Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ကျောင်းစာကြိုတင် လေ့ကျင့်ပေးသော မူကြိုများကို စိတ်ဝင်စားမှုပို

စုလှိုင်ထွန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

နေပြည်တော် ပျဉ်းမနားတွင် ကလေး ထိန်းမူကြိုများထက် မူလတန်းဖတ်စာ ကို ကြိုတင်လေ့ကျင့် သင်ကြားပေးသော မူကြိုများ ကိုသာ မိခင်များက ရွေးချယ် အပ်နှံမှုများလာသည်ကို တွေ့ရသည်။

မူကြိုအများစုတွင် ကလေးများကို ပျော်ရွှင်အောင်ထားပေးကာ ကစားနည်းမျိုးစုံနှင့် မြန်မာအင်္ဂလိပ် ကဗျာများကို နှုတ်တိုက် သင် ပေးပြီး လိမ္မာယဉ် ကျေးအောင်သင်ပေးခြင်းက အဓိက ဖြစ်သော်လည်း ပညာခေတ်သို့ရောက်ရှိ လာသောကြောင့် ကလေးများ စကား ကြွယ်ရန်အပြင် သူငယ်တန်းစာများကို ကြိုတင်လေ့ကျင့်ပေးနိုင်သည့်မူကြိုများကိုသာ ရွေးချယ်ထားလာကြသည်။

"သမီးလေးက သုံးနှစ်ခွဲကျော်ပြီလေ။ ပထမဆုံးထားတာတော့ ကဗျာလေးတွေနဲ့ ကစားတာတွေကိုပဲ သင်ပေးတဲ့ ကလေးထိန်း မူကြို လေးပါ။ ခုဆိုသူ ကိုယ်တိုင် စာရေးချင်တဲ့စိတ်လေးရှိ တယ်လေ။ အဲဒီတော့ ကလေးထိန်း မူကြိုတင်မကဘူး။ သူငယ်တန်းစာတွေကို နည်းနည်းစီမျှသင်ပေးတဲ့ မူကြိုကို ပြောင်းထားပေးလိုက်တာပါ။ ကျောင်းတက်ရင်လည်း သူများကလေးတွေနဲ့ တန်းတူ စာလိုက် နိုင်မှာလေ"ဟု အောင်မင်္ဂလာရပ်ကွက်နေ မိခင်တစ်ဦးက ပြောသည်။

အလုပ်များသော မိဘများက မူလတန်းကျောင်းမတက်ခင် မူကြို အရွယ်ကလေးများကို သုံးနှစ်နီးပါးမှ စကာ မူကြိုကျောင်းများတွင် အပ်နှံပြီး စီးပွားရှာခြင်းကို စိတ်ဖြောင့်စွာ လုပ် ကိုင်နိုင်သည့်အပြင် မိမိသားသမီးက မည်သည့်ဘာသာရပ်တွင် စိတ်ဝင်စားမှု ပိုကြောင်းကို ပုံဆွဲမှတ်စုစာအုပ်များ မှတစ်ဆင့် သိနိုင်သောကြောင့်ကြိုတင် ပြင်ဆင်ပေးမှုများ ပြုလုပ်နိုင်ကြောင်း မိခင်အချို့က ပြောသည်။

"ဒီအလုပ်က ၀ါသနာမပါဘဲနဲ့လုပ် လို့ရတဲ့အလုပ်မဟုတ်ဘူးလေ။ ကိုယ် တိုင်က ကလေးချစ်တတ်၊ ယုယတတ်မှ ကိုယ့်မူကြိုလေးက ရေရှည်ရပ်တည်နိုင် မှာပါ။ ကလေးတွေက ညာလို့မရဘူး။ သူတို့ရဲ့ဉာဏ်ရည်လည်းမှန်းလို့ရတယ်။ ဒီမှာကအသက် သုံးနှစ်ခွဲကနေ ကျောင်း တက်ခါနီး ငါးနှစ်အထိ လက်ခံထားပါတယ်။ သင်တာကိုလည်း လူမှုဝန်ထမ်း ကချမှတ်ထားတဲ့ အသက်အလိုက်သင်ကြား ပုံတွေနဲ့ ဆရာတွေကိုယ်တိုင်ကလည်း မူကြိုအဆင့်ကလေးတွေနဲ့သင့် တော်မယ့် စာအုပ်တွေကိုလည်းလေ့ လာပြီး ထည့်သွင်း သင်ကြားပေးတာတွေလည်း လုပ်ပါတယ်။ ကြီးသူကို ရိုသေလေးစားရမယ်၊ ငယ်သူကိုလည်း ညှာတာဆက်ဆံတတ်ရမယ် စတာ တွေကို သူတို့မှတ်ဉာဏ်က လက်ခံနိုင်မယ့် ပုံစံလေးတွေနဲ့သင်ပေးရတယ်။ ဘုရားရှိခိုးတာကအစပေါ့။ အပေါင်းအသင်းတွေနဲ့လည်း စည်းစည်းလုံးလုံး နေတတ်အောင်လည်းသင်ပေးရတယ်" ဟု 'စံ'မူကြိုကျောင်းမှ ဆရာကြီး ဦးတင်ဝင်းက ပြောသည်။

နေပြည်တော်ပျဉ်းမနားမြို့တွင် လူမှု ၀န်ထမ်းဦးစီးဌာနက အသိအမှတ်ပြုထားသော ပုဂ္ဂလိကမူကြိုသုံးခုနှင့် ၀န်ထမ်းမိသားစုများ အတွက် အစိုးရက ဖွင့်လှစ်ထားသော ရင်သွေးရတနာ၊ နန်းထိုက်ရတနာနှင့် တော်ဝင်ရတနာ စသည့် မူကြိုကျောင်းများမှာ နာမည် ကြီးဖြစ်သည်။ ပုဂ္ဂလိက မူကြိုများထက် အစိုးရကဖွင့်လှစ်ထားသော မူကြိုများတွင် သင်ထောက်ကူပစ္စည်းများအား လှူဒါန်းထား သည့်အတွက် ပိုမိုပြည့်စုံ ကြသည်။

"မူကြိုဆိုတာ သုံးနှစ်ကနေ ကျောင်းနေအရွယ်ထိ ကလေးတွေကိုအပေါင်း အသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပေါင်း သင်းဆက်ဆံ တတ်အောင် ပထမဆုံး သင်ပေးရတာပါ။ နောက်မှကလေးတွေရဲ့ လက်ချောင်းလေးတွေ သန်မာအောင်၊ ကဗျာလေးတွေ ရွတ်တတ် အောင်နဲ့ ပတ်ဝန်းကျင်က သက်ရှိ၊ သက်မဲ့အရာဝတ္ထုတွေကို သိအောင်၊ အရောင်ခြယ်တတ်အောင်၊ နှုတ်ကလည်း ပြောတတ်အောင် အဆင့်ဆင့် သင်ပေးရတယ်။ အဓိကကတော့ မူကြို ကနေ ကလေးတွေကို အသိကြွယ်အောင် သင်ပေးရတာပါ"ဟု နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်က Happy House မူကြိုမှ ကိုဗညားက ပြောသည်။

နေပြည်တော် ပျဉ်းမနားမြို့ရှိ ပုဂ္ဂလိကမူကြိုများသို့ ဆေးကုမ္ပဏီများက ကလေးများနှင့်ပတ်သက်သည့်ဆေးများ၊ ပရဟိတ အသင်း များကလည်း ကိုးကွယ် ရာဘာသာအလိုက် သိသင့်သိထိုက်သည်များကိုလည်း လာရောက်လှူဒါန်း၊ သင်ကြားမှုများလည်း ရှိကြောင်း သိရသည်။

မူကြိုများကလည်းရာသီအလိုက် ပြုလုပ်လေ့ရှိသောအားကစားနည်းများကိုလည်း အလှည့်ကျပျော်ရွှင်ဖွယ်ရာ စီစဉ်ပေးသည်ဟု ဆိုသည်။