Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဒီရေတောများတွင် ငါး၊ ပုစွန် ရောနှော မွေးမြူခြင်း သုတေသနဆောင်ရွက်မည်

မျိုးမျိုး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဒီရေတောဂေဟစနစ် ပြန်လည် ထူထောင်ရေးအဖွဲ့သည် နာဂစ်မုန်တိုင်း ကြောင့် ပျက်စီးသွားသည့် ပတ်ဝန်းကျင် ဆိုင်ရာ ဂေဟ စနစ်ကို အထောက်အကူ ဖြစ်စေရန် ဒီရေတောများအတွင်း သား ငါးထည့်သွင်းမွေးမြူသည့်စနစ်ကို ဧရာ ၀တီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ပျဉ်ဒရယ် ကြိုးဝိုင်းအတွင်း ယခုလမှ စတင် အကောင်ထည်ဖော်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းက ပြော ကြားသည်။

အဆိုပါအဖွဲ့ကို ပြည်တွင်းအင်န်ဂျီ အို ၁၇ ခုဖြင့် ၂၀၀၉ ခုနှစ်၊ အောက် တိုဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး မုန်တိုင်းသင့်ဒေသများတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးခြင်းနှင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ပြည်တွင်း အင်န်ဂျီအိုအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပိုမိုထိ ရောက်မှုရှိစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါအဖွဲ့တွင် ပြည်တွင်းအင်န်ဂျီ အို ဖြစ်သည့် သစ်တောသယံဇာတ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း၊ မင်္ဂလာမြန်မာ၊ အီကိုဒက်ဗ်၊ ရခိုင်ကမ်းရိုးတန်း ထိန်းသိမ်းရေးအသင်း စသည်တို့ အပါ အ၀င် အခြားအင်န်ဂျီအိုများလည်း ပါဝင်သည်။

အဆိုပါစီမံကိန်းကို ပျဉ်ဒရယ် ကြိုးဝိုင်းအတွင်း နေရာ ၁၅ ခု ရွေးချယ်ကာ ဒီရေတောစိုက်ခင်းများအတွင်း ငါး၊ ကဏန်း၊ ပုစွန်များ မွေးမြူနိုင်ရန် ဖျာပုံခရိုင်အတွင်းရှိ ကျေးရွာခုနစ်ရွာမှ လုပ်ကိုင်မည့်သူများကို ရွေးချယ်ထား ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဒီရေတောနှင့် ရေသတ္တ၀ါများ ရောနှောမွေးမြူရာတွင် အချိုးအစား ပမာဏအားဖြင့် ပုစွန်ကန်တစ်ဧကလျှင် ဒီရေတော သုံးဧကခန့်ရှိမည်ဟု ၎င်းက ပြောသည်။

ရောနှောမွေးမြူခြင်းအားဖြင့် သစ် တောကို ထိန်းသိမ်းရာရောက်သည့် အပြင် ဒေသခံများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း ကိုလည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင် ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ယခုစီမံကိန်းကို သုတေသန လုပ်ငန်းတစ်ခုအသွင်ဖြင့် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အဖွဲ့၏ ပထမဆုံးလှုပ်ရှားမှု အဖြစ် ဒီရေတောစိုက်ခင်းများတွင် ရေသတ္တ၀ါများမွေးမြူခြင်းအတွက် လိုအပ်သည့် ငွေကြေး ဆိုင်ရာထောက်ပံ့မှုကို DFID(Department for International Development ) က ဒေါ်လာ နှစ်သောင်းခွဲ ထောက်ပံ့ ထားပြီးဖြစ်ကာ တစ်သိန်းအထိ ဆက်လက်ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

စီမံကိန်းကာလကို နှစ်နှစ်သတ်မှတ်ထားပြီး ရန်ပုံငွေရရှိမှုပေါ်မူတည်ကာ တိုးချဲ့ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဦးအုန်းက ဆိုသည်။

"နာဂစ်ကြောင့် အဲဒီဒေသကလူတွေ ဆင်းရဲသွားကြတယ်။ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးသွားတယ်။ငါး အထွက်လည်း လျော့ သွားတယ်။ဂေဟ စနစ်လည်း ပျက်စီးသွားတယ်။ဒီဒေသရဲ့ အဓိကအရင်းအမြစ်က ဒီရေတောပဲ ဖြစ်တယ်။ ဒီရေတော၊ သန္တာ ကျောက်တန်း၊ ပင်လယ်မြက်တွေကလည်း သဘာဝအရင်းအမြစ်တွေပဲ ဖြစ်တယ်။ ဒီသဘာဝအရင်းအမြစ်ကို ငါး၊ လယ်ယာ၊ သစ်တောတွေကလည်း အမှီပြုတယ်"ဟု ၎င်းက ပြောသည်။