Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဒီဇိုင်းဆန်း လက်ဆောင်ပစ္စည်းတွေနဲ့ 'ငွေကံကော်'

စုလှိုင်ထွန်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
News Pic
ငွေကံကော် ဖန်စီစတိုးတွင် ရွေးချယ်ဝယ်ယူနေသူတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ-စုလှိုင်ထွန်း

ဒီတစ်ခါ ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေး မယ့်ဆိုင်လေးက နေပြည်တော် မြို့မ ဈေးက 'ငွေကံကော်' ဖန်စီစတိုးနဲ့ စိန်ရတနာရောင်းဝယ်ရေး ဖြစ်ပါတယ်။

မူဆယ်၊ ရန်ကုန်နဲ့ မန္တလေးက ဖန်စီ ပစ္စည်းတွေကို တိုက်ရိုက်မှာယူ ရောင်း ချသလို ခေတ်ပေါ်ဒီဇိုင်းတွေကို စုံစုံ လင်လင်တင်နိုင်အောင် မဂ္ဂဇင်းတွေနဲ့ ရုပ်မြင်သံကြားတွေကို ကြည့်ပေးရတယ်လို့ ဆိုင်ပိုင်ရှင် မသက်ထားတင် က ပြောပါတယ်။

နေပြည်တော်ကလူငယ်တွေ စိတ်ဝင်စားနေတာက ပန့်ဒီဇိုင်းတွေဖြစ်လို့ ပန့် ဖန်စီတွေကိုလည်း စုံလင်အောင် တင်ထားတယ်လို့ သူက ဆိုပါတယ်။

အရောင်းများတဲ့ ပစ္စည်းနောက်တစ် မျိုးက ကီးချိန်းတွေဖြစ်ပြီး မိုဘိုင်းမှာ တွဲဖက်သုံးလို့ရတဲ့ ကီးချိန်းတွေအပြင် ဖုန်းနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေလည်း အရောင်းသွက်နေပါတယ်လို့ သူက ပြောပါတယ်။

လက်ဆောင်ပေးလို့ကောင်းတဲ့ အရုပ်တွေကတော့ အရွယ်သေးသေးလေးက နေ ခပ်ကြီးကြီးတွေအထိ ပုံစံဆန်းတွေ များတဲ့အတွက် လက်လီရော၊ လက်ကားပါ အရောင်းသွက်ပါတယ်တဲ့။ ခုတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နီးလာပြီဆိုတော့ အမှတ်တရပစ္စည်းလေးတွေ စတင်ရောင်းနေရပါပြီ။

မေ့ထားလို့မရတာတစ်ခုကတော့ မော်ဒယ်လေးတွေရော၊ အပျိုကြီးမမ တွေပါနှစ်ခြိုက်တဲ့ Handmade ပိုက်ဆံ အိတ်လေးပါ မန္တလေးကို အော်ဒါမှာ ရောင်းပေးသလို ဒီဇိုင်းတွေမှာ ပုဂံ ဒီဇိုင်းလည်းပါတာမို့ သုံးစွဲသူတွေ စိတ် ၀င်စားပါတယ်တဲ့။

နောက်ထပ်လည်း နေပြည်တော် ပျဉ်းမနားမှာ 'ငွေကံကော်' ဖန်စီဆိုင် ဖွင့်ဖို့ စီစဉ်နေတယ်လို့ မသက်ထားတင်က ပြောပါတယ်။