Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဗြိတိသျှဝန်ကြီးချုပ်ဘရောင်း၏ အနိုင်ကျင့်စရိုက်ကို ဖော်ထုတ်

(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

လန်ဒန် - ဗြိတိသျှဝန်ကြီးချုပ်ဂေါ်ဒွန်ဘရောင်း၏ ဒေါသကြီးတတ်သော စရိုက်ကို'အနိုင်ကျင့်မှုဆန့်ကျင်ရေးအဖွဲ့'ကဖော်ထုတ်ပြော ကြားလိုက်သဖြင့် ၀န်ကြီးချုပ်မှာ အကျပ်ရိုက်လျက်ရှိသည် ဟု သိရှိရသည်။

နိုင်ငံလုံးဆိုင်ရာ အနိုင်ကျင့်ခံရသူများ အကူအညီပေးရေးအဖွဲ့အမှုဆောင်ချုပ် ခရစ္စတင်းပရက်က ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးမှ ၀န်ထမ်းသုံးလေးဦးက သူတို့အဖွဲ့ထံ ဆက်သွယ်တိုင်ကြားမှုများရှိခဲ့ကြောင်းပြောသည်။

ဝန်ကြီးချုပ်က သူ၏၀န်ထမ်းများကို စိတ်ဆိုးမာန်ဆိုးဖြင့် ခြောက်လှန့်ခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကထုတ်ဝေသောစာအုပ် တစ်အုပ်၏ ကောက်နုတ်ချက်နှင့်ပတ်သက်၍ ၀န်ကြီးချုပ်ဘရောင်းကို သူ၏ ၀န်ကြီးများက ကာကွယ် ပြောကြားခဲ့သဖြင့် ခရစ္စတင်း ပရက်က စိတ်ဆိုးပြီး လူသိရှင်ကြား ထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။

နိုင်ငံရေးသတင်းထောက် အင်ဒရူး ရောင်စလေရေးသော စာအုပ်တွင် ၀န်ကြီးချုပ် ဘရောင်းသည် ၀န်ထမ်း တစ်ဦး၏ ကုတ်အင်္ကျီ ရင်ဘတ်အဖုံးစကိုဆွဲဆုပ်၍ ၀န်ထမ်းကို အော်ဟစ်ငေါက် ငမ်းခဲ့ကြောင်း၊သတင်းဆိုးကိုကြားရပြီးနောက် ကားရှေ့ထိုင်ခုံ၏ နောက်မှီ ကို လက်သီးဖြင့်ထိုးပြီး သူ၏အကြံပေးများကို အထပ်ထပ်အခါခါ ဆဲရေးကြိမ်း မောင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

အတွင်းရေးမှူးမလေးကိုလည်း စာရိုက်တာကြာ၍ ထိုင်ခုံမှဆွဲတွန်း ထုတ်ကာ သူကိုယ်တိုင်ကီးဘုတ်၌ ၀င်ထိုင်ကာ စာရိုက်ခဲ့ကြောင်း၊ ၀န်ကြီးချုပ်စီးသော ကား၏ နောက်ထိုင်ခုံကူရှင်ကို သူ၏ ဘောပင်ဖြင့် ထိုးဖောက်ထားသဖြင့် အမည်းစက်များ ထင်လျက်ရှိကြောင်း၊ စိတ်ဆိုးလျှင်ထိုသို့ပြုမူလေ့ရှိကြောင်း အဆိုပါစာအုပ်တွင် ရေးသားထားသည်။

ဝန်ကြီးချုပ်ရုံးကမူ အဆိုပါရေးသား ချက်များသည် အခြေအမြစ်လုံးဝမရှိသော မလိုတမာစွပ်စွဲရေးသားချက်များသာဖြစ်ကြောင်း၊ ၀န်ကြီးချုပ်ဘရောင်းက စိတ်ဆိုးလျှင် သူ့ကိုယ်သူသာ အပြစ် တင်လေ့ရှိကြောင်း ရှင်းလင်းခဲ့သည်။

မေလစောစောပိုင်းတွင် ကျင်းပဖွယ်ရှိသော ဗြိတိန်အထွေထွေရွေးကောက်ပွဲအကြို လူထုသဘောထားစစ်တမ်းများတွင် အာဏာရ လေဘာပါတီသည်ဒေးဗစ်ကင်မရွန်ခေါင်းဆောင်သော အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ၏ နောက်ကလိုက်လျက်ရှိသည်ဟုသိရှိရ သည်။