Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာကျောင်းသားများ ဂျပန်နှင့် ကိုရီးယား အဆင့်မြင့် ပညာရေးလေ့လာခွင့် ပိုမိုရရှိလာ

နီလာဝင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ တို့က ပညာတော်သင်ဆုများ ပေးအပ်နေခြင်းကြောင့် မြန်မာထူးချွန် ကျောင်းသားများအတွက် အဆင့်မြင့် ပညာရေးကို လေ့လာခွင့်များ တစ်နှစ် ထက်တစ်နှစ် ပိုမိုတိုးတက်ရရှိလျက်ရှိသည်။

လွန်ခဲ့သော နှစ်နှစ်မတိုင်မီကအထိ ဂျပန်ကျောင်းများ လာရောက်မိတ်ဆက်မှု အလွန်နည်းခဲ့သော်လည်း အခု နောက်ပိုင်း ဂျပန်နိုင်ငံမှ ပညာသင်ကြား ရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ ဟောပြော ပွဲများ လာရောက်လုပ်ကြတာမျိုးများ အပြင် မြန်မာကုမ္ပဏီများနှင့်လည်း ချိတ်ဆက်ပြီး ကျောင်းသားခေါ်ယူမှု များကြောင့် ၂၀၀၉ ခုနှစ်တွင် ဂျပန်သို့ ပညာသင်သွားရောက်သော ကျောင်း သားဦးရေ ၂၀ ရာခိုင်နှုန်းခန့် တိုးလာ သည်ကို တွေ့ရကြောင်း ကိတ်အင်တာ နေရှင်နယ် အင်စတီကျူးရှင်းမှ တွဲဖက် ဒါရိုက်တာ မစ္စတာဖူမစ်ဆုဂု အိုဆုကိ က ပြောသည်။

"ယခင်က ဂျပန်ကျောင်းတွေဟာ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့လို သူတို့နဲ့ ဘာသာစကားချင်း ဆက်နွှယ် နေတဲ့နိုင်ငံတွေက ကျောင်းသားတွေ ကိုသာ ဈေးကွက်ရှာဖွေခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို လည်း ဈေးကွက်ချဲ့ထွင်လာတာ တွေ့ ရပါတယ်"ဟု Greater Mekong Initiative ပညာရေးကုမ္ပဏီဥက္ကဋ္ဌ ဦးမြင့်သူက ပြောသည်။

"ဂျပန်အစိုးရကလည်း မကြာသေးမီ က ၂၀၀၉-၂၀ မှာ ပြည်ပပညာတော် သင်ကျောင်းသား ၃၀၀,၀၀၀ ခေါ်ယူ မယ့် အစီအစဉ်ကို ချမှတ်ခဲ့ပြီး ကျောင်းသားဗီဇာ စည်းမျဉ်းတွေကို လည်း လျှော့ပေါ့ပေးခဲ့တာကြောင့် ကျောင်း သား ၁၀၀ ဗီဇာလျှောက်ရင် ၁၀၀ စလုံး ရနိုင်တဲ့အနေအထားမျိုး ဖြစ်လာပါပြီ။ ကျောင်းသား ၃၀၀,၀၀၀ ခေါ်ယူမယ့် အစီအစဉ်အရ တစ်နှစ်ကို မြန်မာကျောင်းသား ၅၀ လောက် ဂျပန် မှာ သွားရောက်ပညာသင်ကြားခွင့် ရရှိ နိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ပေါက် လာပါမယ်"ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာယာဆူအာ ကီ နိုဂါဝါက ပြောသည်။

၂၀၁၀ ပြည့်နှစ်တွင် တောင်ကိုရီး ယားနိုင်ငံ၏ ယဉ်ကျေးမှု မြှင့်တင်ရေး အစီအစဉ်အရ အာဆီယံနိုင်ငံများက ကျောင်းသား ၅၀၀ ကို ပညာသင်ဆုများ ပေးအပ်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သမ္မတနိုင်ငံသံရုံး ပထမအတွင်းဝန် မစ္စတာဂွမ်ဂျယ်ဟွမ်း က ပြောသည်။

၂၀၀၅ ခုနှစ်ကစတင်ခဲ့သည့် တောင် ကိုရီးယားအစိုးရ၏ ပညာတော်သင်ဆုများကြောင့် ပုံမှန်အားဖြင့် မြန်မာ ကျောင်းသားများ တစ်နှစ်ကို ၂၀ ခန့် ပညာတော်သင်ဆုရရှိနေပြီး ၂၀၀၉ ခုနှစ်တွင် ဘွဲ့မရသေးသည့်ကျောင်းသား ၁၀ ယောက်နှင့် ဘွဲ့ရပြီး ၁၁ ယောက် ခေါ်ယူခဲ့သည်။

၂၀၁၀ ဇန်န၀ါရီလဆန်းတွင် ဘွဲ့ မရသေးသည့်ကျောင်းသားများအတွက် ပညာတော်သင်ဆုလျှောက်ထားနိုင်ရန် စတင်ခေါ်ယူ နေပြီဖြစ်သည်။