Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာအားကူညီရန် ကမ္ဘာ့ဘဏ်စဉ်းစား

ဆန်းဦး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအား အကူအညီများ ပြန်လည်ပေးသွားရန် စဉ်းစားနေသည်ဟု ကမ္ဘာ့ဘဏ်မှ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သူ ဂျိမ်းစ် အဒမ်က အင်္ဂလန်နိုင်ငံထုတ် Financial Times သတင်းစာကို ပြောသည်။

ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့မှ တာဝန်ရှိသူများ မကြာမီက လာရောက်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံအတွက် အထောက်အပံ့ပေးရေးမှာ အကန့် အသတ်ရှိမည်ဖြစ်ကာ စီမံကိန်းများ အတွက် ကမ္ဘာ့ဘဏ် ကျွမ်းကျင်သူများ က နည်းပညာအကူအညီပေးခြင်းသာ ဖြစ်လိမ့်မည်ဟု ဘဏ်၏အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ မစ္စတာဂျိမ်းစ်အဒမ်က ပြောသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် အကန့်အသတ်ရှိနေ သော်လည်း ထူးခြားသည့်ခြေလှမ်းတစ် ရပ်ဖြစ်သည်ဟု Financial Times သတင်းစာက ဖော်ပြသည်။

အကူအညီပေးရန် ကမ္ဘာ့ဘဏ်မှ ဆွေးနွေးနေသော စီမံကိန်းများအနက် တစ်ခုမှာ တိုင်းပြည်၏စာရင်းအင်းစနစ်ကို ခေတ်မီအောင် ပြုလုပ်ရန်ဖြစ်ကြောင်း သိရသည်။