Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပုစွန်မွေးမြူရေး ကျဆင်းမှုကြောင့် သဘာဝဖမ်းဆီးမှုကို အားထားနေ

သန်းထိုက်ဦး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ် နောက် ပိုင်း ပုစွန်မွေးမြူရေးလုပ်ငန်း ကျဆင်း လျက်ရှိရာ ယခုအခါ ပြည်ပတင်ပို့ရန် သဘာဝမှ ဖမ်းဆီး ရမိသော ပုစွန်များကိုသာ အားထားလာရကြောင်း ပုစွန် လုပ်ငန်းရှင်များက ပြောသည်။

"၁၉၉၈ ခုနှစ်ကနေ စပြီး ကုမ္ပဏီတွေ ပုစွန်စမွေးလာကြပါတယ်။ ၁၉၉၉ ကနေ ၂၀၀၄ အထိ ပုစွန်လုပ်ငန်း အကြီးအကျယ် အောင်မြင် ခဲ့ပြီး ပုစွန် မွေးမြူရေးလုပ်တဲ့ ကုမ္ပဏီ ၃၀ ကျော် ရှိခဲ့ပါတယ်။ အခု ပုစွန်မွေးတဲ့လုပ်ငန်း ကျဆင်းနေပါတယ်"ဟု မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ပြောသည်။

၁၉၉၉ မှ ၂၀၀၄ ခုနှစ် အတွင်း မွေးမြူရေးပုစွန် ထုတ်လုပ်မှုမှာ မြင့်မားခဲ့ပြီး ပြည်တွင်းစားသုံးမှု ပိုလျှံကာ ပြည်ပသို့ မွေးမြူရေးပုစွန် ၉၅ ရာခိုင် နှုန်း တင်ပို့နိုင်ခဲ့သည်။

၂၀၀၄ နောက်ပိုင်းတွင် ပုစွန်လုပ်ငန်း ကျဆင်းလာခဲ့ပြီး ၂၀၀၈ နောက်ပိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကာ ယခုအခါ မွေးပုစွန်ထုတ်လုပ်မှုမှ ပြည်ပသို့ ၂၀ ရာခိုင်နှုန်းသာ တင်ပို့နိုင်တော့ပြီး ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း စားသုံးမှု အတွက် အသုံးပြုလာရသည်။

ပုစွန်မွေးမြူရေးလုပ်ငန်း ကျဆင်းမှု မှာ ၂၀၀၃ ခုနှစ် အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော စီးပွားရေးပိတ်ဆို့မှုမှ စတင် ခဲ့ပြီး ၂၀၀၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ပုစွန်ဈေးများ ကျဆင်းခဲ့ပြီး ပုစွန်လုပ်ငန်းများ ထိခိုက်ခဲ့သည့် အပြင် ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့ က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ပုစွန် မွေးမြူရေးကန် အများအပြားပျက်စီးခဲ့ကာ ပုစွန်လုပ်ငန်း ပြန်လည်ထူထောင်ရန် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သည်။

"အမေရိကန်က ကမ္ဘာ့ပုစွန်ထုတ်လုပ် မှု ၅၀ ရာခိုင်နှုန်းကို စားသုံးတဲ့ ဈေးကွက်ကြီးဖြစ်ပါတယ်။ သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် ကျွန်တော်တို့ ပုစွန်တွေ အမေရိက ဈေးကွက်ကို မရောင်းနိုင်တော့ပါဘူး"ဟု ဦးလှမောင်ရွှေက ပြောသည်။

စီးပွားရေး မပိတ်ဆို့ခင်က မြန်မာ နိုင်ငံသည် ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ပြီးလျှင် အမေရိကကို ပုစွန် တင်ပို့မှု စတုတ္ထ အများဆုံးဖြစ်ကြောင်း သိရသည်။

ယခုအခါ စားသုံးသူဈေးကွက်ကြီးမားသော တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများ ကို ပုစွန်တင်ပို့နေသော်လည်း မြန်မာနိုင်ငံအနေဖြင့် အခွန်ကြီးမြင့်သည့် ပြဿနာကြောင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့ နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

"ဥရောပသမဂ္ဂက မြန်မာနဲ့ ထိုင်းကို အခွန် ၁၃ ဒသမ ၇ ကောက်ပြီး ဘင်္ဂလားဒေ့ရှ်ကို အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် ထိုင်း အစိုးရက ဥရောပသမဂ္ဂကို ကုန်ပို့ရင် ခုနစ်ရာခိုင်နှုန်း ပြန်ပေးတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်က ခုနစ်ရာခိုင်နှုန်းပဲ ပေးရတော့တယ်။

"ကျွန်တော်တို့ဆီမှာ ဟိုဘက်ကို ၁၃ ဒသမ ၇၊ နိုင်ငံတော်ကို ပို့ကုန်ခွန် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်ရတော့ ၂၃ ရာခိုင်နှုန်း ဖြစ်သွား ပါတယ်။ လွတ်လပ်တဲ့ ကမ္ဘာ့ဈေးကွက်မှာ အခွန် ၂၃ ရာခိုင်နှုန်းဆိုတာ ယှဉ်ပြိုင်နိုင်ဖို့ အတော့ကို ခက်ခဲပါတယ်"ဟု ဦးလှမောင်ရွှေက ပြောသည်။

ပုစွန်မွေးမြူရေးမှာ ငါးမွေးမြူရေးထက် အရင်းအနှီးပိုများသည့်အပြင် ပျက်စီး ဆုံးရှုံးမှု ပိုမိုများပြားနိုင်သည့်အတွက် ရရှိနိုင်သည့် အကျိုးအမြတ်နှင့် ဆုံးရှုံးနိုင်မှုတို့ကြောင့် မွေးမြူရေးလုပ်ငန်းနှင့် အတူ ထုတ်လုပ်မှုပါ ကျဆင်းလာ၍ ပြည်ပတင်ပို့ရန် သဘာဝမှ ဖမ်းဆီးရမိမှုကို အားထားလာရခြင်းဖြစ်သည်။

သို့သော် မြန်မာ့ပုစွန်များမှာ ဓာတု အဆိပ် ကင်းရှင်းခြင်း ထုတ်လုပ်မှု အရည်အသွေး မြင့်မားခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်နေရာ ရှိလျက်ရှိကြောင်း၊ ဥရောပနိုင်ငံများသို့ ပုစွန်တင်ပို့သည့် ရွှေယမုံ ထုတ်လုပ်မှု ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအေးက ပြောသည်။