Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

နေပြည်တော်တွင် အများသုံးဖုန်းဆိုင်များ အသုံးပြုသူနည်းလာ

စုလှိုင်ထွန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

မြန်မာ့ဆက်သွယ်ရေးက ကြိုးဖုန်း များနှင့် မိုဘိုင်းဖုန်းလိုင်းများကို အဆက် မပြတ်ချထားပေးသောကြောင့် အများသုံး ဆက်သွယ် ရေးဖုန်း (ပီစီအို) အသုံး ပြုသူအရေအတွက် လျော့လာပြီး ကတ်ဖုန်းများ၊ စီဒီ အမ်အေဖုန်းများကို စိတ်ဝင်စားမှု ပိုလာကြောင်း ပီစီအိုများနှင့် အိမ်ဖုန်း ဆိုင်များက ပြောသည်။

"လွန်ခဲ့တဲ့တစ်နှစ်ကျော်က ပီစီအို ဖုန်းပြောသူတွေ များတယ်။ စီးပွားဖြစ် ကို ဖုန်းဆိုင်ဖွင့်တဲ့သူတွေ ရှိတယ်။ အ၀င်ရော၊ အထွက်ရော ခေါ်ဆိုသူ များတော့ အလုပ်ဖြစ်တယ်။ ၂၀၀၉ နှစ် လယ်ပိုင်းလောက်က ကြိုးဖုန်း တွေကို ထပ်ချပေးတဲ့နောက်ပိုင်း မိုဘိုင်းတွေပါ သုံးလို့ရလာတယ်လေ။ အဲဒီနောက် ခေါ်ဆိုသူနည်းလာတာပေါ့"ဟု ရွှေ ညောင်ပင်ကားဂိတ်အနီး ပီစီအိုဖုန်း ဆိုင်မှ ၀န်ထမ်းတစ်ဦးက ပြောသည်။

"ကျွန်မ ဒီဂိတ်ကိုရောက်လာတော့ ယာဉ်စည်းကမ်းပြပွဲရှိတော့ နည်းနည်း အလုပ်ပိုဖြစ်တာပေါ့။ ကျန်တဲ့အချိန် တွေက ခပ်ပါးပါးပဲ"ဟု ဆင်ရတနာ မီးပွိုင့်အနီးရှိ ပီစီအိုဖုန်းဆိုင်မှ ၀န်ထမ်း တစ်ဦးက ပြောသည်။

နေပြည်တော်၊ ပျဉ်းမနားတွင် ကြိုးဖုန်းများကို ယမန်နှစ်က ရပ်ကွက်အလိုက် ထပ်မံချထားပေးခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ၁၅ သိန်းတန် စီဒီအမ်အေဖုန်း၊ ကတ် ဖုန်းများအပြင် ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ငါးသိန်းခွဲတန် စီဒီအမ်အေဖုန်းလိုင်းများကို ချထားပေးခဲ့သည်။

"ကျွန်မတို့ ဖုန်းဆိုင်မှာတော့ အချိန် ပြည့်ပြောမယ့်လူ ရှိပါတယ်။ နေရာက လည်း စီးပွားရေးလုပ်သူတွေရော၊ အလှ ပြင်ဆိုင်တွေပါ ရှိတော့ ကျမသွားပါဘူး။ အရင်နှစ်လယ်ပိုင်းကတော့ နည်းနည်းကျဲသွားသေးတယ်။ လပိုင်းလောက်ပါ" ဟု ပေါင်းလောင်း(၃) ရပ်ကွက်မှ အိမ်ဖုန်းဆိုင်တစ်ဆိုင်မှ သိရသည်။