Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

'ကန်'ဒေါ်လာငါးသန်း ဆွစ်ဇာလန်က လှူဒါန်း

ကျော်သူ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

မြန်မာနိုင်ငံအတွင်းရှိ လူသားချင်း စာနာထောက်ထားမှု စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ ငါးသန်း ကို ယခုနှစ်အတွက် ကူညီထောက်ပံ့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး မစ္စတာ Christoph Burgener က လွန်ခဲ့ သည့် သီတင်းပတ်က ပြောကြားသည်။

အဆိုပါ ဒေါ်လာငါးသန်းမှ နှစ်သန်း ကို နာဂစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ပြီး ကျန်ငွေများကို နိုင်ငံတွင်းရှိ အခြားသော လူသားချင်းစာနာထောက်ထား သည့်စီမံကိန်းများတွင် အသုံးပြုမည် ဖြစ်သည်။

မစ္စတာ Christoph Burgener က နာဂစ်ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အသုံးပြုမည့် ရန်ပုံငွေအများစုကို စာသင်ကျောင်း များဆောက်လုပ်ခြင်းလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

"နာဂစ်မုန်တိုင်းကြောင့် အဲဒီဒေသ က စာသင်ကျောင်းတွေရဲ့ ရာခိုင်နှုန်း ၅၀၊ ၆၀ လောက် ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ အဲဒါကြောင့် ဆွစ်ဇာလန် အနေနဲ့ ပညာရေးကို ဦးစားပေးဖို့ ရွေး ချယ်ခဲ့တာပါ"ဟု မစ္စတာ Christoph Burgener က အီးမေးလ် အင်တာဗျူးတွင် ပြောကြားသည်။

၎င်းက စာသင်ကျောင်းသစ်များကို သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရန် တည်ဆောက်မည်ဖြစ်ပြီး အရေးပေါ် နားခိုရာနေရာအဖြစ်ပါ အသုံးပြုနိုင် ကြောင်း ပြောကြားသည်။

"ကျွန်တော်တို့ ဖျာပုံနဲ့ ဘိုကလေး ဒေသတွေကို အဓိကထားပါတယ်"ဟု ၎င်းက ပြောကြားသည်။

ဆွစ်ဇာလန်၏ရန်ပုံငွေဖြင့်ဆောက်လုပ်နေသည့် ကျောင်း ၁၃ ကျောင်းသည် ယခုမတ်လတွင်ပြီးစီးမည်ဖြစ်ပြီး ကျန် ကျောင်း ရှစ် ကျောင်းကို တစ်ချိန်တည်း ဆောက်လုပ်မည်ဖြစ်သည်။

ရန်ပုံငွေများကို ကုလသမဂ္ဂ၊ နိုင်ငံတကာ အင်န်ဂျီအိုများနှင့် ဆွစ်ဇာလန် အင်န်ဂျီအိုမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။