Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

အရှေ့တောင်အာရှဒေသတွင် ဆေးဝါးတု သန်း ၂၀ ဖမ်းမိ

(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှဒေသအတွင်း နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာတွင် ဆေးဝါး တု၊ သို့မဟုတ် တရားမ၀င်ဆေးဝါး ပစ္စည်း သန်း ၂၀ သိမ်းဆည်းရမိပြီး လူပေါင်း ၃၀ ကို ဖမ်းဆီးခဲ့သည့်အပြင် ဆေးဆိုင်၊ ဆေးစပ်ခန်းများ၊ တရား မ၀င်ဈေးကွက်နှင့် လက်လီအရောင်း ဆိုင်စုစုပေါင်း ၁၀၀ ကျော်ကို ပိတ်သိမ်း ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာသည်။

မုန်တိုင်းအဆင့်(၂) (Operation Storm II) ဟု အမည်ပေးထားသော ယခင်စစ်ဆင်ရေးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ နိုင်ငံတကာဆေးဝါး တု ထုတ်လုပ်မှုကို တိုက်ဖျက်ရေးတပ်ဖွဲ့ စည်းမျဉ်းဥပဒေဘောင်နှင့်အညီ ယခင် နှစ်ဇူလိုင်မှ နိုဝင်ဘာလအတွင်း အရှေ့ တောင်အာရှရှစ်နိုင်ငံဖြစ်သည့် ကမ္ဘော ဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် တို့တွင် ဆင်နွှဲခဲ့သည်။

ဖမ်းဆီးရမိသည့်ဆေးများတွင် ပဋိ ဇီဝဆေး၊ ငှက်ဖျားဆေး၊ ပဋိသန္ဓေတားဆေး၊ မေးခိုင်ပိုးသတ်ဆေး၊ အက်စပရင် နှင့် ယောက်ျား ကာမအားဆေးများ ပါဝင်သည်။

ဖမ်းဆီးရမိသည့် ဆေးမျိုးစုံ သန်း ၂၀ အနက် ၁၂ သန်းသာ ဆေးအာနိသင် ကုန်ဆုံးရက်မတိုင်မီ ဆေးစွမ်းရှိသော် လည်း ရှစ်သန်းမှာ သက်တမ်းကုန်ပြီး ဆေးများ၊ သို့မဟုတ် ပျက်စီးသော ဆေးဝါးများဖြစ်နေသည်။

ဆေးဝါးတုနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ထိရောက်ရေးအတွက် မုန်တိုင်းကွန်ရက်ဌာနကို အရှေ့တောင် အာရှဒေသတွင် အခြေစိုက်ဖွင့်လှစ်သွားမည်ဟုလည်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ရော်နယ်နိုဘယ်လ်က ဆိုသည်။

"တစ်ကမ္ဘာလုံးဆက်စပ်ဖြစ်ပေါ်မှု အစဉ် (Globalization)နဲ့ ခေတ်မီ နည်းပညာဆိုတာ ဆေးဝါးတုထုတ်လုပ် ဖြန့်ချိနည်းတွေ နယ်စပ်ဖြတ်ကျော်ပြီး ဖွံ့ဖြိုးတွင်ကျယ်လာရာက လူတွေရဲ့ ကျန်းမာရေးနဲ့အသက်ကို ပိုမိုခြိမ်းခြောက် လာခြင်းပဲလို့လည်း အဓိပ္ပာယ်ပေါက် လာချိန်မှာ ဒီလိုဆေးဝါးတု ပူးပေါင်း နှိမ်နင်းဖယ်ရှားတဲ့လုပ်ငန်းဟာ ပိုမို အရေးပါ အရာရောက်လာပါတယ်" ဟုလည်း ၎င်းက ပြောကြားသည်။