Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဈေးများတွင် ကြွပ်ကြွပ်အိတ်များ ရောင်းချခြင်း စတင်တားမြစ်

မျိုးမျိုး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ရန်ကုန်မြို့ရှိ ဈေးများတွင် ကြွပ်ကြွပ် အိတ် ရောင်းချခြင်းကို ဇန်န၀ါရီလ ၂၈ ရက်နေ့မှစတင်၍ ပိတ်ပင်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်သိန်း လင်းက ဇန်န၀ါရီလ ၂၆ ရက်နေ့က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအောက်ရှိ ဈေးပေါင်း ၁၆၈ ဈေးတွင် ကြွပ်ကြွပ်အိတ်ရောင်းချခြင်း မပြုရန် သတိပေး ကြော်ငြာများကပ် ခြင်း၊ အရောင်ပါ ကြွပ်ကြွပ်အိတ်များ ဖြင့် အသုံးပြုခြင်းကြောင့် အန္တရာယ်ဖြစ် စေနိုင်မှု ပညာပေးခြင်းများကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

မြို့တော်စည်ပင်သာယာရေးကော် မတီအနေဖြင့် သိပ်သည်းဆမြင့်မားပြီး ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကို ပျက်စီးစေသည့် ကြွပ်ကြွပ် အိတ်များထုတ်လုပ်ခြင်းကို ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ လုပ်ငန်းများရပ်ဆိုင်းရန်ကိုလည်း ကြေညာ ခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ အဆင့်မြင့် ဈေးဝယ်စင်တာများ၌ ပလတ်စတစ်အိတ်အကြည်များ ပြောင်းလဲအသုံးပြုခြင်း ပိုမို တွင်ကျယ်လာသော် လည်း ဈေးအချို့တွင် အရောင်ပါ သိပ်သည်းဆမြင့်မားသည့် ကြွပ်ကြွပ် အိတ်များ အသုံးပြုလျက်ရှိနေသေး သည်ကို တွေ့ရသည်။

ကမာရွတ်မြို့နယ်နေ ဦးမျိုးညွန့်က "ဈေးဝယ်တဲ့သူတွေကလည်း အသိ ပညာရှိဖို့ လိုအပ်တယ်။ အကယ်လို့ ကိုယ်ဝယ်မယ့်ပစ္စည်းကို အရောင်ပါ အိတ်နဲ့ ထည့်ပေးရင် ငြင်းတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် recycle အိတ်နဲ့ပဲဖြစ်ဖြစ် ပြောင်းထည့်ပေးဖို့ ပြောဖို့လိုလိမ့်မယ် ထင်တယ်"ဟု ပြောသည်။