Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တောင်စွန်းတွင် ဆေးရုံသစ်ဖွင့်မည်

စိုးသန်းလင်းနှင့် ရဲလွင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

မွန်ပြည်နယ်၊ တောင်စွန်းမြို့နယ် ကျေးရွာ ၁၂ ရွာရှိ လူဦးရေ ၇၅,၀၀၀ ကျော်၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ဦးဆောင်သည့် ယဉ် ကျေးလိမ္မာကလေးငယ်များ စုပေါင်း မတည် တည်ဆောက်ခဲ့ကြသော ခေတ်မီတိုက်နယ်ဆေးရုံကို ယခုလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးရုံသည် လူပုဂ္ဂိုလ်များ အတွက် ခုတင် ၁၆ လုံး၊ ရဟန်းသံဃာ တော်များနှင့် သီလရှင်များအတွက် ၁၆ လုံး စုစုပေါင်း ၃၂ လုံး ဆံ့ပြီး လူမျိုးဘာသာမရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ခေတ်မီစမ်းသပ်ကိရိယာများပါ တပ်ဆင်ထားကြောင်း အပြည်ပြည် ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓ တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အရှင် ဆေကိန္ဒက မိန့်ကြားသည်။

"ဒီဆေးရုံရဲ့ထူးခြားချက်က ဆေးရုံ အတွက် ကုန်ကျစရိတ်တချို့က ဘုန်းကြီး ရဲ့ ယဉ်ကျေးလိမ္မာသင်တန်းတက်ခဲ့တဲ့ ကလေးငယ် တွေက ဆေးလိပ်မသောက်၊ ကွမ်းမစားဘဲ နေ့စဉ် ကျပ် ၁၀၀ စုလာ တာတွေနဲ့ မ,တည်ပြီး အခုလို တည် ဆောက်နိုင်ခဲ့တာပါပဲ"ဟု ဆရာတော် က မြန်မာတိုင်း(မ်)ကို မိန့်ကြားသည်။

မွန်ပြည်နယ်၊ တောင်စွန်းမြို့နယ် စက်ကလေးရပ်ကွက်အတွင်းရှိ မြေ ၄ ဒသမ ၅ ဧကပေါ်တွင် တည်ဆောက် ထားပြီး ကျပ်ငွေ သန်း ၄၀၀ ခန့် ကုန်ကျသည့် အဆိုပါတိုက်နယ်ဆေးရုံကို လာမည့် ဖေဖော်ဝါရီလဒုတိယပတ်တွင် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း လှူဒါန်းသွားမည်ဖြစ်သည်။

"ဓာတ်မှန်၊ အီးစီးဂျီ၊ အာလ်ထရာ ဆောင်းစက်ကြီးတွေနဲ့ ဓာတ်ခွဲခန်းတွေ ကိုလည်း ခေတ်နဲ့အညီ တည်ဆောက် ထားလို့ ကျွန်မတို့ ဒေသခံတွေအဖို့ အရေးပေါ်ဖြစ်လာရင် ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်က ဆေးရုံတွေကို သွားစရာ မလိုဘဲ ဒီမှာပဲ ပြည့်ပြည့်စုံစုံ ကုသမှုခံယူ နိုင်ပါပြီ"ဟု အဆိုပါဒေသရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနာယက ဒေါ်စိန်မြင့်ဌေးက ပြောသည်။

ယခင်ရှိပြီးသား တိုက်နယ်ဆေးရုံမှာ မြေဧကတစ်ဝက်သာ ရှိသည့်အပြင် ခေတ်မီစက်ပစ္စည်းများ မပြည့်စုံသည့် အတွက် ဓာတ်မှန် ရိုက်ခြင်း၊ အာလ်ထရာဆောင်းရိုက်ခြင်း၊ အီးစီဂျီစက်ဖြင့် စမ်းသပ်ခြင်းများအတွက် ရန်ကုန်၊ မော်လမြိုင်၊ ဘားအံမြို့ကြီးများရှိ ဆေးရုံများသို့သာ သွားခဲ့ရကြောင်း သိရသည်။

"ဆေးရုံဟောင်းက တာဝန်ကျ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ၀န်ထမ်း အားလုံးက ဆေးရုံသစ်ကြီး လွှဲပြောင်း ပြီးတဲ့အခါ ဆေးရုံသစ်မှာ တာဝန်ထမ်း ဆောင်မှာ ဖြစ်ပါတယ်။ အဟောင်းကို တော့ ကျေးလက်ကျန်းမာရေးဆေးခန်း အဖြစ် ဆက်ထားသွားမှာပါ"ဟု ကျေးရွာ ဥက္ကဋ္ဌ ဦးသက်နိုင်စိုးက ပြောသည်။

ဆေးရုံသစ်တွင် သားဖွားဆောင်၊ ဓာတ်ခွဲခန်း၊ သံဃာတော်များအတွက် ခုတင်ရှစ်လုံးပါအဆောင်၊ သီလရှင်များအတွက် ခုတင်ရှစ်လုံး ပါအဆောင်၊ လူပုဂ္ဂိုလ်များအတွက် ခုတင် ၁၆ လုံးပါ အဆောင်နှင့် ရင်ခွဲဆောင် စသည်တို့ ပါဝင်ကြောင်း သိရသည်။

ဆေးရုံဝင်းအတွင်း၌ လူနာများ အတွက် ပန်းခြံ၊ လူသွားလမ်းနှင့် စေတီငယ်တစ်ဆူနှင့် တာဝန်ကျဆရာဝန်များ၊ သူနာပြုများနှင့် ၀န်ထမ်းများနေထိုင်ရန် လုံးချင်းတိုက်များနှင့် အဆောင်များကိုလည်း တည်ဆောက်ပေးထားသည်။