Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် အသေးစား ချေးငွေ ဒေါ်လာ သန်း ၄၇၀ အထိ လိုအပ်

ဖြူဖြူဇင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွင် အကူအညီများစွာ လိုအပ်နေသေးကြောင်းနှင့် ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ပါက ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများစွာရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီ အစဉ်က ပြုလုပ်သော အစည်းအဝေး တစ်ခု၏ ဆုံးဖြတ်ချက်အရ သိရသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းတစ်ခုမှာ အသေးစား ချေးငွေ လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် လိုအပ်ချက်မှာ အမေ ရိကန် ဒေါ်လာ သန်း ၃၄၀ မှ သန်း ၄၇၀ ခန့်ဖြစ်သော် ည်း လတ်တလောတွင် လိုအပ်ချက် ၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း ပြည်ပအလှူရှင်များက ဖြည့်ဆည်းပေး နိုင်သေးကြောင်း၊ လယ်သမားအများစု မှာ အတိုးကြီးကြီးပေးရသော ငွေရှင် များထံတွင်သာ ချေးနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မစ္စတာ ဘီရှိုးပါရာဂျူလီ က ပြောသည်။

အစည်းအဝေးကို ဇန်န၀ါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

"စီးပွားရေးတိုးတက်ဖို့နဲ့ ဆင်းရဲမွဲတေ မှုတိုက်ဖျက်ဖို့ဆိုတာ ထုတ်လုပ်မှု တိုးတက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ တော့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေပြီး အများစုက စိုက် ပျိုးရေးနဲ့ အသက်မွေးတော့ စိုက်ပျိုးသီးနှံ တိုးတက်မှုရှိဖို့၊ မွေးမြူရေးလုပ်ငန်း တိုးတက်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကောက်ယူရရှိထားတဲ့ စစ်တမ်းတွေနဲ့ ညွှန်းကိန်းတွေအရ စိုက်ပျိုးရေးကဏ္ဍဟာ တိုးတက် မှုဖြစ်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွား ရေးဖွံ့ဖြိုးဖို့အတွက် လယ်ယာကဏ္ဍဟာ အရေးပါတဲ့ကိစ္စဖြစ်ပြီး အကူအညီတွေလည်း အများကြီးလိုအပ်ပါတယ်" ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် မူဝါဒဆိုင်ရာအကြံပေး ရှဖစ်ရာမန်က ပြောသည်။

"ကုလသမဂ္ဂက ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းက ၂၂ မြို့နယ် က လယ်ငါးဧကအောက်လုပ်နေကြတဲ့ ကျေးရွာပေါင်း ၄,၆၄၅ ရွာ၊ အိမ်ထောင်စုအားဖြင့် ၃၅၀,၀၀၀ ကို နှစ်စဉ် ကျပ် ၂၅ သန်းလောက် ကူညီနေပါတယ်"ဟု ဌာနေညှိနှိုင်းရေးမှူး၏ အထူး လက်ထောက် အစ်ဘန်းဟာဘိုးက ဆိုသည်။

"ဒါဟာ လုံလောက်တဲ့ပမာဏတော့ မဟုတ်ဘူး"ဟု ကုလသမဂ္ဂ၏ လယ်ယာ လုပ်ငန်း ချေးငွေကိစ္စများကို အကောင် အထည်ဖော် နေသော အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်း PACT building capacity worldwide မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စား လှယ်နှင့် အသေးစားချေးငွေလုပ်ငန်းဆိုင်ရာမန်နေဂျာ Mr Fahmid Karim Bhuiya ကလည်း ပြောသည်။

"ဒါပေမယ့် ဒီအသေးစားငွေချေးလုပ်ငန်းဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တကယ်ထိရောက် တဲ့ လုပ်ငန်းတစ်ခုဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်"ဟု ဘီရှိုးပါရာဂျူလီက ပြောသည်။