Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပြည်ခိုင်ဖြိုးပါတီ တစ်နိုင်ငံလုံးတွင် ရုံးပေါင်း ၄၀၀ ကျော် ဖွင့်လှစ်

မျိုးမျိုးနှင့် အောင်ရှင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)
News Pic
ယခုလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးသစ်ဖွင့်ပွဲ၌ ကြွေးကြော်နေကြသည့် ပါတီအဖွဲ့ဝင်များအား တွေ့ရစဉ်။ အဆိုပါနေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
သည် မြန်မာတစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်း ၄၀၀ ကျော်ကို တစ်ပြိုင်နက်တည်း၊ဖွင့်လှစ်ခဲ့သည်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယခုလ ၂၀ ရက်နေ့က မြန်မာ တစ်နိုင်ငံလုံးတွင် ရုံးခွဲပေါင်း ၄၀၀ ကျော်ကို တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့သည်။

အဆိုပါရုံးများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်အဆင့် ၄၅ ရုံး၊ ခရိုင်အဆင့်လေးခုနှင့် တိုင်းဒေသကြီး အဆင့် ရုံးတစ်ရုံးလည်း ပါဝင် ကြောင်း သိရသည်။

ပါတီ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများကို ဩဂုတ်လကုန်တွင် စတင်မည် ဖြစ်ကြောင်းနှင့် လွှတ်တော်သုံးရပ်စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပါတီ၏ အလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း လွှတ်တော်သုံးခုစလုံးတွင် ယှဉ် ပြိုင်မည်ဖြစ်ပြီး ပြည်သူ့ လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၄၅ ဦး၊ တိုင်းဒေသကြီး လွှတ်တော်အတွက် ၉၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး အပါအ၀င် ရခိုင်နှင့်ကရင်တိုင်းရင်းသားရေးရာ အမတ်နေရာအတွက် နှစ်ဦး ၀င်ရောက်အရွေးခံမည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့တော်ဝန်ဖြစ်သူ ဦးအောင်သိန်းလင်းသည်လည်း ပါတီ ဗဟိုအမှုဆောင်အဖြစ်ပါဝင်ပြီး တောင်ဥက္ကလာပမြို့နယ်မှ ၀င်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို အခြေခံဖွဲ့စည်းထားသည့်အတွက် ပါတီအဖြစ် အသွင်မကူး ပြောင်းခင်က အသင်းသား ၂၆ သန်းကျော်ရှိခဲ့ရာ ပါတီအသွင် ကူးပြောင်းပြီးနောက်ပိုင်း အသင်းသားဦးရေ ၁၈ သန်းမှ သန်း ၂၀ ခန့် (နိုင်ငံ့ဝန်ထမ်းများနှင့် ကျောင်းသားများမပါ) ရှိနိုင်ကြောင်း သိရသည်။

"အသင်းသားတွေက ပါတီဝင်အဖြစ် ပြောင်းလဲဖို့ အဆိုပြုလာတဲ့အပြင် ပါတီဝင်ဦးရေကလည်း နေ့စဉ်တိုးတက် နေပါတယ်"ဟု အမှုဆောင်တစ်ဦးက ဆိုသည်။

ပါတီသည် ဆင်းရဲချမ်းသာကွာဟမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

ပါတီလုပ်ငန်းစဉ်များ လည်ပတ်နိုင်ရန်အတွက် ဘဏ္ဍာငွေ ရှာဖွေသုံးစွဲမှုကို မြန်မာတိုင်း(မ်)က မေးမြန်းရာတွင် ဘဏ်အတိုးနှုန်းဖြင့် ငွေထုတ်ချေးမှုကို စတင်ဆောင်ရွက်ခဲ့သဖြင့် အဆိုပါငွေမှ တိုးပွားလာသော သင်တင့်သည့် ငွေလုံးငွေရင်း ရရှိထားပြီးဖြစ်ကြောင်းနှင့် အဆိုပါငွေကြေးဖြင့်ပင် လူထုအကျိုးအတွက် ပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တစ်ချိန်တည်းမှာပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မန္တလေး ရုံးချုပ်ကို မန္တလေးမြို့ မြို့တော်ဝန် ဦးဖုန်းဇော်ဟန်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်တို့က ဖွင့်လှစ်ပေးခဲ့သည်။

၎င်းတို့နှစ်ဦးသည် လာမည့်ရွေး ကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပါတီ၏ ကိုယ်စားလှယ်များ အဖြစ် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်သာက မန္တလေး တိုင်းဒေသကြီးအတွင်း ပါတီဝင်တစ်သန်းကျော်ရှိပြီ ဖြစ်ပြီး မဲဆွယ်စည်းရုံးသည့်အချိန်တွင် ပါတီဝင်အင်အား နှစ်ဆတိုးလာမည်ဟု မျှော်လင့်ကြောင်း သတင်းထောက်များကို ပြောကြားသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ၀န်ကြီးဒေါက်တာကျော်မြင့်အား ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မေးမြန်းရာ တွင် ၎င်းက ပါတီအနေဖြင့် ပုံမှန်အတိုင်းသာ ဆက်လက်လုပ်ဆောင်နေမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ ကောင်းစားရေးအတွက် ယခင်ကတည်းက ဆောင်ရွက်နေခဲ့ကြောင်း ပြောသည်။

အဆိုပါရုံးဖွင့်ပွဲတွင် တက်ရောက်လာသူများက ရွေးကောက်ပွဲကြီးအောင်မြင်ရမည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရမည်ဟူသော ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။