Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံးကွယ်လွန်

ရွှေယင်းမာဦး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ တည်ထောင်သူနှင့် နာယကတစ်ဦးဖြစ်သူ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံး သည် ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၂ မိနစ်တွင် အသည်းကင်ဆာ ဖြင့် ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် ၈၉ နှစ်ရှိပြီဖြစ်သည့် ဦးရွှေအုံးသည် ရှမ်းပြည် နယ်တောင်ပိုင်း ညောင်ရွှေဇာတိဖြစ်ပြီး တရားရုံးချုပ် ရှေ့နေဟောင်းတစ်ဦးလည်းဖြစ်သည်။

"အဘမရှိတော့တဲ့အတွက် ပါတီအပေါ် ရိုက်ခတ်မှုလည်းမရှိပါဘူး။ အဘနဲ့ ကျွန်တော်တို့ အတူချမှတ်ထားတဲ့ လမ်းစဉ်တွေ၊ မူဝါဒတွေ အတိုင်းပဲ ကျွန်တော်တို့ သွားမှာပါ"ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးသိန်းဌေးက ဦးရွှေအုံး၏ ဈာပနအခမ်းအနားတွင် ပြောကြားသည်။

"အဘဆုံးသွားတဲ့အတွက် ပါတီအတွက်လည်း အရမ်းနှမျောတယ်။ တိုင်းပြည်အတွက်လည်း ဆုံးရှုံးတာပါပဲ။ အဘက ခိုင်မာတဲ့ ပြည်ထောင်စု စိတ်ဓာတ် အပြည့်အ၀ရှိထားတဲ့သူပါ။

"ပြည်တွင်းပြည်ပ မခွဲခြားဘဲနဲ့ မြန်မာ နိုင်ငံမှာရှိတဲ့လူမျိုးစုအားလုံး ပေါင်းပြီးတော့ နိုင်ငံရေးအယူအဆတစ်ခုပေါ်မှာလက်တွဲပြီး သွားစေချင်တဲ့ဆန္ဒတစ်ခု သူ့မှာ အပြည့်အ၀ရှိတယ်။ အဲဒီလို စဉ်ဆက်မပြတ်နိုင်ငံရေးသွားတဲ့အခါမှာ ချစ်ခင်မှုနဲ့ သင့်မြတ်ပေါင်းစည်း မှုတွေရှိ လာပြီး တကယ်မှန်ကန်တဲ့ ပြည်ထောင်စုစနစ် ပေါ်လာမယ်။ အဲဒီပုံစံနဲ့ပဲ သူက သွားနေတာ"ဟု ဦးရွှေအုံး၏ နိုင်ငံရေး ခံယူချက်ကို ဦးသိန်းဌေးက ပြောပြသည်။

"သူရဲ့အယူအဆက အရမ်းလေးစားဖို့ ကောင်းတယ်။ တိုင်းပြည်အတွက် အရမ်းချစ်ဖို့လည်း ကောင်းတယ်။ "ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူသွားတွေ့တဲ့အခါ သူ့ကိုဆွေးနွေးခွင့်ပေးတယ်ဆိုတဲ့အကြောင်းကို ပြောနေတာ။ ပြောရင်းနဲ့ကို အသက်ရှူရပ်သွားတာ" ဟု ဦးသိန်းဌေးက ပြောသည်။

ဦးရွှေအုံးသည် ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်အဖွဲ့ကို ၂၀၀၂ ခုနှစ် ခန့်ကပင် စတင်ဖွဲ့စည်းပြီး ၂၀၁၀ ပြည့် နှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဦးဖြိုးမင်းသိန်း ၏ လူထုဒီမိုကရေစီပါတီနှင့် ပူးပေါင်း ကာ ပြည်ထောင်စုဒီမိုကရေစီပါတီကို ထူထောင်၍ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ရန်ပြင်ဆင်ခဲ့သည်။

၎င်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့်အဖြစ် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။

၁၉၄၆ ခုနှစ် ပထမပင်လုံညီလာခံတွင် ရှမ်းပြည်နယ်သား သာမန်လေ့လာသူတစ်ဦးအဖြစ်လည်းကောင်း၊ ၁၉၄၇ ခုနှစ် တတိယ ပင်လုံညီလာခံတွင် မြန်မာ့ အလင်းသတင်းစာတိုက်၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် ရှမ်းပြည်လုံးဆိုင်ရာ ပါတီများအဖွဲ့ချုပ်ကို ထူထောင်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ၀င်ရောက်ခဲ့သော်လည်း ရှုံးနိမ့်ပြီး ပါတီ ဖျက်သိမ်းခြင်းခံခဲ့ရသည်။