Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပြည်တွင်းရွှေဈေး ကျရိပ်ပြ

ဖြူဖြူဇင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၆၀၀,၀၀၀ ၀န်းကျင်အထက် တွင် တည်ငြိမ်နေရာမှ ယခုအခါ ကျရိပ် ပြလာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ရွှေမှာ ပြည်တွင်းမှထွက်သော တွင်းထွက်တစ်မျိုး ဖြစ်သော်လည်း ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးနှင့် အမေရိ ကန် ဒေါ်လာ တန်ဖိုးတို့အပေါ် မူတည် ၍ အပြောင်းအလဲ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

မြန်မာ့ရွှေဈေးသည် ဇန်န၀ါရီလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကျပ် ၆၀၈,၀၀၀ ရှိရာမှ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျပ် ၆၀၆,၀၀၀ သို့ ကျဆင်းလာသည်။

ဇန်န၀ါရီလကုန်ပိုင်းတွင်မူ အစိုးရ စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးမည်ဟူသော သတင်းကြောင့် ရွှေဈေး ကျပ် ၆၀၇,၀၀၀ သို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဇန်န၀ါရီလ ၂၆ ရက်နေ့ တွင်မူ ကျပ် ၆၀၆,၀၀၀ သို့ လည်းကောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ၅၉၅,၅၀၀၊ ကျပ်သို့ ကျဆင်းသွားသည်။

၁၅ ပဲရည်မှာ ဇန်န၀ါရီလ ၂၇ ရက် နေ့တွင် ကျပ် ၅၇၂,၀၀၀ ဈေး ပေါက် နေရာမှ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျပ် ၅၅၈,၀၀၀၊ အလားတူအချိန်တွင် ၁၄ ပဲရည်မှာ ကျပ် ၅၅၇,၅၀၀ မှ ကျပ် ၅၂၁,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း သိရသည်။