Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဟေတီငလျင်အပြီး ၀မ်းနည်းကြေကွဲဖွယ်နေ့ကျင်းပ

(အေအက်ဖ်ပီ)
တင်ဦး ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ပို့အောပရင့်စ်-အနည်းဆုံးလူ ၂၁၇,၀၀၀ သေဆုံးသွားခဲ့သော ငလျင်ကြီးလှုပ် သွားပြီး တစ်လအကြာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဟေတီနိုင်ငံသည် ၀မ်းနည်းကြေကွဲဖွယ်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့သည်။

အမျိုးသားနန်းတော်ပြိုကျသွားခဲ့ရာ နှင့် ချမ့်ဒီမားစ်ရင်ပြင်သည်လည်း အိုးမဲ့ အိမ်မဲ့များ၏ ခိုလှုံရာစခန်းကြီးအဖြစ် သို့ ရောက်ခဲ့ရာ ၎င်း အခမ်းအနားကို မြို့လယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို ထိုအိုးမဲ့အိမ်မဲ့များ ကြည့်ရှုနိုင်ရန်အတွက် မြို့တွင်း အနှံ့အပြား၌ ရှိနေကြသော အိုးမဲ့အိမ်မဲ့ စခန်းအချို့၌ ကြီးမား သော ဖန်သားပြင် ကြီးများကို တည်ထောင်ပေးရန် အစိုးရက စီစဉ်ခဲ့သည်။ သေဆုံးသူများကို အလေးပြုသောအားဖြင့် အနက်ရောင်၊ သို့မဟုတ် အဖြူရောင် အ၀တ်အစားများ ၀တ်ဆင်ကြရန်လည်း အစိုးရက တိုက်တွန်းခဲ့သည်။

သောကြာနေ့တွင်ကျင်းပသည့် ၀မ်းနည်းကြေကွဲဖွယ်နေ့ အခမ်းအနားသည် ဟေတီနိုင်ငံသားများအား ဘူးလေးရာ ဖရုံဆင့်သလိုပြုခဲ့ သော ငလျင်လှုပ်ပြီးနောက်ပိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ရွာသွန်းလိုက်သည့် မိုးကြီးရွာသွန်း အပြီးတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရွာ သွန်းလိုက်သည့်မိုးကြောင့် ယနေ့တိုင် လမ်းမများပေါ်တွင်သာ အိပ်နေကြရသေးသည့် ငလျင်ဘေး သင့် ဒုက္ခသည် ၁ ဒသမ ၂ သန်းခန့်အတွက် အမိုးအကာများ စီစဉ်ပေးရန်လိုသည်။ မိုးကျတော့မည်ဟု သတိပေးလိုက်သလိုရှိသည်။

အိုးမဲ့အိမ်မဲ့များ၏ တဲများဖြင့် ပြည့်ကျပ်နေသော မြို့ကြီးအတွင်းသို့ လင်းအားကြီးအချိန်၌ စတင်ရွာသွန်း လိုက်သော မိုးကြောင့် ဇန်န၀ါရီလ ၁၂ ရက်နေ့ ငလျင်ကြီး နောက်ပိုင်း၌ မိုးလေ ရာသီဥတုဒဏ်ကိုခုခံရန် အကာအကွယ် မဲ့ဆုံး အခြေသို့ ဆိုက်သွားခဲ့သည်။

ကျန်းမာရေးအတွက် ပူပန်ဖွယ်အခြေ အနေများ ရှိနေသော ချမ့်ဒီမားစ် အိုးမဲ့ အိမ်မဲ့စခန်း၌ လူအများက အမိုးအကာ ကို အလုအယက် ရှာဖွေကြရမည့် အနေရှိကြောင်းပြောကြသည်။ "ကျွန်တော်တော့ မိုးရေကာဖျင် အောက်က ထောင့်ကလေးထဲမှာ ပုနေရတယ်" ဟု ဒီမော့စ်သီးန်ဝိုက်စလာ (၂၃ နှစ်)က ပြောသည်။ "အကုန် ရွှဲစိုကုန်တာပဲ။ အ၀တ်အစားတွေလည်း ရွှဲပေါ့။ အမိုး ရယ်လို့မှ မရှိတာကိုး" ဟု ၎င်းက ဆက်ပြောသည်။

သူက မိုးကာတဲတောင်းဆိုသည့် နံနက်စောစောက ဆန္ဒပြပွဲတွင် သူပါခဲ့ကြောင်းနှင့် ဟေတီအရာရှိများက ယခုအချိန်ထိ ဘာမျှမပေး နိုင်သေးကြောင်းလည်း ပြောသည်။

ဟေတီအာဏာပိုင်များက မိမိတို့ နိုင်ငံသည် ပြင်းအား ၇ ဒသမ သုညရှိ ငလျင်ဒုက္ခကြီးခံရပြီးနောက်တွင် ယခု မိုးရာသီကျတော့မည် ဖြစ်၍ အကြီးမားဆုံး အန္တရာယ်နှင့်ပါ ရင်ဆိုင်ရဦးတော့ မည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ကြသည်။

အိမ်ထောင်စု ၅၀,၀၀၀၊ သို့မဟုတ် လူ ၂၇၂,၀၀၀ ခန့်သည် ကိုယ့်ဘာသာ ကိုယ် အမိုးအကာတည်ဆောက်ကြရန်အတွက် အရေးပေါ် အကူအညီပစ္စည်း များရရှိထားပြီးဖြစ်ကြောင်း လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စများကို ဆက်စပ်ညှိနှိုင်းပေးသည့် ကုလသမဂ္ဂရုံးက ပြောသည်။

ဤသို့ ဒုက္ခတွေကြုံနေသည့်ကြားတွင် လှေအင်အားနှင့် မမျှအောင် လူများ ပြွတ်သိပ်စီးလာသော လှေတစ်စင်းကို အမေရိကန် ကမ်း ရိုးတန်းစောင့် ကမ်းတက်လှေတစ်စင်းက ဘဟားမားကမ်းလွန်ပင်လယ်ပြင်တွင် တွေ့ရှိခဲ့၍ ထိုဟေတီလူမျိုး ၇၈ ဦးအား ဟေတီနိုင်ငံ သို့ လွှဲပြောင်းပေးခဲ့ရသည်။

ဟေတီလူမျိုးများသည် နိုင်ငံကို စွန့်ခွာ၍ ရေလမ်းခရီးမှ ထွက်ခွာလာ သည့်ဦးရေမှာ ယခင်ပြုနေကျအရေ အတွက်ထက်ပိုလာသည့် လက္ခဏာ မတွေ့ရကြောင်း ကမ်းရိုးတန်းစောင့် တပ်က ပြောသည်။ သို့ရာတွင် ထိုသို့လည်း ဖြစ်လာနိုင်သဖြင့် မိမိတို့ သတိထားနေ ကြကြောင်းနှင့် ကာရစ်ဘီယံ ပင်လယ်တွင် ကင်းလှည့်မှုကိုယခင်ထက် မြှင့်၍လုပ်ကိုင်ခဲ့ကြောင်း ပြောသည်။

ဥရောပသမဂ္ဂပြည်ပရေးရာ အကြီးအကဲကက်သရင်းအက်ရှ်တန်က ၎င်း အနေဖြင့် မတ်လမိုးမကျမီ ဟေတီတွင် အမိုးအကာများ ပေးနိုင်မည့် လုပ်ငန်းကို အီးယူစစ်ရေးတာဝန်ထဲထည့်ပြီး ဆောင်ရွက်စေရန် အဆိုပြုမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြော သည်။

သို့ရာတွင် အက်ရှ်တန်၏ ပြောရေးဆိုခွင့်ရှိသူ လုဇ်ဂဲလ်နာကမူ ထိုရည် မှန်းချက်ဖြစ်နိုင်ပါ့မလားဟု သံသယ ဖြစ်သည်။ ထိုမစ်ရှင် လုပ်ငန်းစနိုင်ဖို့ကို ၁၅ ရက်ကြာလောက် အချိန်ယူရဦးမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။