Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

၁၉၆၄ တိုကျိုအိုလံပစ်မှ ၂၀၁၆ အိုလံပစ်ဆီသို့

(ရိုက်တာ)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

တိုကျို - ကော်ဖီဆိုင်မှာကပ်ပူချီနိုကော်ဖီမှာသောက်ရင်း အပျင်းပြေကစားဖို့ကြောင်လေးတစ်ကောင် ငှားလို့ရတာ၊ ဒါမှမဟုတ် စက်ရုပ် ကို ခေါက်ဆွဲပြုတ်ခိုင်းလို့ရတာ ဒါမျိုးတွေ တိုကျိုမှာပဲ ရှိပါတယ်။

တိုကျိုဟာ ၁၉၆၄ အိုလံပစ်ပွဲကို လက်ခံကျင်းပပြီး ကတည်းက အံ့ဖွယ်သရဲ တိုးတက်လာခဲ့ပါတယ်။ အဲဒီတုန်းကတော့ အစိုးရက စီးပွားရေးအင်အား ကြီး နိုင်ငံတစ်နိုင်ငံအဖြစ် သက်သေထူဖို့ ကျည်ဆန်ရထားကို စတင်မိတ်ဆက် ခဲ့တာပေါ့။

လူဦးရေ ၁၃ သန်းလောက်ရှိတဲ့ စည်ကားတဲ့ ဒီမြို့ဟာ ၂၀၁၆ အိုလံပစ်ကို လက်ခံကျင်းပနိုင်ဖို့ တခြားနိုင်ငံ သုံးခုနဲ့ ယှဉ်ပြိုင်နေရ ပါတယ်။ အခုဆို တိုကျိုဟာ နည်းပညာထွင်းဖောက်တီထွင်မှု၊ ထူးချွန်တဲ့ ဗိသုကာလက်ရာ၊ ကမ္ဘာ့အကောင်းဆုံးဟင်းလျာစသည် တို့ရဲ့ ပြယုဂ်ဖြစ်နေပါပြီ။

ကမ္ဘာ့ဒုတိယစီးပွားအင်အားကြီး နိုင်ငံဖြစ်တဲ့ ဂျပန်ဟာ ရိုးရာဓလေ့ထုံး တမ်းတွေကိုလည်း ထိန်းသိမ်းထားဆဲပါ။ ဖိတ်ဖိတ်တောက် နေတဲ့ မိုးမျှော်တိုက်ကြီးတွေရဲ့ ဘေးမှာ ရိုးရာပစ္စည်း အရောင်းဆိုင်တွေ၊ နတ်ကွန်းတွေရှိနေပါသေးတယ်။

၁၉၆၄ အိုလံပစ်အတွက် တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေဖြစ်တဲ့ ဘဲဥပုံအမျိုးသားအားကစား ရုံလို အဆောက်အအုံတွေဟာ အခု အထိ သုံးဆဲဖြစ်ပြီး လွန်ခဲ့တဲ့ ၄၅ နှစ်က အတိုင်း သစ်လွင်တောက်ပနေဆဲပါ။

ခေတ်မီတဲ့ တိုကျိုမြို့မှာဆိုရင် နီယွန် မီးတန်းတွေ ပြည့်ကျပ်နေတဲ့ ရထားတွေ၊ လူတွေတိုးကြိတ်နေတဲ့ ဈေးဆိုင်တွေမှာ လွယ်ကူ ချောမွေ့စေဖို့ အလိုအလျောက် ပြုလုပ်ပေးတဲ့ စက်လေးတွေကို အနုပညာတစ်ခုသဖွယ် ဖန်တီးထားပါတယ်။

လမ်းထောင့်တိုင်းမှာရှိတဲ့ ဈေးရောင်း စက်တွေမှာဆိုရင် ထီးကနေ အောက်ခံအ၀တ်အထည်အထိ ရနိုင်ပါတယ်။ ဂျပန်ဟာ ကမ္ဘာ ပေါ်မှာ စက်အသုံး အများဆုံးနိုင်ငံဖြစ်ပြီး ဖူဂျီယာမာ မီးတောင်ပေါ်မှာတောင် စက်ပစ္စည်းကို အလွတ်မပေးပါဘူး။

တကယ်လို့များ တိုကျိုမြို့ဟာ ရှီကာဂို၊ မက်ဒရစ်နဲ့ ရီယိုဒီဂျနေးရိုး မြို့တွေကို ကျော်တက်ပြီး ၂၀၁၆ အိုလံပစ်ပွဲကို ကျင်းပခွင့်ရရင် ခရီးသွား မြို့ဖြစ်ထိုက်တဲ့ တိုကျိုရဲ့ အရည်အသွေးတွေကို မီးမောင်းထိုးလိုက်သလို လူတွေ သိရှိလာမှာပါ။

ဘယ်သူမှ မျှော်လင့်မထားတဲ့ဟာ မျိုးတွေလည်း ဒီမှာဖြစ်လာနိုင်ပါတယ်။ ငလျင်တို့၊ တိုင်ဖွန်းတို့လိုဟာတွေပေါ့။ ကမ်းစပ်မှာရှိတဲ့ အားကစား အဆောက်အအုံကြီးကို တုန်ခါမှုစုပ်ယူနိုင်တဲ့ ဧရာမ ဒဏ်ခံပစ္စည်းမျိုးတွေသုံးပြီး ဆောက်ထားတာပါ။