
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
အရိုးပွရောဂါအကြောင်း အသိပညာပေးမှု ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လိုအပ်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
အရိုးပွရောဂါသည် မကြာခင်နှစ်များ အတွင်း မြန်မာနိုင်ငံအပါအ၀င် အာရှ တိုက်သားများ အဓိကရင်ဆိုင်ရမည့် ရောဂါတစ်ခုဖြစ် ကြောင်း ရန်ကုန် ဆေး တက္ကသိုလ်(၂)ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်က ပြောသည်။
"မြန်မာနိုင်ငံအပါအ၀င် အာရှတိုက်သား တော်တော်များများဟာ ကယ်လ် စီယမ်ဓာတ်စားသုံးမှု နည်းပါးကြတဲ့အတွက် အရိုးပွရောဂါ ပိုမိုခံစားကြရ တယ်"ဟု ၎င်းက ပြောသည်။
အဆိုပါအရိုးပွရောဂါသည် အသက် အရွယ်ကြီးရင့်သူ အဘိုးအဘွား၊ သွေး ဆုံးပြီး အမျိုးသမီးများ၊ ကိုယ်လက်လှုပ် ရှားမှုနည်း သူများနှင့် အရက် အလွန်အကျွံ သောက်သုံးသူများတွင် ပိုမို ဖြစ်ပွားကြောင်း သိရသည်။
"ရင်သားကင်ဆာအကြောင်း လူတိုင်း သိတယ်။ အရိုးပွရောဂါအကြောင်း လူသိပ်မသိဘူး။ အရိုးပွခြင်းကြောင့် နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ အရိုးကျိုးပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း ခံစားနေ ကြရတဲ့အတွက် အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်ပါ တယ်"ဟု ပြောသည်။
ဆက်လက်၍ ဒေါက်တာတင့်ဆွေ လတ်က အရိုးပွခြင်းကြောင့်ဖြစ်သော တင်ပါးဆုံရိုးကျိုးခြင်းသည် နှစ်ပေါင်း ၃၀ အတွင်း အာရှဒေသ၌ သုံးဆအထိ မြင့်မားလာကြောင်း ပြောသည်။
တင်ပါးဆုံရိုးကျိုးခြင်းသည် သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားမှုအများဆုံး ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းသော လူနာများသည် ဒုက္ခိတဘ၀သို့ ရောက်ရကြောင်း ၎င်းက ဆိုသည်။
"တင်ပါးဆုံရိုးကျိုးတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားရတဲ့အတွက် လူနာတွေအနေနဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင် နှုန်းအထိ တစ်နှစ်အတွင်း သေဆုံးနိုင်တယ်"ဟု ဒေါက်တာတင့်ဆွေလတ်က ပြောသည်။
အရိုးကျိုးအက်ခြင်းသည် အဓိက အားဖြင့် ချော်လဲခြင်းကြောင့်ဖြစ်သဖြင့် သက်ကြီးရွယ်အိုများအနေဖြင့် သတိပြု နေထိုင်သွားလာ သင့်ကြောင်း၊ သွေးကျ ဆေး သောက်သုံးနေသူများ အနေဖြင့်လည်း အရိုးပွရောဂါဖြစ်ပွားမှုအလား အလာ ဆန်းစစ်ခြင်းကို ပြုလုပ် သင့်ကြောင်းနှင့် ကယ်လ်စီယမ် နှင့် ဗီတာမင်ဒီ အလုံအလောက် သောက် သုံးရန်လိုအပ်ကြောင်း သိရသည်။