Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

နေပြည်တော်-မော်လမြိုင် တိုက်ရိုက်ယာဉ်လိုင်းသစ်ပြေးဆွဲ

ယုယုမော်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၏ နေပြည်တော်အခြေစိုက် တော်ဝင်ယာဉ်လိုင်းမှ နေပြည်တော်-မော်လမြိုင် အဆင့်မြင့် တော်ဝင်ယာဉ်လိုင်းသစ်ကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် မော်လမြိုင်မြို့ မြေနီကုန်း အဝေးပြေးကား ၀င်းမှ စတင် ပြေးဆွဲခဲ့သည်။

အဆိုပါခရီးစဉ်ကို နေပြည်တော်ရှိ ဘောဂသီရိ အဝေးပြေးကားဝင်းမှ တစ်စီးနှင့် မော်လမြိုင် မြေနီကုန်း အဝေးပြေးကားဝင်းမှတစ်စီး နေ့စဉ် ပုံမှန်ပြေး ဆွဲသွားမည်ဟု တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင်က နေပြည်တော်နှင့် မော်လ မြိုင်အကြား တိုက်ရိုက်သွားလာရန် ရထားကိုသာ အားကိုးနေကြရသဖြင့် ခရီးသွား ပြည်သူများ သွားလာရေးပိုမို အဆင်ပြေလွယ်ကူစေရန်ရည်ရွယ်ပြီး တိုးချဲ့ပြေးဆွဲခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

"နေပြည်တော်က ည ၇ နာရီလောက်ထွက်ရင် မော်လမြိုင်ကို မနက် ၈ နာရီခွဲ လောက်ရောက်ပါတယ်။ မော်လမြိုင်က မွန်းတည့် ၁၂ နာရီဆို တစ်စီးထွက်ပါတယ်"ဟု ၎င်းကပြောသည်။