
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ခြင်ကြောင့်ဖြစ်သည့် ချီကန်ဂန်ညာရောဂါနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
ချီကန်ဂန်ညာ(Chikungunya) ရောဂါသည် ခြင်ကြောင့်ဖြစ်ပွားတတ်သာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကိုယ်အပူချိန် မြင့်တက်ဖျားနာ ခြင်းများနှင့် အဆစ် အမျက်ကိုက်ခဲခြင်းများ ဖြစ်ပေါ်စေပါသည်။
ရောဂါ၏ သွင်ပြင်လက္ခဏာများမှာ ခြင်ကြောင့်ဖြစ်ပွားသည့် အခြားသော ရောဂါတစ်ခုဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ (Dengue) ကြောင့် ဖြစ်ပွားသော အချို့သွင်ပြင် လက္ခဏာများနှင့် တူညီသော်လည်း ချီကန်ဂန်ညာ ရောဂါအား အမြစ်ပြတ်အောင် ကုသ၍ မရနိုင်ဘဲ ရောဂါသက်သာအောင် အဓိကထား၍ ကုသပေးခြင်းကိုသာ ပြုလုပ်နိုင်ပါသည်။
လူအများနေထိုင်ရာ နေအိမ် အဆောက်အအုံများ၌ ခြင်ပေါက်ဖွားမှု များပြားပါက အဆိုပါရောဂါ ပိုမိုဖြစ်ပွားနိုင်ပါသည်။
အာဖရိက၊ အာရှနှင့် အိန္ဒိယတိုက်ရှိနိုင်ငံများ၌ အများဆုံး တွေ့ရှိခဲ့သော်လည်း ယခုအခါ ဥရောပတိုက်နှင့် အမေရိကတိုက်ရှိ အချို့သော နိုင်ငံများတွင်သာ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။
၂၀၀၇ ခုနှစ်တွင် ဥရောပတိုက်ရှိ အီတလီနိုင်ငံအရှေ့ မြောက်ပိုင်းဒေသများ၌ ယင်းရောဂါ ပထမဆုံးအကြိမ်စတင်ဖြစ်ပွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။
ယင်းရောဂါအား ၁၉၅၂ ခုနှစ်တွင် အာဖရိကတိုက်ရှိ တန်ဇန်းနီးယားနိုင်ငံ တောင်ပိုင်း၌ စတင်ပျံ့နှံ့သည်ကို ပထမဆုံး တွေ့ရှိခဲ့ရ ပါသည်။
ယင်း ရောဂါပိုးသည် တွန်ဂါဗီရီဒေး (Tongaviridae) ဗိုင်းရပ်စ်အုပ်စုဝင် အယ်လ်ဖာဗိုင်းရပ်စ်အမျိုးအစား ဖြစ်ပါသည်။
ချီကန်ဂန်ညာဟူသော ဝေါဟာရ အသုံးအနှုန်းမှာ အာဖရိကတိုက်ရှိ မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းနှင့် တန်ဇန်းနီးယားနိုင်ငံ အရှေ့တောင် ပိုင်းတွင် နေထိုင်သော မာကွန်ဒေးလူမျိုးစု ဘာသာစကားမှ ဆင်းသက်လာသော အခေါ်အဝေါ်တစ်ခုဖြစ်ပြီး ကိုယ်လက် တွန့်လိမ် ကွေးကောက်သောရောဂါဟု အဓိပ္ပာယ်ရပါသည်။
ရောဂါခံစားရသည့်အချိန်၌ အဆစ်အမျက်များ နာကျင်ကိုက်ခဲသည့်အတွက် ဝေဒနာရှင်အနေဖြင့် ခန္ဓာကိုယ် တွန့်လိမ် ကောက် ကွေးအောင် ခံစားရခြင်းကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။
ယင်းရောဂါခံစားရသည့်အခါ၌ အဆစ်အမျက်များ နာကျင်ကိုက်ခဲပြီး ကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ကျော်အထိ မြင့်တက်ကာ ဖျားနာသည့် ဝေဒနာကို ခံစားရပါသည်။
ထို့ပြင် ကြွက်သားများ နာကျင်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အရေးပြားပေါ်၌ အဖု အပိမ့် အနီ ကွက်များ၊ အင်ပျဉ်များ ဖြစ်ပေါ်ခြင်းတို့ ကြုံတွေ့နိုင်ပါသည်။
အဆစ်အမျက် နာကျင်ကိုက်ခဲခြင်းများအား ရက်အနည်းငယ်အတွင်းမှ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်သည် အထိ ခံစားရ နိုင်ပါသည်။
ရောဂါ ဝေဒနာရှင်အများစုသည် ကိုယ်အပူချိန် ကျဆင်းသွားသော်လည်း အဆစ် အမျက်ကိုက်ခဲခြင်းများအား လပေါင်းများစွာမှ နှစ်ပေါင်းများစွာအထိ ခံစားရ လေ့ရှိပါသည်။ အသက်အရွယ်ကြီးရင့် သူတို့အဖို့ အသက်အန္တရာယ်ကိုပင် ထိခိုက်နိုင်ပါသည်။
ယင်းရောဂါပိုးရှိသူအား ကိုက်ထားသော ခြင်မှတစ်ဆင့် အခြားသူများအား ကူးစက်နိုင်ပါသည်။
ယင်းရောဂါ ပိုးအား သယ်ဆောင်လာသည့်ခြင်များသည် နေ့အလင်းအရောင်ရှိချိန် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းအချိန်များ၌ လူ အများအား ကိုက်ခဲလေ့ရှိပါသည်။
ရောဂါပိုးရှိသောခြင် အကိုက်ခံရပြီး နောက် လေးရက်မှ ရှစ်ရက်အတွင်း ခြင်ကိုက်ခံရသူတို့၌ ဖျားနာခြင်းများ စတင်ဖြစ်ပေါ်တတ်ပြီး ကိုယ်အပူချိန် ကျဆင်းစေရန်မှာ နှစ်ရက်မှ ၁၂ ရက် အထိ ကြာမြင့်နိုင်ပါသည်။
ခြင်ပေါများသော လူနေအဆောက် အအုံများတွင် ယင်းရောဂါအများ အပြား ဖြစ်ပေါ်နိုင်ပါသည်။
ထို့ကြောင့် နေအိမ်အဆောက်အအုံများ၌ ခြင် ပေါက်ပွားနိုင်သည့် ရေသိုလှောင်ကန် များအား အတတ်နိုင်ဆုံး ဖုံးအုပ်ထား ခြင်းများ ပြုလုပ်ရပါမည်။
ထို့ပြင် ခြင်ပေါက်ပွားတတ်သည့် နေရာများအား ခြင်ဆေးဖျန်းခြင်းဖြင့် ခြင်မပေါက်ပွားနိုင်ရန် အကာအကွယ်များ ပြုလုပ်ထား ရပါသည်။
ထို့ပြင် ခြင်ကိုက်ခံရမှုမှ ကာကွယ်နိုင်ရန်အတွက် နေ့ခင်းပိုင်း အချိန်၌ ခြင်မကိုက်စေသည့် လိမ်းဆေးများ လိမ်းခြင်း၊ နေ့ခင်းအိပ်စက် သည့် အချိန်များ၌ အ၀တ်အစားများအား အတတ်နိုင်ဆုံး လုံလုံခြုံခြုံ ၀တ်ဆင်ထားရန် လိုအပ်ပါသည်။
ထို့ပြင် အရေပြားပေါ်၌ ကလေးသူငယ်များနှင့် သက်ကြီး ရွယ်အိုများအား ခြင်ထောင်များထောင်၍ အိပ်စက်စေခြင်းတို့ကို ပြုလုပ်ခြင်း ဖြင့် ကာကွယ်နိုင်ပါသည်။
ခြင်ဆေးခွေများနှင့် အခြားသော ခြင်ဆေးအမျိုးမျိုးတို့အား နေအိမ်အတွင်း ထွန်းညှိထားခြင်းဖြင့် ခြင်ကိုက်ခံရမှုကင်းဝေးအောင် ကာကွယ်နိုင်ပါသည်။