Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဆရာများအား သဘာဝဘေး သင်တန်းပို့ချ

နွမ်ဘွိုင်း
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကြီးမှူးကာ အမှတ်(၃) အခြေခံပညာဦးစီးဌာနနှင့် မင်္ဂလာမြန်မာတို့ ပူးပေါင်းပြီး သဘာဝ ဘေးအန္တရာယ် လျှော့ချရေးသင်တန်း ကို ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ၃၀ မှ ဆရာဆရာမတစ်ဦးစီအား ဖိတ် ကြားကာ ဇန်န၀ါရီလ ၃၀ နှင့် ၃၁ ရက် တို့တွင် ပို့ချပေးခဲ့သည်။

"ဒီလို ကျောင်းဆရာ၊ ဆရာမတွေကို ပို့ချပေးတာကတော့ သူတို့က ကျောင်းက ကလေးတွေကို ပြန်လည်ပို့ချပေးဖို့ပါ။ ကလေးတွေ ကျတော့ သင်ပေးရတာ လွယ်တယ်။ သူတို့စိတ်ထဲမှာလည်း စွဲစွဲမြဲမြဲရှိဖို့ ပိုလွယ်တယ်။ သူတို့သိပြီဆိုရင် အိမ်တွေမှာ သူတို့သိတာ လေးတွေကို ပြန်ပြီးတော့လည်း ပြောတတ်ကြ တော့ လူကြီးတွေကပါ သိနိုင်တယ်"ဟု မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာ ဖုန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောသည်။

"အဓိကအားဖြင့်တော့ ငလျင်ကြော ပေါ်မှာရှိနေတဲ့ ဒေသခံတွေကတော့ ငလျင်စလှုပ်ပြီဆိုရင် ဘာကိုစလုပ်မလဲ ဆိုတာတွေကို သိကို သိသင့်ပါတယ်။ပြီးတော့ ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ နည်းစနစ်တွေကိုလည်း လေ့ကျင့်သင့်ပါတယ်။ အဲဒါမှ ငလျင်လှုပ်ရင်လည်း အသေအပျောက်နည်းမယ်" ဟု ဒေါက်တာဖုန်းဝင်းက ပြောသည်။

မင်္ဂလာမြန်မာအနေဖြင့် သဘာဝ ဘေးအန္တရာယ် လျှော့ချရေးသင်တန်းများကို ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း နှင့် ရခိုင်ပြည်နယ်တို့ရှိ ရွာပေါင်း ၂၀၀ ခန့်တွင်လည်း ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ သင်တန်းများကို တစ်လ တစ်ခါခန့် ဖွင့်လှစ်သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။