
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပြည်ပ အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်နှင့် သောက်ရေသန့်များ အခွန်ထမ်းဆောင်ပြီး တံဆိပ်ကပ်ပြီးမှသာ ရောင်းချရတော့မည်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
ပြည်ပနိုင်ငံများမှ တင်သွင်းသော အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်နှင့် သောက်ရေသန့်များအား အခွန်တံဆိပ် ကပ်ပြီးမှသာ ရောင်းချ ရတော့မည်ဖြစ် ပြီး ပြည်တွင်း၌ လက်ရှိရောင်းချမည့် အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်နှင့် သောက်ရေသန့်များကိုလည်း မြို့နယ် အလိုက် အဖွဲ့များဖွဲ့ကာ စိစစ်၍ အခွန် တံဆိပ်ခေါင်းများ ကပ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မတ်လ ၁ ရက်နေ့မှ စတင်၍ ကြေညာချက်များထုတ်ပြန်ကာ လုပ်ငန်းရှင်များကို အသိပေးခဲ့ပြီး မတ်လ ၄ ရက်နေ့မှ စတင်၍ တစ် နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် တစ်မြို့နယ်လျှင် တစ်ဖွဲ့နှုန်း (one stop service) ဖြင့် ရောင်းချမည့် ပြည်ပနိုင်ငံထုတ် အရက်၊ ဘီယာနှင့် စီးကရက်များကို အခွန် တံဆိပ်ကပ်ပေးမည်ဖြစ်သည်။
၎င်းအဖွဲ့ကို သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာန ဦးစီးမှူးက ဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ် အကောက်ခွန်ဦးစီး ဌာန၊ မြန်မာ့ စီးပွားရေးဘဏ်၊ အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်၊ သို့မဟုတ် မြို့နယ်စည်ပင်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ကာ အခွန်တံဆိပ်ခေါင်းများ ကပ်ပေးမည်ဖြစ်သည်။
"အခွန်က သွင်းကုန်၊ ကုန်သွယ်လုပ်ငန်းခွန်ရယ်၊ အကောက်ခွန်ရယ်၊ ရွေးယူဒဏ်ရယ် ပေါင်းပြီးဆောင်ရမယ်။ တစ်သောင်းခွဲတန်
ဝီစကီတစ်လုံး ဆိုရင် အခွန်စုစုပေါင်း ကျပ် ၇၀၀ ကျော် လောက် ကျမယ်"ဟု ၎င်းက ဆိုသည်။
စီမံချက်ကာလ တစ်လသတ်မှတ် ထားပြီး ပြီးဆုံးပါက ပြည်ပနိုင်ငံထုတ် အရက်၊ ဘီယာ၊ ၀ိုင်၊ သောက်ရေသန့် နှင့် စီးကရက်များကို တံဆိပ်ခေါင်း မကပ်ဘဲ ရောင်းချသည်ကို တွေ့ရှိပါက အကောက်ခွန်ဥပဒေနှင့် အခြားတည်ဆဲ ဥပဒေများနှင့်အညီ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းအရေးယူသွားမည်။
ထို့ပြင် ထပ်မံတင်သွင်းလာမည့် အဆိုပါစားသောက်ကုန်များအပေါ် ဆောင်ရွက်သွားရမည့် ညွှန်ကြားချက်များကို ဆက်လက်ထုတ်ပြန် သွားမည် ဟုလည်း သိရသည်။
ပြည်တွင်းထုတ် အရက်၊ ဘီယာနှင့် စီးကရက်များကို ၂၀၀၇ ခုနှစ်၊ ဧပြီလမှ စတင်၍ အခွန်တံဆိပ်ခေါင်းကပ်ပြီးမှ ရောင်းချခွင့်ပြု ထားသည်။
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ ပြည်တွင်းထုတ် ဘီယာများအတွက် ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်း အခွန် ပေးဆောင်ရပြီး အရက် အတွက် ၇၅ ရာခိုင်နှုန်း၊ ၀ီစကီအတွက် ၂၀၀ ရာခိုင် နှုန်း၊ ရမ်အတွက် ၂၀၀ ရာခိုင်နှုန်း ပေး ဆောင်ပြီးမှ ရောင်းချခွင့်ပြုထားသည်။
အခွန်ဆောင်ပြီးမှ ရောင်းချခွင့်ပြုထားသဖြင့် ပြည်တွင်းထုတ်အချို့မှာ နိုင်ငံခြားဖြစ်များနှင့် မယှဉ်ပြိုင်နိုင်သည့် အခြေအနေတွင် ရှိနေသည်။