
ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်
ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဒီမိုကရက်တစ်ပါတီ သာယာဝတီရုံးခွဲဖွင့်
သောမတ်စ်ကင်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

သာယာဝတီမြို့နယ်ရုံးခွဲဖွင့်ပွဲသို့ တက်ရောက်လာသော ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်း။
ဓာတ်ပုံ-ခရစ္စဒေဗီ
လူ ၁၅၀ လောက် ပြွတ်သိပ်နေတဲ့ ရုံးခန်းသေးသေးလေးထဲမှာ ကွမ်းနံ့က တထောင်းထောင်း ထနေတယ်။
အသက် ၃၀ နဲ့ ၄၀ ၀န်းကျင် အမျိုးသားတွေအများစုပါတဲ့ ဒီလူအတော် များများဟာ ရေစက်လက်နဲ့မိုးတွေရွှဲနေပြီး သွပ်မိုးပေါ်ကိုလည်း မိုးစက် တွေက တဖျောက်ဖျောက်ကျနေတယ်။
အသက်ခပ်ကြီးကြီး၊ လူပုံသေးသေးနဲ့ ဒါပေမယ့် သန်မာဆဲဖြစ်တဲ့ လူကြီးတစ်ယောက်က စကားပြောခွက်ကို ကိုင်လိုက်ချိန်မှာတော့ လူသံ သူသံတွေ တိတ်သွားတယ်။
အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က စကားစပြောပါတယ်။
"ရွေးကောက်ပွဲနေ့ကျရင် ဘယ်ဟာကို လိုချင်လဲလို့မေးရင် ဒီမိုကရေစီ ကိုလိုချင် ပါတယ်လို့ ဖြေမှာပါ"လို့ သူက မိုးသံတွေ ကိုအန်တုပြီး ပြတ်ပြတ်သားသားပြောပါတယ်။
"ဆိုလိုတာက တခြားလူတွေအတွက် အလုပ်လုပ်ပေးဖို့ ဖိနှိပ်မခံရ တော့ဘူး။ အိမ်ကို ဧည့်သည်လာတည်းတာကို ခွင့်ပြုချက်တောင်းဖို့ မလိုတော့ဘူး" ဩဂုတ်လ ၁၈ ရက်နေ့မှာ ပါတီရဲ့ သာယာဝတီရုံးခွဲသစ် ဖွင့်ပွဲလာတက်တဲ့ လူတွေထဲက တချို့က အားတက်သရော ခေါင်းတွေ ညိတ်နေကြပြီး တချို့တလေလည်း ပါးစပ် အဟောင်းသားနဲ့။ လူ အတော်များများအတွက်တော့ ပါတီခေါင်းဆောင်တွေကို ဒါပထမဆုံး မြင်ဖူးကြတာကိုး။ ခေါင်းဆောင်တွေထဲမှာ ၀န်ကြီးချုပ်ဟောင်း ဦးနု ရဲ့သမီး ဒေါ်သန်းသန်းနု၊ ဒုတိယ၀န်ကြီး ချုပ်ဟောင်း ဦးကျော်ငြိမ်း ရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ၀န်ကြီးချုပ်ဟောင်း ဦးဘဆွေရဲ့သမီး ဒေါ်နေရည်ဘဆွေတို့လည်း ပါပါတယ်။
ဦးသုဝေရဲ့အနောက်ဘက်က နံရံပေါ်မှာ ပါတီရဲ့အလံကိုအနီ၊ အစိမ်းနဲ့ အ၀ါရောင်တွေနဲ့ ဖျော့တော့တော့ အရောင် ခြယ်ထားပါတယ်။
အစောပိုင်းတုန်းက ပါတီအလံနဲ့ပတ်သက်တဲ့ သီချင်းတစ်ပုဒ် ကိုဖွင့်ပြခဲ့ပါတယ်။
အစိမ်းရောင် ကဒေါင်းရုပ်က ဇာတိမျိုးနွယ်နဲ့ စစ်တပ်၊ ကြယ် ၁၄ လုံးက တိုင်းနဲ့ ပြည်နယ်တို့ကို ကိုယ်စားပြုပြီး အ၀ါရောင်နောက်ခံက ချမ်းသာဝပြောမှုနဲ့ နိုင်ငံရဲ့ သဘာဝသယံဇာတ ကြွယ်ဝမှုတို့ကို ဖော်ပြတာပါ။ ဒါဟာ နေ့စားအလုပ်သမားတွေနဲ့ တောင်သူလယ်သမား တွေကို သတင်းပါးတာပါ။ ဦးသုဝေရဲ့ စကားပြောအပြီးမှာတော့ လက်ခုပ်သံတွေ သောသောညံ သွားခဲ့ပါတယ်။
"ပါတီဝင် မိတ်ဆွေတစ်ယောက်က ဒီရုံးခန်းဖွင့်ပွဲအကြောင်းကိုပြောပြလို့ ပါတီခေါင်းဆောင်တွေ ဘာများပြောကြမလဲဆိုပြီး ကျွန်တော် ဒီကိုရောက်လာတာပါ"လို့ အသက် ၄၀ လောက်ရှိတဲ့ လယ်သမားတစ်ဦးဖြစ်သူ ဦးရဲလေးက ဆိုပါတယ်။ "သူတို့ပြောတာ သွေးထွက် အောင်မှန်လိုက်တာဗျာ။ ရွေးကောက်ပွဲမတိုင်ခင် ဒီပါတီကိုဝင်မယ်။ ပါတီဝင် ဖြစ်ရမှာ မကြောက်ပါဘူး။ ကျွန်တော်သိတဲ့သူမှန်သမျှက ရွေးကောက်ပွဲကို သွားပြီး အနည်းဆုံးတော့မဲပေးကြမှာပါ" လို့ သူကပြောပါတယ်။
"ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်မှာ ပါတီရုံးခွဲကို ဩဂုတ်လ ၁၈ ရက်နေ့မှာဖွင့်မယ်လို့ စီစဉ်ထားတုန်း ရွေးကောက်ပွဲနေ့ ကြေညာချက်က ငါးရက်စောထွက်လာတော့ ဖွင့်ပွဲကိုပိုပြီး ရည်ရွယ်ချက်တွေ တိုးသွားစေခဲ့ပါတယ်။ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ခွင့်ရ တာဟာ မဲရဖို့အတွက် အရေးပါတဲ့ခြေလှမ်းတစ်ခု ဖြစ်ပေမယ့် ပါတီခေါင်းဆောင်တွေရဲ့ ဂုဏ်သတင်းကြောင့်လည်း ပိုအဆင်ပြေ ခဲ့ရတာပါ"လို့ သာယာဝတီရုံးခွဲအတွင်း ရေးမှူး ဦးသောင်းစိန်က ပြောပါတယ်။
ရုံးခွဲတည်ထောင်လိုက်တာဟာ မဲ ဆန္ဒနယ်အတွက် အရေးပါတဲ့ ကြေညာ ချက်တစ်ခုလည်းဖြစ်တယ်လို့ ပဲခူးတိုင်း ဒေသကြီး လွှတ်တော်၊ သာယာဝတီက ၀င်အရွေးခံမယ့် သူကပြောပါတယ်။
"ဒီနေ့ လူတွေအများကြီးလာကြလို့ ကျွန်တော် အရမ်းပျော်ပါတယ်။ တိုင်းပြည်ကို အပြောင်းအလဲလုပ်ဖို့ လိုတယ်ဆိုတာ လူတွေသိကြ တယ်လို့ ဒီအချက်ကပြလိုက်တာပဲလို့ ကျွန်တော် ထင်ပါတယ်"လို့ သူကပြောပါတယ်။
သာယာဝတီရုံးဟာ ပါတီရဲ့ ၂၅ ခု မြောက်ရုံးခွဲဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှာ အင်အားဖြည့်လိုက်တာပါ။ ဒေါ်ချိုချို ကျော်ငြိမ်းလည်း ကြို့ပင်ကောက် ပြည်သူ့လွှတ်တော်မှာ ၀င်အရွေးခံမယ် လို့ မျှော်လင့်ရပါတယ်။ ကြို့ပင်ကောက်မှာလည်း ပါတီရုံးခွဲရှိပါတယ်။
"လမ်းဟိုဘက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရှိပြီး ဘေးနားမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီရုံးခန်း တွေလည်းရှိတော့ ကျွန်မတို့တင် မဟုတ်ဘူးပေါ့"လို့ ဒေါ်ချိုချို ကျော်ငြိမ်းက ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဟာ ကိုယ်စားလှယ်လောင်း ၁၀၀ လောက် အရွေးခံဖို့ မျှော်လင့်ထားပေမယ့် အဲဒီ ကိုယ်စားလှယ်လောင်း တွေအတွက် မှတ်ပုံတင်ကြေး ငါးသိန်းနဲ့ အချိန်မီ မှတ်ပုံတင်ဖို့ရာဟာ အခက်အခဲတစ်ခု ဖြစ်နေပါတယ် လို့ သူက ဆိုပါတယ်။
ဇော်ဝင်း ဘာသာပြန်သည်။