Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

Local News

ပါကစ္စတန်-စီအိုင်အေဆက်ဆံရေး ပူးပေါင်းတိုးချဲ့မှု

တာလီဘန်ဝါရင့် ခေါင်းဆောင် မူလာအဗ္ဗဒူဂါနီဘာ ရာဒါးကို ဖမ်းဆီးမိစေခဲ့သော စစ်ဆင်ရေးကဲ့သို့ အမေရိကန် ဗဟိုထောက်လှမ်း ရေး (စီအိုင်အေ)နှင့် ပါကစ္စတန် ထောက်လှမ်းရေးအရာရှိတို့ ပူးတွဲဆောင်ရွက်သည့် စစ်ဆင်ရေးမျိုးမှာယခုအခါ တွေ့နေကျ၊မြင်နေ ကျဖြစ်လာခဲ့ကြောင်းပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့မှမကြာမီကာလအတွင်းက အငြိမ်းစားယူခဲ့သောထောက် လှမ်းရေးအရာရှိ တစ်ဦးဖြစ်သူ The Christian Science Monitor သတင်းစာ၏သတင်းထောက်တစ်ဦးအား ရှင်းလင်း ပြောကြားသွားခဲ့သည်။

News 

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စိတ်ကူးထားသောအိမ်မျိုး ဂျပန်တွင် ပေါ်လာ

ထိုအိမ်၏ အမိုးပေါ်မှာ တပ်ဆင်ထားသောနေရောင်ခြည်ခံ မှန်ပြားများနှင့် အိမ်နောက်ဖေးရှိလောင်စာဓာတ်ခဲတို့ကထိုအိမ်ကိုစွမ်းအင် ထုတ်ပေးသည်။လစ်သီယမ်အိုင်ယွန် ဓာတ်ခဲ ကအပိုလျှပ်စစ်ဓာတ်အားကို ထိန်းသိမ်း ပေးသည်။ အခန်းမျက်နှာပြင်ကို အပူပေးရာ၌ ရေနွေးပိုက်လုံးများက နှစ်ဆ တိုးလုပ်ပေးသည်။ ကောင်းမွန်သော ကာကွယ်ပစ္စည်းများက စွမ်းအင်ကို အဘက်ဘက်မှ ချွေတာပေး သည်။

News 

တိုယိုတာက Lexus ထုတ်လုပ်မှု ရပ်ထားမည်

ဂျပန်နိုင်ငံတွင် Sai Sedam နှင့် Lexus HS250h မော်ဒယ်ကားထုတ်လုပ်မှုကို အနည်းဆုံးဖေဖော်ဝါရီ ၂၀ ရက်အထိရပ်ဆိုင်းထား သည်။ သို့သော် ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်လုပ်မှုပြန်စ မစကိုမူ မဆုံးဖြတ်ရသေးဟု တိုယိုတာက ပြောခွင့်ရအမျိုးသမီး မီကို အိုင်ဝါဆာကီက ပြောသည်။

News 

တရုတ် (တိုင်ပေ) မှ ဖော်မိုဆာကုမ္ပဏီ ဗီယက်နမ်၌ သံမဏိစက်ရုံထောင်မည်

တရုတ်(တိုင်ပေ)၏ အကြီးဆုံးစက်မှုလုပ်ငန်းစုကြီးတစ်ခု ဖြစ်သော Formosa Plastics Group သည် ဗီယက်နမ် နိုင်ငံ၌ သံမဏိစက်ရုံ တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြောကြားသည်။ ဒေသဆိုင်ရာ မီဒီယာများကမူ ၎င်းအစီအစဉ် အတွက် အမေရိကန် ဒေါ်လာ သုံးဘီလျံကျော် သုံးစွဲနိုင်ကြောင်း ဖော်ပြကြသည်။

News 

၁၉၆၄ တိုကျိုအိုလံပစ်မှ ၂၀၁၆ အိုလံပစ်ဆီသို့

ကော်ဖီဆိုင်မှာကပ်ပူချီနိုကော်ဖီမှာသောက်ရင်း အပျင်းပြေကစားဖို့ကြောင်လေးတစ်ကောင် ငှားလို့ရတာ၊ ဒါမှမဟုတ် စက်ရုပ်ကို ခေါက်ဆွဲပြုတ်ခိုင်းလို့ရတာ ဒါမျိုးတွေ တိုကျိုမှာပဲ ရှိပါတယ်။ တိုကျိုဟာ ၁၉၆၄ အိုလံပစ်ပွဲကို လက်ခံကျင်းပပြီး ကတည်းက အံ့ဖွယ် သရဲ တိုးတက်လာခဲ့ပါတယ်။ အဲဒီတုန်းကတော့ အစိုးရက စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် သက်သေထူဖို့ ကျည်ဆန် ရထားကို စတင်မိတ်ဆက်ခဲ့တာပေါ့။

News 

ဟေတီငလျင်အပြီး ၀မ်းနည်းကြေကွဲဖွယ်နေ့ကျင်းပ

အခမ်းအနားကို ထိုအိုးမဲ့အိမ်မဲ့များ ကြည့်ရှုနိုင်ရန်အတွက် မြို့တွင်း အနှံ့အပြား၌ ရှိနေကြသော အိုးမဲ့အိမ်မဲ့ စခန်းအချို့၌ ကြီးမား သော ဖန်သားပြင် ကြီးများကို တည်ထောင်ပေးရန် အစိုးရက စီစဉ်ခဲ့သည်။ သေဆုံးသူများကို အလေးပြုသောအားဖြင့် အနက်ရောင်၊ သို့မဟုတ် အဖြူရောင် အ၀တ်အစားများ ၀တ်ဆင်ကြရန်လည်း အစိုးရက တိုက်တွန်းခဲ့သည်။

News 

ဗြိတိသျှဝန်ကြီးချုပ်ဘရောင်း၏ အနိုင်ကျင့်စရိုက်ကို ဖော်ထုတ်

နိုင်ငံရေးသတင်းထောက် အင်ဒရူး ရောင်စလေရေးသော စာအုပ်တွင် ၀န်ကြီးချုပ် ဘရောင်းသည် ၀န်ထမ်း တစ်ဦး၏ ကုတ်အင်္ကျီ ရင်ဘတ်အဖုံးစကိုဆွဲဆုပ်၍ ၀န်ထမ်းကို အော်ဟစ်ငေါက် ငမ်းခဲ့ကြောင်း၊သတင်းဆိုးကိုကြားရပြီးနောက် ကားရှေ့ထိုင်ခုံ၏ နောက်မှီ ကို လက်သီးဖြင့်ထိုးပြီး သူ၏အကြံပေးများကို အထပ်ထပ်အခါခါ ဆဲရေးကြိမ်း မောင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။News 

စပါးနှင့်ပဲ ဈေးကောင်းသဖြင့် လယ်သမားတို့ဘ၀ ပုံမှန်လည်ပတ်

"လယ်စရိတ်တွေအတွက် တစ်ဧကကို တစ်သောင်းနှုန်း လယ်ယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ပေးပါတယ်။ အတိုးက တစ်ကျပ်ခွဲနှုန်းပါ။ ပြည်ခိုင်ဖြိုးကလည်း ဒီနှစ်မှာ ငွေလာ ချေးပေးပါတယ်။ တကယ်က လယ်စရိတ်က မိုး စပါး ဆိုရင် တစ်ဧကကို ငွေတစ်သိန်းဝန်းကျင် ရှိပါတယ်။ နွေစပါးဆိုရင်တော့ မျိုးပိုသုံးရတာ၊ အစာပိုကျွေးရတာ၊ ရေတင်ရတာတွေ ပိုလာလို့ စရိတ်နှစ်ဆ ........."

News

Local News

သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက် မည်ဟု ဗြိတိန်သံအမတ်ကြီးပြောကြား

"မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံ ရေးအရရော၊ စီးပွားရေးအရပါ အဓိကကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်လောက်တဲ့ အလား အလာတွေ အများကြီးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ် ပါတယ်။ အခုရရှိထားတဲ့ အောင်မြင်မှုတွေထက် ပိုမိုရရှိနိုင်တဲ့ စီးပွားရေး အင်အားလည်း ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့လိုတဲ့ နိုင်ငံရေးပြဿနာ တွေက ရှိနေသေးတယ်။ ကျွန်တော်ဒီမှာရှိနေတဲ့အချိန် အတောအတွင်း မှာ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားခြင်းကို ဖျက်သိမ်းပေးနိုင်မယ် ဆိုရင်တော့ သိပ်ကောင်းမှာပေါ့လေ"News

» သတင်းအပြည့်အစုံသို့..
Teabrake
မီးမီးခ

သင်္ကြန်မှာ ဘာလီကျွန်း သွားမယ့် ရွှေစင်

မိတ်ဆွေစစ်ဆိုတာ

စတင်ခြင်း

ထိုင်း ပဲကြာဆံသုပ်

ဆံနွယ်တွေ အပူဒဏ်မခံရဖို့

တင်သွင်းဘိလပ်မြေများ နှစ်ဆန်းပိုင်းတွင် ၀ယ်လိုအားကြောင့် ဈေးမြင့်မား

"အခုအချိန်က ပွင့်လင်းရာသီဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေက ၀ယ်လိုအားများတဲ့အတွက် ဈေးမြင့် လာတာဖြစ်ပါတယ်။ ထိုင်းကတင်သွင်းတဲ့ ဆင် တံဆိပ် ဘိလပ်မြေဆိုရင် ဇန်န၀ါရီလဆန်းမှာ တစ်အိတ်ကို ကျပ် ၅,၈၀၀ ကနေ ဖေဖော်ဝါရီလလယ်မှာ ကျပ် ၇,၂၀၀ အထိ တက်သွားပါတယ်။ စိန်တံဆိပ်လည်း ၇,၄၀၀ လောက် ဖြစ်သွားပါတယ်"

News

Local News

အင်းငါးထုတ်လုပ်မှုတိုးတက်လာရန် ဘီလားငါး တိုးချဲ့ မွေးမြူသင့်

ဘီလားငါးမျိုးမှာ ရေနက်ကွင်းများတွင် အစာ မကျွေးဘဲ သဘာဝအတိုင်း ကြီးထွားတတ်သည့် ငါးမျိုးများဖြစ်ပြီး မိမိနေရာကိုသိကာ မျိုးချန် မွေးမြူရသည့် ငါးမျိုးများဖြစ်သည်။ "ထိုင်းနိုင်ငံမှာ ဘီလားမွေးကန် နှစ်ကန် လေ့လာခဲ့ပြီး တစ်ကန်ကို ဧက ၃၀ ခန့်ကျယ် တယ်။ ကန်အတွင်း အသေးဆုံး ဂရမ် ၁၀၀ အရွယ်ထားရှိပြီး စုစုပေါင်း ငါး ကီလိုဂရမ် ၆၀၀ ခန့် မွေးမြူထားရှိတယ်"

News

» သတင်းအပြည့်အစုံသို့..

ရေခဲဈေး ယမန်နှစ်ကထက် မမြင့်တက်နိုင်ဟုဆို

"ဒီနှစ်အနေအထားက ခန့်မှန်းဖို့ နည်းနည်းတော့ စောနေသေးတယ်။ ဒါပေမယ့် အသစ်ဆောက်တဲ့ စက်တွေ နဲ့ ထုတ်လုပ်မှုပိုများအောင် တိုးချဲ့လာတဲ့ စက်တွေလည်း ရှိလာတာကြောင့် ဒီနှစ် ရေခဲဈေးက မနှစ်ကထက်တော့ ဈေးမများနိုင်ဘူးလို့ ထင်တယ်။ နောက်ပြီး အသစ် တိုးချဲ့တဲ့လူတွေက အတွေ့ အကြုံအရ လျှပ်စစ်မီးအခက်အခဲ ......"News

Local News

ပန်းချီဆေးရေးချည်ထည်များ လူကြိုက်များလာလျက်ရှိနေ

"လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်း ကပန်းချီ ဆေးရေးအထည်တွေ စပေါ်ခဲ့ပေမယ့် ချက်ချင်း ခေတ်စားလာတာမဟုတ်ပါဘူး။ အဲဒီတုန်းက ထုတ်လုပ်တဲ့သူလည်းနည်းပါသေးတယ်။ ပစ္စည်း ရှားပြီး ဈေးနှုန်းလည်း များပါတယ်။ ကျော်ကြားတဲ့သူတွေ၊ ငွေကြေး တတ်နိုင်တဲ့သူတွေ အော်ဒါမှာပြီး သီးသန့်ဝတ်ကြတာမျိုးပဲ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ထုတ်တဲ့သူများလာပြီး အများသုံးဖြစ်လာတာကြောင့် ဈေးနှုန်းလည်း သက်သာလာပါတယ်။ News

» သတင်းအပြည့်အစုံသို့..

ရိုးရာဓလေ့ကို ဖက်တွယ်ရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြသူတွေ

"အန်တီတို့အမေလက်ထက်အထိတော့ ထိုးကြသေး တယ်။ အန်တီတို့ လက်ထက်က စပြီးတော့ ပါးရဲထိုးတဲ့ အလေ့အထကမရှိတော့ဘူး။ အခု မျက်နှာမှာ ပါးရဲထိုး ထားတဲ့သူတွေက အသက်အရွယ်အားဖြင့်လည်းကြီးလာ ကြပြီ။ နောင်ငါးနှစ် ၁၀ နှစ်အတွင်းမှာ ဆိုရင်တောင် ဒီလို ရိုးရာဓလေ့အရ ပါးရဲထိုးထားတဲ့သူတွေကို ....." News

Local News

ချိုးကြော် ရွရွလေး

"ညကတည်းက ရှမ်းဆန်ကို ရေစိမ်ရတယ်။ မနက်စောစောထပြီး ဆန်ကို ပေါင်းပါတယ်။ အငွေ့ထောင်းထောင်း ထနေတဲ့ ရှမ်းဆန်ပေါင်း ပူပူလောင်လောင်ကို အေးအောင် စောင့်မနေဘဲ လက်ဖ၀ါးနှစ်ဖက်နဲ့ အပါးဝိုင်းလေးတွေ ရအောင်ဖိပြီး အ၀ိုင်းပုံရအောင် ပုံသွင်းရတယ်။ ပြီးမှ နေပူပူမှာ နှစ်ရက်လောက် နေလှန်းပြီးမှ ကြော် ရတာ"

News

» သတင်းအပြည့်အစုံသို့..

မြန်မာပြည်က ဘောလုံးချစ်စိတ်ကိုမှ ချစ်မိနေ

"ကျွန်တော်ဒီကိုရောက်တာ ငါးလရှိပြီး ဒီနိုင်ငံမှာ ဘောလုံးစွမ်းပကားတွေ အများကြီးရှိနေတာလည်း တွေ့ပြီးပါပြီ။ မြန်မာနိုင်ငံက ဘောလုံးဆိုအရူးအမူးပဲ လေ။ ရန်ကုန်ယူနိုက်တက်အသင်းကိုကျွန်တော်နည်းပြ နေတာပါ။ ပိုင်ရှင်ကတော့ ဦးတေဇနဲ့သူ့သား ဖြိုးတေဇ ပါ။ သူ့တို့ရဲ့ မျှော်မှန်းချက်၊ သူ့တို့သွားချင်တဲ့နေရာ၊ သူတို့ရယူဖို့မျှော်လင့်ထားတဲ့ အောင်မြင်မှုကပဲ ကျွန်တော့ကို ဒီမှာ ရှိစေတာဖြစ်ပါတယ်။....News

Local News

တောင်ကိုရီးယား ရွှေခြောက်ခု အထိရ

ဖေဖော်ဝါရီ ၂၃ ရက်က ကနေဒါနိုင်ငံ၊ ဗန်ကူးဗား မြို့တွင် ကျင်းပသော ဆောင်းရာသီအိုလံပစ်အမျိုး သမီးဖစ်ဂါး စကိတ်တင်းပြိုင်ပွဲတွင် ရွှေဆုရသွား သော တောင်ကိုရီးယားမှ ကင်ယူနာ ယှဉ်ပြိုင် နေစဉ်။ ၎င်းသည် ကမ္ဘာ့ချန်ပီယံဆုရရှိထားပြီး အိုလံပစ်ရွှေဆုကိုလည်း ၂၂၈ ဒသမ ၅၆ မှတ်ဖြင့် ရရှိသွားသည်။ News

» သတင်းအပြည့်အစုံသို့..

ချီလီငလျင်နှင့် ဆူနာမီကြောင့် ၇၀၀ ကျော်သေ

ချီလီငလျင်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့တွင် ၇၀၀ ကျော် သွားပြီဖြစ်ကြောင်း၊ ကယ်ဆယ်သူများသည် အသက်မသေဘဲ ရှင်ကျန်နေ သူများကို ရှာဖွေလျက်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသ တွင် ပင်လယ်ရေလှိုင်းကြီးများတက်လာပြီး အိုးအိမ်များ ကို ဆွဲချသွားကြောင်း၊ ဆူနာမီဖြစ်လာမည့်အရေးကို ကြိုတင် သတိမပေးနိုင်၍ အစိုးရက ပြည်သူလူထုကို တောင်းပန်ခဲ့ကြောင်းသိရှိရသည်။

Local News

ဂရိနိုင်ငံ အကျပ်အတည်း အိုင်အမ်အက်ဖ် ကူညီနိုင်ပါ့မလား

ဥရောပတိုက်က မြေထဲ ပင်လယ်ကမ်းခြေနိုင်ငံလေးတစ်နိုင်ငံ ဖြစ်တဲ့ ဂရိနိုင်ငံဟာ အကြီးအကျယ် ပြဿနာနဲ့ကြုံတွေ့ နေရတယ်။ ဥရောပ တလုံးတစည်းဖြစ်ရေး မဟာအခွင့်အရေး တွေဟာ သူ့အဖို့ အချည်းနှီးပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဘဏ်အတိုး နှုန်းနည်းမှု၊ ရက်ရက်ရောရာ သုံးဖြုန်းခဲ့မှု၊ အစိုးရ ဘတ်ဂျက်လိုငွေပြမှုပိုများလာမှုတွေဟာ အစိုးရ ရဲ့အကြွေးတွေကို အန္တရာယ်ရှိတဲ့ အထိ ရောက်လာစေတယ်။News

» သတင်းအပြည့်အစုံသို့..