Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တုပ်ကွေးရောဂါကာကွယ်ရေး အစဉ်အမြဲ သတိပြုရန်လိုအပ်

ခင်မြတ်နှင့် ဇာဇာစိုး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ကမ္ဘာ့လူတုပ်ကွေး A/H1N1 ကူးစက်မှု အရှိန်ကျလာပြီဖြစ်သော်လည်း အဆိုပါ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ အနေဖြင့် အမြဲ သတိပြုသင့်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ်(၁) အဏုဇီဝ ဗေဒဌာနမှူး ပါမောက္ခ ဒေါက်တာ ကြည်ကြည်သင်းက ပြောသည်။

ဇန်န၀ါရီလ ၂၅ ရက်မှ ၂၉ ရက် အထိ ဆေးသုတေသန(အောက်မြန်မာ ပြည်)တွင် ကျင်းပသော မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာ ခံတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ၎င်းက ၁၉၁၈ ခုနှစ် တွင် ဖြစ်ပွားခဲ့သော စပိန်တုပ်ကွေးသည် ကမ္ဘာတစ်ဝန်း လူပေါင်း သန်း ၂၀ မှ ၄၀ အထိ၊ ၁၉၅၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အာရှတုပ်ကွေးသည် တစ်သန်းမှ လေးသန်းအထိ၊ ၁၉၆၈ ခုနှစ်တွင် ဖြစ်ပွားသော ဟောင်ကောင် တုပ်ကွေးသည် တစ်သန်းမှ လေးသန်း အထိ အသက်ဆုံးရှုံးခဲ့သည်။

"သမိုင်းအစဉ်အဆက်က ဖြစ်ပျက်ခဲ့တဲ့ တုပ်ကွေးတွေကို ပြန်လေ့လာကြည့် မယ်ဆိုရင် ပထမ အရှိန်သေသွားပြီး နောက်တစ်ဖန် ပြန်ဦးမော့လာတော့မှ လူပေါင်းသန်းနဲ့ချီပြီး အသက်ဆုံးရှုံးစေခဲ့တယ်။ ဒီလိုအစဉ်အဆက်တွေရှိခဲ့တဲ့ အတွက် ကျွန်မတို့အနေနဲ့ ကာကွယ်ရေး နဲ့ပတ်သက်ပြီး အမြဲသတိပြုသင့်တယ်" ဟု ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူ အိပ်ခ်ျအို)၏ ဇန်န၀ါရီလ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလက စတင်ဖြစ်ပွား ခဲ့သော ကမ္ဘာ့ လူတုပ်ကွေးရောဂါကြောင့် ကမ္ဘာ တစ်ဝန်း သေဆုံးသူစုစုပေါင်း ၁၄,၁၄၂ ဦး ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့လက်ရှိအထိ ကမ္ဘာ့လူတုပ်ကွေး ကူးစက်ခံရသူပေါင်း ၆၉ ဦး ရှိပြီဖြစ်သည်။