
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မဟာဗိဿနိုးဘုရားကျောင်း သိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲ စည်ကားစွာကျင်းပ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ရန်ကင်းမြို့နယ် ၁၃ ရပ်ကွက် ဓမ္မာရုံ လမ်းရှိ စရီကလျာဏ ဝေန်ကတေစာ ပေရူမာလ် (မဟာဗိဿနိုး) ဘုရားကျောင်း သိဒ္ဓိတင် ရေစင်သွန်းလောင်းပွဲတော်ကို ဇန်န၀ါရီလ ၂၇ ရက်နေ့က စည်ကားစွာကျင်းပခဲ့သည်။
အဆိုပါ သိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲကို အနယ်နယ်အရပ်ရပ်မှ ထောင်ချီသော ဟိန္ဒူ ဘုရားဖူးဧည့်သည်များ တက်ရောက်ကြပြီး မဟာဗိဿနိုးနတ်မင်းအား ဖူးမြော်ကန်တော့ ကြသည်။
ထို့ပြင် ဘုရားဖူးဧည့်သည်များကို ဘုရား ကျောင်းဂေါပကအဖွဲ့နှင့် အလှူရှင်များက ပူးပေါင်းပြီး သက်သတ်လွတ် ထမင်းဟင်းဖြင့် ကျွေးမွေးဧည့်ခံသည်။
မဟာဗိဿနိုးဘုရားကျောင်း၏ ပထမဆုံး ခမ်းနားကြီးကျယ်သော သိဒ္ဓိတင် ရေစင်သွန်း လောင်းပွဲတော်ကို ၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စတင်ကျင်းပခဲ့ကြောင်း ဘုရားကျောင်းမှတ်တမ်းအရ သိရှိရသည်။
ထို့ပြင် ၁၉၅၇ ခုနှစ်တွင် ဒုတိယ အကြိမ် မြောက် သိဒ္ဓိတင် ရေစင်သွန်းလောင်းပွဲတော် ကို ကျင်းပခဲ့ပြီး တတိယအကြိမ်အဖြစ် ယခု ရေစင်သွန်းလောင်း ပွဲတော်ကို ၅၃ နှစ်အကြာတွင် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
စရီကလျာဏ ဝေန်ကတေစာ ပေရူမာလ် (မဟာဗိဿနိုး)ဘုရားကျောင်းသည် သက်တမ်း အားဖြင့် နှစ် ၁၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံရှိ သမိုင်းဝင် ဟိန္ဒူဘုရားကျောင်းကြီးများတွင် တစ်ခု အပါအ၀င်ဖြစ်သည်။