Advertisement at Myanmar Times

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

Local News

ပြည်ပသို့ ဆန်မတင်ပို့မီ အရည်အသွေး သေချာစစ်ဆေးပြီးမှ တင်ပို့သင့်

"ဘာလို့လဲဆိုတော့ မြန်မာပြည်က အဓိကတင်ပို့နေတဲ့ အာဖရိကလို နိုင်ငံကတောင် နောက်ပိုင်းကျရင် အရည်အသွေးထိန်းသိမ်း ခြင်းကိုပဲ ဦးစားပေးတော့မှာ ဖြစ်တယ်။ ဒါ့ပြင် ဘာဖြစ်လာနိုင်သေးလဲဆိုတော့ ISO အသိအမှတ်ပြုတဲ့ စက်တွေနဲ့ ကြိတ်ခွဲထုတ်လုပ် မှပဲ လက်ခံမယ်ဆိုတာမျိုး တောင် ဖြစ်လာနိုင်တယ်။ အာဖရိကလည်း အရင်လို မဟုတ် တော့ဘူး။ တိုးတက်လာပြီ။ ဒါကြောင့် အခု ကတည်းက ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်"

News 

တန်ဖိုးနည်းကုန်များ၏နောက်ကွယ်တွင် လူကုန်ကူးမှုများရှိနေနိုင်

"ဈေးနည်းတဲ့ အလုပ်သမားကို ရတော့ ကုန်ကျစရိတ်သက်သာပြီး ဈေး လျှော့ရောင်းနိုင်တယ်။ ဒီတော့ ပုံမှန် ထက် ဈေးသက်သာတဲ့ တချို့ပစ္စည်း တွေရဲ့နောက်ကွယ်မှာ လူကုန်ကူးခံရ တဲ့လူတွေရဲ့ ချွေးစက်တွေ၊ မျက်ရည် တွေ ရှိနေတယ်။ ဒါဟာ ကိုယ်တိုင်က လည်း လူကုန်ကူးမှုကို သွယ်ဝိုက်အား ပေးရာရောက်ပါတယ်"

News 

BLC နှင့် အကြမ်းဖက်အဖွဲ့ PGFဆက်နွယ်နေသလား

"BLCဆိုတာကတော့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ Burma Lawyer's Council ဖြစ်ပြီး ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်တယ်။ စတင် သန္ဓေတည် ပေါက်ဖွားခဲ့တဲ့နေရာက ထိုင်းနိုင်ငံ နယ်စပ် လွတ်မြောက်နယ်မြေ KNU ဌာနချုပ် မာနယ် ပလောမှာ ဖြစ်တယ်။ လက်ရှိမှာ အလုပ် အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ပါဝင်သူ များအနေနဲ့ BLC အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဦးဆိုသူဟာ ၂၀၀၆ ခုနှစ်၊ ဩဂုတ် လ ၂၅ ရက်နေ့က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် နိုင်ငံတော်က တရားဝင် ကြေငြာထား တဲ့ NCGUB မှာ တရား ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အဖွဲ့ဝင် ဦးမြင့်သိန်းဆိုတာကလည်း .."

News 

အရှေ့တောင်အာရှဒေသတွင် ဆေးဝါးတု သန်း ၂၀ ဖမ်းမိ

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှဒေသအတွင်း နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာတွင် ဆေးဝါး တု၊ သို့မဟုတ် တရားမ၀င်ဆေးဝါး ပစ္စည်း သန်း ၂၀ သိမ်းဆည်းရမိပြီး လူပေါင်း ၃၀ ကို ဖမ်းဆီးခဲ့သည့်အပြင် ဆေးဆိုင်၊ ဆေးစပ်ခန်းများ၊ တရား မ၀င်ဈေးကွက်နှင့် လက်လီအရောင်း ဆိုင်စုစုပေါင်း ၁၀၀ ကျော်ကို ပိတ်သိမ်း ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာသည်။

News 

ပို့ကုန်ရငွေတန်ဖိုး ကျဆင်း

"အခုလိုဖြစ်လာတာ အားလုံး အတွက် သတင်းကောင်းပါ။ အရင်က ပို့ကုန်ရငွေ တစ်ဒေါ်လာပေါက်ဈေးက ရိုးရိုးဒေါ်လာပေါက်ဈေး ထက် ပိုများ နေတာရယ်၊ ပြည်တွင်းကို ပစ္စည်းတွေ တင်သွင်းမယ်ဆိုရင် ပို့ကုန်ဝင်ငွေ လိုက် ၀ယ်နေရတာတွေကြောင့် လုပ်ငန်းမှာ မလိုလားအပ်တဲ ကြန့်ကြာမှုတွေ ဖြစ်ခဲ့တယ်လေ။ ခုတော့ အမှန်တကယ်ဖြစ် သင့်တဲ့ ဈေးနှုန်းကို ရောက်လာမှာပါ" ဟု သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

News 

ကျန်းမာရေးကဏ္ဍအတွက် ဂျပန်အစိုးရကူညီ

ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများ ကူညီထောက်ပံ့ရေးအစီအစဉ် (ဂျီဂျီအေ)က မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် ဇန်န၀ါရီလအတွင်း ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ မန္တလေးမြို့၊ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်အတွက် လိုအပ်သည့် ဆေး ကုသရေးပစ္စည်းများ ဖြည့်တင်းရန် အမေရိကန်ဒေါ်လာ ၈၆,၁၉၀ ကို လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း ဂျပန်သံရုံး က ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

News 

မဟာဗိဿနိုးဘုရားကျောင်း သိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲ စည်ကားစွာကျင်းပ

ရန်ကင်းမြို့နယ် ၁၃ ရပ်ကွက် ဓမ္မာရုံ လမ်းရှိ စရီကလျာဏ ဝေန်ကတေစာ ပေရူမာလ် (မဟာဗိဿနိုး) ဘုရားကျောင်း သိဒ္ဓိတင် ရေစင်သွန်းလောင်းပွဲတော်ကို ဇန်န၀ါရီလ ၂၇ ရက်နေ့က စည်ကားစွာကျင်းပခဲ့သည်။ အဆိုပါ သိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲကို အနယ်နယ်အရပ်ရပ်မှ ထောင်ချီသော ဟိန္ဒူ ဘုရားဖူးဧည့်သည်များ တက်ရောက်ကြပြီး မဟာဗိဿနိုးနတ်မင်းအား ဖူးမြော်ကန်တော့ ကြသည်။

News 

ဒီရေတောများတွင် ငါး၊ ပုစွန် ရောနှော မွေးမြူခြင်း သုတေသနဆောင်ရွက်မည်

အဆိုပါအဖွဲ့ကို ပြည်တွင်းအင်န်ဂျီ အို ၁၇ ခုဖြင့် ၂၀၀၉ ခုနှစ်၊ အောက် တိုဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး မုန်တိုင်းသင့်ဒေသများတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးခြင်းနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ပြည်တွင်း အင်န်ဂျီအိုအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပိုမိုထိ ရောက်မှုရှိစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

News 

'ကန်'ဒေါ်လာငါးသန်း ဆွစ်ဇာလန်က လှူဒါန်း

"နာဂစ်မုန်တိုင်းကြောင့် အဲဒီဒေသ က စာသင်ကျောင်းတွေရဲ့ ရာခိုင်နှုန်း ၅၀၊ ၆၀ လောက် ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ အဲဒါကြောင့် ဆွစ်ဇာလန် အနေနဲ့ ပညာရေးကို ဦးစားပေးဖို့ ရွေး ချယ်ခဲ့တာပါ"ဟု မစ္စတာ Christoph Burgener က အီးမေးလ် အင်တာဗျူးတွင် ပြောကြားသည်။

News 

မြန်မာကျောင်းသားများ ဂျပန်နှင့် ကိုရီးယား အဆင့်မြင့် ပညာရေးလေ့လာခွင့် ပိုမိုရရှိလာ

"ဂျပန်အစိုးရကလည်း မကြာသေးမီ က ၂၀၀၉-၂၀ မှာ ပြည်ပပညာတော် သင်ကျောင်းသား ၃၀၀,၀၀၀ ခေါ်ယူ မယ့် အစီအစဉ်ကို ချမှတ်ခဲ့ပြီး ကျောင်းသားဗီဇာ စည်းမျဉ်းတွေကို လည်း လျှော့ပေါ့ပေးခဲ့တာကြောင့် ကျောင်း သား ၁၀၀ ဗီဇာလျှောက်ရင် ၁၀၀ စလုံး ရနိုင်တဲ့အနေအထားမျိုး ဖြစ်လာပါပြီ။ ကျောင်းသား ၃၀၀,၀၀၀ ခေါ်ယူမယ့် အစီအစဉ်အရ တစ်နှစ်ကို မြန်မာကျောင်းသား ၅၀ လောက် ဂျပန် မှာ သွားရောက်ပညာသင်ကြားခွင့် ရရှိ နိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ပေါက် လာပါမယ်"

News 

ဆီယမ်ရိက ရွှေမြန်မာတို့ရဲ့ လူမှုဘ၀ပုံရိပ်

"ဒီမှာက အရမ်းအေးဆေးတယ်။ ကျောင်းပိတ်ရက်တွေဆိုလည်း ရန်ကုန် ပြန်လို့ရတယ်။ အနီးအနားက တခြား မြို့တွေ သွားလည် ချင်လည်း ရတယ်။ အရင်က စင်ကာပူမှာ အလုပ်လုပ်ဖူးတယ်။ အရမ်း စိတ်ဖိစီးမှုများတယ်။ အားလုံးက ကိုယ့်အပူနဲ့ကိုယ်ချည်းပဲ။ ဒီမှာက အဲဒီလိုစိတ်ဖိစီးမှုမရှိဘူး၊ အေးဆေးပဲ။ နောက်ပြီး အင်တာနက်နဲ့ IT က အတော်ဖွံ့ဖြိုးနေပြီလေ၊ လုပ်ငန်းမှာ တိုးတက်လာ ဖို့တော့ အများကြီး အထောက်အကူမပြုပေမယ့် နေရထိုင်ရတာတော့ အဆင်ပြေတယ်"

News 

တုပ်ကွေးရောဂါကာကွယ်ရေး အစဉ်အမြဲ သတိပြုရန်လိုအပ်

"သမိုင်းအစဉ်အဆက်က ဖြစ်ပျက်ခဲ့တဲ့ တုပ်ကွေးတွေကို ပြန်လေ့လာကြည့် မယ်ဆိုရင် ပထမ အရှိန်သေသွားပြီး နောက်တစ်ဖန် ပြန်ဦးမော့လာတော့မှ လူပေါင်းသန်းနဲ့ချီပြီး အသက်ဆုံးရှုံးစေခဲ့တယ်။ ဒီလိုအစဉ်အဆက်တွေရှိခဲ့တဲ့ အတွက် ကျွန်မတို့အနေနဲ့ ကာကွယ်ရေး နဲ့ပတ်သက်ပြီး အမြဲသတိပြုသင့်တယ်"

News 

ဈေးများတွင် ကြွပ်ကြွပ်အိတ်များ ရောင်းချခြင်း စတင်တားမြစ်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအောက်ရှိ ဈေးပေါင်း ၁၆၈ ဈေးတွင် ကြွပ်ကြွပ်အိတ်ရောင်းချခြင်း မပြုရန် သတိပေး ကြော်ငြာများကပ်ခြင်း၊ အရောင်ပါ ကြွပ်ကြွပ်အိတ်များ ဖြင့် အသုံးပြုခြင်းကြောင့် အန္တရာယ်ဖြစ် စေနိုင်မှု ပညာပေးခြင်းများကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ....

News 

မြန်မာအားကူညီရန် ကမ္ဘာ့ဘဏ်စဉ်းစား

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအား အကူအညီများ ပြန်လည်ပေးသွားရန် စဉ်းစားနေသည်ဟု ကမ္ဘာ့ဘဏ်မှ အဆင့်မြင့် အရာရှိ တစ်ဦးဖြစ်သူ ဂျိမ်းစ် အဒမ်က အင်္ဂလန်နိုင်ငံထုတ် Financial Times သတင်းစာကို ပြောသည်။ ပြည်သူများအတွက် ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့မှ တာဝန်ရှိသူများ မကြာမီက လာရောက်ခဲ့ကြောင်း သိရသည်။

News 

ဆင် သတင်းဇာတ်ကား ပြင်သစ်အဖွဲ့ လာရောက်ရိုက်ကူး

"နိုင်ငံတစ်နိုင်ငံစီမှာ ရိုးရာတွေကလည်း မတူညီကြဘူး။ ဒါကြောင့် ဒီနိုင်ငံ လေးနိုင်ငံကို ရွေးချယ်ခဲ့တာဖြစ်တယ်။ ဆင်တွေကို မြန်မာ နိုင်ငံမှာဆိုရင် သစ်ထုတ်လုပ်ငန်းမှာ အသုံးပြုတယ်။ ဥပမာအားဖြင့် ဆင်တွေကိုထိန်းတဲ့ ဆင်ထိန်းတွေက ဆင်တွေရဲ့ ဂုတ်ပေါ်မှာ ထိုင်တယ်။ သီရိလင်္ကာမှာဆိုရင် ဆင်ရဲ့ပခုံးပေါ်မှာ ထိုင်တယ်။ ဒါတွေဟာ မတူတဲ့အချက်တွေပဲဖြစ်တယ်။ ထိုင်းနိုင်ငံမှာ ဆင်တွေဟာ သစ်ထုတ်လုပ်တဲ့လုပ်ငန်းမှာ မလုပ် ကြဘူး။ ခရီးသွားလုပ်ငန်းမှာပဲ လုပ်ကြတယ်။ ဒီမှာ သစ်ထုတ်လုပ်ငန်းဟာ ခက်ခဲတဲ့ လုပ်ငန်းဖြစ် တာတောင် ဆင်တွေဟာ သူတို့ အလုပ်မလုပ်တဲ့အချိန်တွေမှာ ...."

News 

တောင်စွန်းတွင် ဆေးရုံသစ်ဖွင့်မည်

မွန်ပြည်နယ်၊ တောင်စွန်းမြို့နယ် ကျေးရွာ ၁၂ ရွာရှိ လူဦးရေ ၇၅,၀၀၀ ကျော်၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ဦးဆောင်သည့် ယဉ် ကျေးလိမ္မာကလေးငယ်များ စုပေါင်း မတည် တည်ဆောက်ခဲ့ကြသော ခေတ်မီတိုက်နယ်ဆေးရုံကို ယခုလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

News 

အရိုးပွရောဂါအကြောင်း အသိပညာပေးမှု ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လိုအပ်

အဆိုပါအရိုးပွရောဂါသည် အသက် အရွယ်ကြီးရင့်သူ အဘိုးအဘွား၊ သွေးဆုံးပြီး အမျိုးသမီးများ၊ ကိုယ်လက်လှုပ် ရှားမှုနည်း သူများနှင့် အရက် အလွန်အကျွံ သောက်သုံးသူများတွင် ပိုမို ဖြစ်ပွားကြောင်း သိရသည်။ "ရင်သားကင်ဆာအကြောင်း လူတိုင်း သိတယ်။ အရိုးပွရောဂါအကြောင်း လူသိပ်မသိဘူး။ အရိုးပွခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ အရိုးကျိုးပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း ခံစားနေ ကြရတဲ့အတွက် အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်ပါတယ်"

News 

မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် အသေးစား ချေးငွေ ဒေါ်လာ သန်း ၄၇၀ အထိ လိုအပ်

"စီးပွားရေးတိုးတက်ဖို့နဲ့ ဆင်းရဲမွဲတေ မှုတိုက်ဖျက်ဖို့ဆိုတာ ထုတ်လုပ်မှု တိုးတက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာတော့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေပြီး အများစုက စိုက် ပျိုးရေးနဲ့ အသက်မွေးတော့ စိုက်ပျိုးသီးနှံ တိုးတက်မှုရှိဖို့၊ မွေးမြူရေးလုပ်ငန်း တိုးတက်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကောက်ယူရရှိထားတဲ့ စစ်တမ်းတွေနဲ့ ညွှန်းကိန်းတွေအရ စိုက်ပျိုးရေးကဏ္ဍဟာ တိုးတက် မှုဖြစ်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွား ရေးဖွံ့ဖြိုးဖို့အတွက် လယ်ယာကဏ္ဍဟာ အရေးပါတဲ့ကိစ္စဖြစ်ပြီး အကူအညီတွေလည်း အများကြီးလိုအပ်ပါတယ်"

News 

ဆရာများအား သဘာဝဘေး သင်တန်းပို့ချ

"ဒီလို ကျောင်းဆရာ၊ ဆရာမတွေကို ပို့ချပေးတာကတော့ သူတို့က ကျောင်းက ကလေးတွေကို ပြန်လည်ပို့ချပေးဖို့ပါ။ ကလေးတွေ ကျတော့ သင်ပေးရတာ လွယ်တယ်။ သူတို့စိတ်ထဲမှာလည်း စွဲစွဲမြဲမြဲရှိဖို့ ပိုလွယ်တယ်။ သူတို့သိပြီဆိုရင် အိမ်တွေမှာ သူတို့သိတာ လေးတွေကို ပြန်ပြီးတော့လည်း ပြောတတ်ကြ တော့ လူကြီးတွေကပါ သိနိုင်တယ်"

News 

အခြေခံစားသောက်ကုန်အချို့ ဈေးကျနေသော် လည်း ၀ယ်လိုအားမလိုက်

ယမန်နှစ်က ဈေးကောင်းခဲ့သော ကြက်သွန်နီဈေးမှာ အသစ်များဝင် ရောက်လာမှု များပြားလာသောကြောင့် ဇန်န၀ါရီလ အစပိုင်းမှာပင် ဈေးကျ သွားခဲ့ကြောင်း၊ အမြင့်စ တစ်ပိဿာ လျှင် ယမန်နှစ် ဒီဇင်ဘာလကုန်၌ ကျပ် ၁,၃၀၀ ရှိခဲ့ရာမှ ယခုအခါ ကျပ် ၇၅၀ သို့ ကျဆင်း သွားခဲ့ပြီး အနိမ့်စဈေးမှာ ကျပ် ၈၅၀ မှ ၄၀၀ သို့ ရောက် ရှိသွားကြောင်း သိရသည်။News

Local News

နိုင်ငံပိုင်ရုပ်ရှင်ရုံများကို လက်ရှိလုပ်ကိုင်နေသူများ လေလံ ပြန်ဆွဲမည်

"ကျွန်တော်လေလံပြန်ဝင်မှာပါ။ လက်ရှိမှာ ဒီရုပ်ရှင်လုပ်ငန်းပဲ လုပ်နေတဲ့အတွက် မြို့မနဲ့ ရွှေဂုန်ရုံတွေ ပြင်ဆင် စရိတ်အတွက်လည်း ကျပ်သိန်း လေးထောင်ကျော် ရင်းနှီးမြှုပ်နှံထား တာပါ။တကယ်လို့ လေလံရခဲ့မယ်ဆိုရင်လည်း ဒီရုံတွေကို သရီးဒီရုံတွေ အဖြစ် အဆင့်မြှင့်တင်သွားဖို့ ရည်ရွယ်ထားတာပါ"News

» သတင်းအပြည့်အစုံသို့..
Teabrake
မီးမီးခ

သတ္တိကြောင့် အောင်မြင်မှု ပိုရတဲ့ မကြီးစန်း

မိတ်ဆွေစစ်ဆိုတာ

ဆိုင်းဘုတ်

ထိုင်း ပဲကြာဆံသုပ်

စာမေးပွဲတွေ နီးလာတဲ့အခါ

ငါးသိန်းတန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်ဇ် ဖုန်း မန္တလေးတွင် ၀ယ်လိုအားများလျက်ရှိနေ

"လောလောဆယ် ငါးသိန်းတန်ဖုန်းအတွက် အထိုင် ဖုန်းတွေ၊ ဟန်းဆက် တွေ အဓိကရောင်းနေရတယ်။ အထိုင်ဖုန်းက အနည်းဆုံး ကျပ်သုံးသောင်းကနေ နှစ်သိန်းထိရှိတယ်။ တရုတ်နဲ့ ကိုရီးယားနိုင်ငံလုပ်တွေပါ။ ဟန်းဆက်တွေက တရုတ်၊ ကိုရီးယား၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံလုပ်တွေပါ။ ကျပ်လေးငါးသောင်းကနေ လေးငါး သိန်းတန်ထိ .......News

Local News

မန္တလေးဈေးကွက်၌ စိန်အရောင်းအ၀ယ်

"ကမ္ဘာမှာစိန်ဈေးတွေကပုံမှန်ပါပဲ။ ပြည်တွင်းမှာက ၀ယ်လိုအားကြောင့် ဈေးကျသွားရာက ပုံမှန်ဈေး ပြန်ရောက်လာပေမယ့် ကောက်ပဲသီးနှံတွေပေါ်တဲ့ အချိန်၊ သင်္ကြန်မတိုင်ခင်အရောင်းအ၀ယ်လိုက်တဲ့ အချိန် မို့လို့ အရောင်းအ၀ယ် နည်းနည်းပိုသွက်လာပါတယ်။ အခုရက် ရွှေထည်ရော၊ စိန်ထည်ပါ အရောင်းသွက်နေတယ်"News

» သတင်းအပြည့်အစုံသို့..

အဆောင်သူ ဘဝ

"လှည်းတန်းဘက်မှာ တော်တော်အံ့ဩစရာကောင်းတဲ့ ကိစ္စတစ်ခုက ပွဲစားတွေကို မဆက်သွယ်မချင်း အဲဒီ လူဘယ်တော့မှ အဆောင်ရှာလို့ ရမှာမဟုတ်ဘူး။ အဆောင်ပိုင်ရှင်တွေဆီ တိုက်ရိုက်သွားရင် နေရာလွတ် ရှိလည်း များသောအားဖြင့် ......"News

Local News

ကြိုးဝိုင်းဝတ်စုံ

သူ့ဘော်ဒါတွေဖြစ်တဲ့ စူပါခရစ်ဘရောင်းကလည်း မီလန်ကို လိုက်လာ ပြီး လက်ဝှေ့သမားတွေကနေ စိတ်ကူးရလာတဲ့ ဂေါ်လ်တီယာရဲ့ ဒီနှစ် ဆောင်းဦး၊ ဆောင်းရာသီဖက်ရှင်တွေကို လာကြည့်ပါတယ်။ သူက အေအက်ဖ်ပီကို "ဒီပွဲတွေကို ကျွန်တော် တကယ်ကြည့်ချင်တာပါ" လို့ ဆိုပါတယ်။News

» သတင်းအပြည့်အစုံသို့..

မြန်မာ မာစတာပြိုင်ပွဲ ဂါဗင်ဖလင့် ဗိုလ်စွဲ

မြန်မာပီဂျီအေနှင့် Asian Development Tour တို့၏ စီစဉ်မှု၊ အဲပုဂံ ကုမ္ပဏီက အဓိက ပံ့ပိုးကာ IBTC က တင်ဆက်သည့် မြန်မာမာစတာ ၂၀၁၀ ဂေါက်သီးရိုက် ပြိုင်ပွဲကိုဇန်န၀ါရီလ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ပန်းလှိုင် ဂေါက်ကွင်းတွင်ကျင်းပရာ ၂၀၀၉ ခုနှစ် Asian Tour ၏နံပါတ် (၁၁) နေရာတွင်ရှိခဲ့သော ဩစတြေးလျ ဂေါက်သီးကစားသမား ဂါဗင်ဖလင့်က ဗိုလ်စွဲကာ ဆုကြေးငွေ ........News

Local News

ဖက်ဒရာ၏ နှစ်သစ်အောင်ပွဲ

နောက်ဆုံးဗိုလ်လုပွဲ အပါအ၀င် စုစုပေါင်းကစား ခဲ့တဲ့ ခုနစ်ပွဲမှာ ရုရှား တင်းနစ်သမားတွေဖြစ်တဲ့ အီဂေါ်အင်ဒရိဗ်နဲ့ကမ္ဘာ့အဆင့် (၆) နီကိုလိုင်း ဒေဗီဒန်ကို တို့နှစ်ယောက်ကိုသာ အဖွင့်ပွဲစဉ်နဲ့ ကွာတား ဖိုင်နယ် တွေမှာ ပွဲလတ်လေးပွဲစီ ကစားခဲ့ရပြီး ကျန်ပွဲစဉ်တွေ အားလုံးမှာ ပွဲလတ် သုံးပွဲပြတ်နဲ့ အနိုင်ယူခဲ့တာပါ။News

» သတင်းအပြည့်အစုံသို့..

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၀ါရှင်တန် မြို့တော်၌ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၇ ရက်တွင် အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ၎င်း၏ပထမဆုံး နိုင်ငံတော်သို့ပြောကြားသော မိန့်ခွန်းပြောအပြီး ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်နှင့် လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီ တို့က လက်ခုပ်ဩဘာပေးနေစဉ်။

Local News

မဟာမဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ ကျားမျိုးပြုန်းလုနီးပါးဖြစ်

ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အာမခံချက် မူကြမ်းကို ၀ါရှင်တန်ကပြုစုနေကြောင်းဖြင့်လည်း သံတမန်များကပြောကြားသည်။ အစ္စရေး နိုင်ငံ ထုတ် မားရစ်သတင်းစာအဆိုအရ ၀ါရှင်တန်သည် နှစ်နှစ်အတွင်း အပြီးသတ် ငြိမ်းချမ်းရေးရရန် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြန်စရန် အစီအစဉ်တစ်ခုကို ရေးဆွဲနေသည် ဟုဆိုသည်။News

» သတင်းအပြည့်အစုံသို့..

၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့က သီရိလင်္ကာ နိုင်ငံ၊ ကိုလံဘိုမြို့၌ သတင်းစာများက လက်ရှိသမ္မတ မဟင်ဒါရာဂျာပတ်ဆီအနေဖြင့် ဒုတိယအကြိမ် သမ္မတ အဖြစ် အရွေးခံရသည့်သတင်းများဖော်ပြသည့် သတင်း စာများကို တွေ့ရစဉ်။ သမ္မတ ရာဂျာပတ်ဆီသည် ယင်း ၏ အဓိကပြိုင်ဘက်ဖြစ်သည့် ယခင် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဆာရာ့သ် ဖွန်ဆီကာကို ၅၇ ရာခိုင်နှုန်းမဲ အသာဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိသွားကြောင်း သိရသည်။

Local News

အိန္ဒိယနိုင်ငံ ကားလမ်းများပြင်ရန် စီမံကိန်းကြီး

အိန္ဒိယနိုင်ငံ၏ စိတ်ပျက်ဖွယ်ကောင်း သော ကားလမ်းများကြောင့် အမျိုးသား ကုန်ထုတ်လုပ်မှုကို ဒရွတ်တိုက်ဆွဲနေသည်။ မွမ်ဘိုင်း၊ နယူးဒေလီနှင့်ဘန်ဂါလို ကဲ့သို့သော မြို့ကြီးများ၌ပင် လမ်းမကောင်း၍ တာတိုခရီးကိုပင် နာရီအတော်ကြာသွားနေရသည်။ အဓိကလမ်းတွေက ကျဉ်းမြောင်းနေသည်။ တံတားများနှင့် အမြန်သွား ကားလမ်းများက လည်း အလွန်နည်းသေးသည်။ ကား လုပ်ငန်းကဏ္ဍ၌ တိုးတက်လာ၍ အခြေအနေ ပိုဆိုးလာသည်။News

» သတင်းအပြည့်အစုံသို့..