Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဆင် သတင်းဇာတ်ကား ပြင်သစ်အဖွဲ့ လာရောက်ရိုက်ကူး

မျိုးမျိုး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံရှိ ဆင်များနှင့်ပတ်သက်သည့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေစဉ်။ ဓာတ်ပုံ-ခင်မောင်ကြီး

ပြင်သစ်နိုင်ငံအခြေစိုက် Compass Films ကုမ္ပဏီမှ မြန်မာနိုင်ငံအပါ အ၀င် နိုင်ငံပေါင်းလေးနိုင်ငံရှိ ဆင်များ အကြောင်းကို အခြေခံ၍ သတင်း ဇာတ်ကား ရိုက်ကူးလျက်ရှိရာ ယခုနှစ်ကုန်တွင် ရိုက်ကူးမှုပြီးစီးမည် ဖြစ်ကြောင်း ထုတ်လုပ်သူ Ms Frédérique Lengainge က ပြောသည်။

အဆိုပါသတင်းဇာတ်ကားအတွက် မြန်မာနိုင်ငံတွင် ရိုက်ကူးမှုအပိုင်းကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ၂၀၁၀ ပြည့်နှစ်၊ ဧပြီလအထိ ပဲခူးရိုးမ အရှေ့၊ အနောက်နှင့် ရန်ကုန်တိုင်း အတွင်းရှိ မြန်မာ့သစ် လုပ်ငန်း အောက် ရှိ ဆင်စခန်းများတွင် ရိုက်ကူးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းသတင်းဇာတ်ကားကို 'ဘ၀ မှတ်တမ်းများ' (Life Size Memories) ဟု ယာယီအားဖြင့် အမည်ပေး ထားပြီး ပြသချိန် မိနစ် ၉၀ ကြာမြင့်မည် ဖြစ်ကာ National Geographic ရုပ်သံလိုင်းတွင် ပြသမည်ဖြစ်သည်။

သတင်းဇာတ်ကားကို Mr. Klaus Resinger နှင့် Ms Frédérique တို့ လာရောက်ရိုက်ကူးနေပြီး ရိုက်ကူးခွင့် ရရှိရန် ထူးဖောင်ဒေးရှင်း က ကူညီပံ့ပိုး ပေးခဲ့သည်။

"သတင်းဇာတ်ကား ရိုက်ကူးရေးပိုင်းကတော့ ဒီနှစ်ကုန်မှာ ပြီးလိမ့်မယ်။ ၂၀၁၁ နှစ်ဝက်မှာ ပြနိုင်မယ်လို့ မှန်းထား ပါတယ်"ဟု Mr Klaus က ပြောသည်။

"နိုင်ငံတစ်နိုင်ငံစီမှာ ရိုးရာတွေကလည်း မတူညီကြဘူး။ ဒါကြောင့် ဒီနိုင်ငံ လေးနိုင်ငံကို ရွေးချယ်ခဲ့တာဖြစ်တယ်။ ဆင်တွေကို မြန်မာ နိုင်ငံမှာဆိုရင် သစ်ထုတ်လုပ်ငန်းမှာ အသုံးပြုတယ်။ ဥပမာအားဖြင့် ဆင်တွေကိုထိန်းတဲ့ ဆင်ထိန်းတွေက ဆင်တွေရဲ့ ဂုတ်ပေါ်မှာ ထိုင်တယ်။ သီရိလင်္ကာမှာဆိုရင် ဆင်ရဲ့ပခုံးပေါ်မှာ ထိုင်တယ်။ ဒါတွေဟာ မတူတဲ့အချက်တွေပဲဖြစ်တယ်။ ထိုင်းနိုင်ငံမှာ ဆင်တွေဟာ သစ်ထုတ်လုပ်တဲ့လုပ်ငန်းမှာ မလုပ်ကြဘူး။ ခရီးသွားလုပ်ငန်းမှာပဲ လုပ်ကြတယ်။ ဒီမှာ သစ်ထုတ်လုပ်ငန်းဟာ ခက်ခဲတဲ့ လုပ်ငန်းဖြစ် တာတောင် ဆင်တွေဟာ သူတို့အလုပ်မလုပ်တဲ့အချိန်တွေမှာ သူတို့အစားအစာအတွက် တောထဲကို သွားလာနေခွင့်ရကြတယ်။ ထိုင်းနဲ့ သီရိလင်္ကာမှာတော့ ဆင်တွေကို သူတို့ရဲ့ အလုပ်ပြီးတာတောင်မှ သူတို့ကို ထိန်းထားတယ်"ဟု Ms Frédérique Lengainge က ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် သတင်းဇာတ်ကား လာရောက် ရိုက်ကူးမှုမှာ ယခုအကြိမ်သည် သုံးကြိမ် မြောက်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က 'ဆင်၏စွမ်းအား' အမည်ဖြင့်လည်း ကောင်း၊ ၂၀၀၂ ခုနှစ်က မြိတ်ကျွန်းစု တွင် "Gypsies of the Sea" ကိုလည်း ကောင်း ရိုက်ကူးခဲ့သည်။

"ပထမ ဆင်နဲ့ပတ်သက်တဲ့သတင်း ဇာတ်ကားမှာ ဆင်ရိုင်းနဲ့ ရိုးရိုးဆင်တွေ ကြားမှာရှိတဲ့ ဆက်နွှယ်မှုကို အာရုံစိုက်ခဲ့တယ်။ အခုဇာတ်ကားကတော့ ဆင် တစ်ကောင်ချင်းစီကိုပဲ ပိုပြီး အာရုံစိုက် ထားပါတယ်"ဟု ၎င်းက ပြောသည်။

"လွန်ခဲ့တဲ့ ၁၀ နှစ် မြန်မာနိုင်ငံကို ဆင်နဲ့ပတ်သက်ပြီး ရိုက်ကူးခဲ့တုန်းက၊ သစ်ထုတ်လုပ်တဲ့အဖွဲ့က ဆင်ရိုင်းတွေ ကိုဖမ်းဖို့အတွက် မေ့ဆေးသေနတ်တွေကို သုံးခဲ့တယ်။ အခုဇာတ်ကားမှာတော့ ရိုးရာနည်းလမ်းတွေကိုပဲ ပြသဖို့ ကြိုးစားနေပါတယ်" ဟု Mr Resinger က ပြောသည်။

ထို့ပြင် တစ်နိုင်ငံစီတွင်ရှိသည့် ဆင်များ၏ ကွဲပြားခြားနားမှု၊ ၎င်းတို့ရဲ့ဘ၀၊ သမိုင်း၊ နေထိုင်မှုပုံစံတွေကို တင်ဆက်သွားမည်ဖြစ်သည်။