Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တောင်တရုတ်ပင်လယ်တွင်းမှ ပြဿနာ 'ကန်' လက်ရှောင်သင့်

(မြန်မာတိုင်း(မ်)-အင်္ဂလိပ်စာစောင်)
တီအေ ဘာသာပြန်သည်။
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ဘန်ကောက် - ဒေသတွင်းက ခေါင်းဆောင်တွေ ဆိုရိုးစကားလေးတစ်ခုကို ပြန်လည်အမှတ်ရဖို့ အချိန်ရောက်ပြီ၊၊ဆင်နှစ်ကောင်တိုက် တဲ့ကြားက မြေစာပင်မချမ်းသာဆိုတဲ့စကားပေါ့။ (မြန်မာ့ဆိုရိုးစကားက ကျွဲနှစ်ကောင်ကြား မြေစာပင်မချမ်းသာတဲ့။)

နိုင်ငံကြီးနှစ်နိုင်ငံပဋိပက္ခဖြစ်ရင် ဆယ်စုနှစ်ပေါင်းများစွာကတည်းကနိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့အတွက်သူတို့အိပ်မက်တွေဟာပျက်ပြားသွား လိမ့်မယ်။ သူတို့ နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေလည်း အကြီးအကျယ်အန္တရာယ်ရှိတယ်။

ဒါဟာ ပိုပြောတယ်လို့သင်ထင်ရင် မကြာခင်ကကျင်းပခဲ့တဲ့ အာဆီယံဒေသ ဆိုင်ရာ ညီလာခံတစ်ခုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောသွားတဲ့ စကားကို ကြည့်ပါ။ တောင်တရုတ် ပင်လယ်ထဲက နယ်မြေ အငြင်းပွားမှုဟာ ပိုဆိုးလာမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုက တိုက်ရိုက် ပါဝင်စွက်ဖက်ရလိမ့်မယ်လို့ ဆူပူရန် လှုံ့ဆော်ပြောကြားသွားတယ်။

ဝါရှင်တန်မှာ သူ့ရဲ့ ပေါက်ကွဲစေနိုင်တဲ့ပြောကြားချက်ကို ဒေသတွင်းတရုတ် တို့ရဲ့ ရည်မှန်းချက်ကို အာခံပြောကြား လိုက်တယ်လို့ မြင် ကြတယ်။

အဲဒီလို ပြောကြားချက်ကို ပေကျင်းက အတော်လေး ဒေါသထွက်တယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ ကလင်တန်ရဲ့ မှတ်ချက်ကို တရုတ် ပြည်အပေါ် 'တိုက်ခိုက်မှု'နဲ့ 'အလွန်စိတ် မကောင်းစရာ ကိစ္စတစ်ခု' အဖြစ် ဖော်ပြလိုက်တယ်။

တောင်တရုတ်ပင်လယ်က ပဋိပက္ခ ကို အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံ တကာ ပြဿနာဖြစ်အောင် လုပ်လာ ရင် အခြေအနေတွေက ပိုဆိုးသွား မယ်။ ဖြေရှင်းရလည်း ပိုခက်သွားမယ် လို့ ယန်က ပြောကြားတယ်။ သူပြော တဲ့အချက်နှစ်ချက်စလုံး မှန်ပါတယ်။

နိုင်ငံငယ်ကလေးတွေ တစ်သက်လုံး သေရာပါဒဏ်ရာ ရသွားစေနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ မဖြစ်မီ အမေရိကန်ပြည်ထောင်စုက ဒီပြဿနာမှာ ၀င်မစွက်သင့်ဘူး။ ဒါဟာ အမေရိကန်ဝါဒကို ဆန့်ကျင်တာမဟုတ်ဘူး။ ဒေသတွင်း ပြဿနာကို ဒေသတွင်းကနိုင်ငံတွေ ပဲ ဖြေရှင်းဖို့ မေတ္တာရပ်ခံတာပါ။

တရုတ်ကလည်း အလားတူ နယ်မြေ ပြဿနာဖြစ်တဲ့ ဂွမ်တာနာမို ပင်လယ်အော် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ကျူးဘား နဲ့ အမေရိကန် ပြည်ထောင်စုကြား ၀င်စွက်လာမယ်ဆိုရင် ၀ါရှင်တန်က အကြီးအကျယ် ဒေါသထွက် လိမ့်မယ်။ ဒီလိုပဲပေါ့၊ တောင်တရုတ်ပင်လယ် ပြဿနာကို အရေးဆိုနေတဲ့ ခြောက်နိုင်ငံဖြစ်တဲ့ တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ တရုတ်(တိုင်ပေ)တို့ပဲ ဖြေရှင်း ကြပါစေပေါ့။

ဒီအထဲမှာ အဓိက နှစ်နိုင်ငံကတော့ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံပဲ။ ဗီယက်နမ်နိုင်ငံက ၎င်းရဲ့ ကမ်းလွန် ရေပိုင်နက်မှာရှိတဲ့ ပါရာဆယ်နဲ့ စပရက်တလေကျွန်းစုတွေကို သူပိုင်တယ်လို့ အရေးဆိုထားတယ်။ အဲဒီဒေသဟာ ငါးလည်းပေါများတယ်။ ရေနံနဲ့ ဓာတ်ငွေ့သိုက်ကြီး လည်း ရှိတယ်။

တရုတ်က ဒီထက်တောင် ပိုသေး တယ်။ တောင်တရုတ်ပင်လယ်တစ်ခု လုံးကို သူပိုင်တယ်လို့ အရေးဆိုထား တယ်။ ဒီဒေသဟာ သူ့ နိုင်ငံလုံခြုံရေး အတွက် သိပ်အရေးကြီးတယ်။ နိုင်ငံ တကာဝင်ရောက်စွက်ဖက်မှုကို မခံနိုင် ဘူးလို့လည်းဆိုတယ်။ ဒါကို ၀ါရှင်တန်က လက်မခံနိုင်ဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စကော့မာစီယယ်က ကုန်းမြေနဲ့တိုက်ရိုက် ဆက်စပ်မှုမရှိတဲ့ ဒီဒေသကို တရုတ်က သူပိုင် တယ်လို့ အရေးမဆိုနိုင်ဘူးလို့ ပြောတယ်။ အဲဒီလို ရေကြောင်း ပိုင်ဆိုင်မှု အရေးဆိုတာဟာ နိုင်ငံတကာ ဥပဒေနဲ့လည်း မညီဘူး လို့ လည်း ပြောတယ်။

အမေရိကန်ပြည်ထောင်စုဟာ ကုလ သမဂ္ဂပင်လယ်ပြင်ဆိုင်ရာ ဥပဒေသဘောတူညီချက်ကို လက်မှတ်မထိုးသေးတဲ့ မဟာအင်အား ကြီးနိုင်ငံ တစ်နိုင်ငံဖြစ်တာကလွဲရင် အားလုံးကောင်းပါတယ်။

တစ်ချိန်တည်းမှာပဲဝါရှင်တန်နဲ့ဟနွိုင်းဟာ ၎င်းတို့နှစ်နိုင်ငံကာကွယ်ရေးဆက်ဆံမှုကို ခိုင်မြဲအောင်ပြုလုပ်နေကြတယ်။ ယခုနှစ်အကုန် လောက်မှာ ပထမဦးဆုံးအကြိမ် နှစ်နိုင်ငံအဆင့်မြင့် စစ်တပ်အရာရှိကြီးများ ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်တယ်။

အခုလည်း ကလင်တန်ရဲ့ ဒေါသထွက်စရာ ပြောကြားချက်ထွက်ပေါ် လာတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဗီယက်နမ်နဲ့ မဟာ ဗျူဟာ လုပ်ဖော်ကိုင်ဖက်အဖြစ် လုပ်ဆောင်ပြီး ပင်လယ်ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ရအောင် အခြေအနေဖန်တီးယူ နေတယ်။ အငြင်းပွားနေတဲ့ ပင်လယ် ကမ်းလွန်ကျွန်းစုပြဿနာမှာ အမေရိကန်က ဟနွိုင်းဘက်မှ ရပ်တည်ပြီး တိုက်ခိုက်မှု တစ်ခု ပြုလုပ်လာတယ်လို့ ပေကျင်းက တံဆိပ်တပ်တယ်။

ဝါရှင်တန်က ဩဇာတိက္ကမကြီးတဲ့ ဇူလိုင်လ ၂၇ ရက်နေ့ထုတ် 'နယ်လ်ဆင်ရီပို့တွင် "အမေရိကန်နဲ့ တရုတ် ပြည်ဟာ မဟာဗျူဟာ ပဋိပက္ခရဲ့ချောနေတဲ့ ဆင်ခြေလျှောပေါ် ပိုမိုရောက်ရှိနေကြပြီ"ဟု ဖော်ပြခဲ့တယ်။

အမှန်စင်စစ် ဆင်ကြီးနှစ်ကောင်ဟာ မိမိတို့ ရပ်တည်မှုအတွက် အပြေးပြိုင်နေကြတယ်။ ဗီယက်နမ်နိုင်ငံအတွက်ရော၊ ဒေသတွင်းရှိ အခြားနိုင်ငံများအတွက် ပါ ကြောက်စရာကောင်းတဲ့ အလား အလာမကောင်တဲ့ နိမိတ်ဖြစ်တယ်။

(ရော်ဂျာမစ်တန်သည် အာရှနိုင်ငံရေးကို လေ့လာစောင့်ကြည့်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်း လေးခုကျော်ရှိပြီဖြစ်သည်။ သူသည် ဘန်ကောက်အခြေစိုက် မြန်မာတိုင်း(မ်)၏ ဒေသဆိုင်ရာ သတင်းထောက်တစ်ဦးလည်းဖြစ်သည်။)