
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပါကစ္စတန်ရေဘေး ကလေးခြောက်သန်း ဒုက္ခရောက်နေ
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ကုလသမဂ္ဂ အတွင်းရေးမဈးချုပ် ဘန်ကီမွန်း။ဓာတ်ပုံ-အေအက်ဖ်ပီ
နောင်းရှေရာ(ပါကစ္စတန်)-ပါကစ္စတန်ရေလွှမ်းမိုးမှုဘေးကြောင့် ကလေး ငယ်ခြောက်သန်းဘေးဒုက္ခရောက်ကြသည်။ ပါကစ္စတန်နိုင်ငံတွင် အဆိုး ရွား ဆုံးသော သဘာဝ ဘေးအန္တရာယ်များ အနက် တစ်ခုဖြစ်သည့် ဤ ရေလွှမ်းမိုး မှုတွင် ကလေး သူငယ်များသည် ပျောက် ဆုံးနေရ၊ မိဘမဲ့ ဖြစ်ကြရ၊ ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်နေကြသည်။
အစိုးရစာသင်ကျောင်းများနှင့်ကောလိပ်များ၌ ဖွင့်လှစ်ထားသော ကယ် ဆယ်ရေးစခန်းများ၊ မြို့ရွာများ၊ကားလမ်းအစွန်အဖျားများတွင် ဖွင့်လှစ် ထားသော ရွက်ထည်တဲ ဒုက္ခသည် စခန်းများမှ ကလေးငယ်များသည် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေကြသည်။ မသန့်သည့်သောက်ရေ ကြောင့်လည်း နေထိုင်မကောင်း ဖြစ်နေကြသည်။ အလုပ်ရှာသည့် ကလေးများ ကလည်း အလုပ်ရှာနေကြသည်။
"ဒီနေ့ရက်တွေက ကျွန်မဘ၀မှာ အဆိုးရွားဆုံးနေ့ရက်တွေပဲ"ဟု ၀မ်းပျက် ၀မ်းလျှောရောဂါဒဏ်ကို ခံစားနေရ သော အသက် ၁၅ နှစ် အရွယ် အီလ် တပ်ဇ်ဘီဂမ်က ပြောသည်။ ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်း နောင်းရှေ ရာမြို့စွန်ရှိ ရွှံ့ထူသော အစိုးရရွက်ထည် တဲတစ်ခုအတွင်း သူသည် ခြေဆန့်၊ လက်ဆန့်နှင့် ရှိနေသည်။
"ရာသီဥတုက ကျွန်မတို့ရဲ့ဘ၀တွေ ကို ဒုက္ခရောက်စေပါတယ်။ ကျွန်မရဲ့ မျက်မမြင်မိခင်ကြီးကို ဒီအတိုင်းပဲ ထား ခဲ့ရတယ်။ ကျွန်မရဲ့ အဖေ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆုံးသွားပြီးကတည်း က အမေ့ကို စောင့်ရှောက်မယ့်သူ မရှိဘူး"ဟုလည်း ၎င်းကပြောသည်။
ရွက်ထည်တဲများနှင့် တည်ဆောက်ထားသည့် ဒုက္ခသည်စခန်းများတွင် လျှပ်စစ်မီးလည်း မရှိပေ။ မိုးကတော့ မရွာတော့ပေ။ သို့သော် လည်း အပူရှိန်နှင့်စိုထိုင်းမှုကတော့ ရှိနေသေးသည်။ ယင်ကောင်များကလည်း တ၀ီဝီပျံသန်း နေသည်။ ကျင်ငယ်နှင့် မစင်နံ့ကလည်း စခန်းတစ်ခုလုံး နံစော်နေသည်။
အီလ်တပ်ဇ်လိုမိန်းကလေးများသည် ကုလသမဂ္ဂအကူအညီကို ခံစားနေရ သော သမုဒ္ဒရာထဲမှ ရေတစ်ပေါက်လို ပါပဲ။ ကုလသမဂ္ဂ၏ အကြီးမားဆုံးသော အကူအညီပေးရေးလုပ်ငန်းကြီး တစ်ခုကို ထိုဒုက္ခသည်များအတွက် ဆောင်ရွက်ပေးနေသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ပါကစ္စတန်နိုင်ငံမှ ရေဘေးဒုက္ခသည်နေရာဒေသများကို ဩဂုတ် လ ၁၅ ရက်နေ့က သွားရောက်ကြည့်ရှု ခဲ့သည်။ လူသန်းပေါင်းများစွာ ၎င်းတို့၏အလုပ်ပျက် အကိုင်ပျက်ဖြစ်နေကြသည်ကိုတွေ့ခဲ့ရ၍ ၎င်းသည် အကြီး အကျယ်စိတ်ထိခိုက်ခဲ့ရသည်။လူပေါင်း သန်း ၂၀ ရေဘေးဒဏ်ခံစားနေရသည် ဟု ပါကစ္စတန်နိုင်ငံက ကြေညာသည်။
"လူအများအပြားဟာ သူတို့ရဲ့မိသားစုတွေ၊မိတ်ဆွေတွေ ဆုံးရှုံးခဲ့ရတယ်။ လူအများအပြားဟာ သူတို့ရဲ့ကလေးတွေ၊ ချစ်ခင်ရတဲ့သူ တွေ ဒီ အခြေအနေမှာ အသက်ရှင်ကျန်မနေ ကြမှာကို ပိုစိုးရိမ်ကြတယ်"ဟုလည်း မစ္စတာဘန်ကီးမွန်းက ပြောကြားသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့(ယူနီဆက်ဖ်)၏ ပြောရေးဆိုခွင့်ရှိ သူဆမီဗ္ဗဒူမာလစ်က ရေလွှမ်းမိုးမှုဘေးဒဏ်ကိုကလေးငယ် ခြောက်သန်းခံစားနေရသည်ဟုပြောသည်။ အာဟာရဓာတ်ချို့တဲ့မှုနှင့် တခြားရောဂါများမ၀င်နိုင်အောင်စွမ်းအားမြှင့်သည့်ဘီစကွတ် မုန့်များကို ကလေးများအား ဝေပေးနေသည်ဟုလည်း ၎င်းကပြောသည်။
"ကလေးငယ်တွေဟာ အလွယ်တကူ ဒုက္ခများနိုင်တယ်။ သူတို့ရေငတ်တာကို သည်းမခံနိုင်ဘူး။ ရရာရေကို သူတို့ သောက်မှာပဲ။ ရေ ကြောင့်ဖြစ်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါကို သူတို့ရကြတယ်။ ၀မ်းရောဂါ၊ငှက်ဖျားရောဂါ နဲ့ တခြားရောဂါတွေလည်းဖြစ်လာနိုင်တယ်" ဟုလည်း ၎င်းကပြောသည်။
ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှရေလွှမ်းမိုးခံရသည့်အိမ်များမှ လူများသည် ဆပ်ကာမြို့အနီးရှိ ရွက်ထည်တဲများနှင့် တည်ဆောက်ထား သော စခန်းများသို့ ဦးတည်သွားကြသည်။ အစွန်အဖျား ကာရမ်ပူရွာမှ ၁၄နှစ်သားအရွယ် အဗ္ဗဒူဂနီလည်း ထိုသို့ပြေးသည့်အထဲတွင် ပါဝင်သည်။ သူသည် မိဘမဲ့ ကလေး မောင်နှမ ခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။"မနှစ်က ကျွန်တော့ မိဘတွေဟာ ခြောက်လ သာ ခြားပြီး ကွယ်လွန်သွားကြပါတယ်။
"ဘ၀ဟာ သိပ်ခက်ခဲကြမ်းတမ်းလွန်း လှပါတယ်။ အခု ကျွန်တော်တို့ ကံဆိုး မိုးမှောင်ကျနေပါတယ်။ ကျွန်တော့ရဲ့ လေးနှစ်အရွယ် ညီမလေးကတော့ ငတ်နေတယ်။ ဖျားလည်းဖျားနေတယ်။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာလည်းမသိဘူး၊ဘယ်သွားရမလဲဆိုတာ လည်း မသိဘူး။ ကျွန်တော်တို့ကို ကူညီမယ့်သူ ဘယ်သူမှမရှိဘူး"ဟု ၎င်းကပြောသည်။