းမူ အမေရိကန်ပြည်ထောင်စုထံ အချုပ်အခြာအာဏာ ဆုံးပါးခဲ့ရသည်ဟုယူဆပြီး လူထုကဒေါသထွက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဆို၏။ "အတိုက်အခံနိုင်ငံရေးသမား တွေက အစိုးရကိုပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်တိုက်ခိုက်ဖို့ ဒီအချက်ကို အမိအရ ကောက်ယူပြီး အစိုးရဟာတိုင်းပြည်ကိုရောင်း စားနေပြီလို့ ပြောကြမှာပါပဲ"ဟု အငြိမ်းစားထောက်လှမ်းရေးအရာရှိက ဝေဖန်ပြောကြားခဲ့သည်။