Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

စိန်ရိုင်းရှားလာ၍ ပြည်တွင်းစိန်ဈေး မြင့်တက်

ဟန်ဦးခင် နှင့် ဖြူဖြူဇင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

News Pic
စိန်တစ်ပွင့်၏ အရည်အသွေးကိုသိရှိရန် ရောင်းဝယ်သူတစ်ဦး မှန်ဘီလူးဖြင့် ကြည့်ရှုနေစဉ်။ဓာတ်ပုံ - အောင်ထွန်းဝင်း

အရည်အသွေးမြင့် စိန်အရိုင်းတုံးများ ရှားပါးလာခြင်းနှင့်အတူ အိန္ဒိယနှင့် တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံကြီးများတွင် စိန်ဈေးဦးမော့လာခြင်းတို့ ကြောင့် ပြည်တွင်းစိန်ဈေးလည်း မြင့်တက်လာကြောင်း စိန်အရောင်း ဆိုင်များက ပြောကြားသည်။

စိန်အများဆုံးထွက်ရာ ဒေသဖြစ် သော အာဖရိကနိုင်ငံများသည် ယခင်က စိန်အရိုင်းတုံးများကိုသာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ ရောင်းချ လေ့ရှိသော်လည်း ယခုအခါ စိန်သွေး ကုမ္ပဏီများ အပြိုင် အဆိုင် ပေါ်ပေါက် လာခြင်းကြောင့် ပုံမဖော်ရသေးသော စိန်ရိုင်းများ ရှားပါးလာကာ ဈေးနှုန်း လည်း မြင့်မားလာခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နိုင်ငံတကာ စိန်ဈေးနှုန်း များ မြင့်တက်ခြင်းကြောင့် ပြည်တွင်း စိန်ဈေးလည်း မြင့်လာရခြင်းဖြစ်ကြောင်း ဒိုင်းမွန်းရွှေကြည်က ပြောသည်။

"အာဖရိကမှာ စိန်သွေးတဲ့ ကုမ္ပဏီ တွေ အများကြီးပေါ်လာတော့ မသွေး ရသေးတဲ့ စိန်အရိုင်း ရှားသွားတယ်။ ပြီးတော့ ဈေးလည်း တက်လာတယ်။ အိန္ဒိယနဲ့ တရုတ်မှာလည်း ရွှေထက် စိန်ကို စိတ်ဝင်စားကြတော့ စိန်ဈေးကွက် ဦးမော့လာတယ်။ ပစ္စည်းကောင်း လည်း ရှားလာတယ်"ဟု ၎င်းက ပြောသည်။

စိန်ရိုင်းများ ရှားပါးလာခြင်းကြောင့် စိန်အရောင်းဆိုင်များအနေဖြင့် ပစ္စည်းမှာယူရာ၌ လိုသလောက်ရရှိရန် ခက်ခဲကြောင်း Win & San စိန်အရောင်း ဆိုင်ပိုင်ရှင် အန်တီစန်းက ပြောသည်။

"အခုက ပစ္စည်း ၁၀ ခုမှာရင် သုံးခုပဲ ရတယ်။ ကိုယ်လိုချင်တဲ့ အရည်အသွေး နဲ့ အရွယ်အစားအတိုင်း ရဖို့လည်း ခက်တယ်၊ ဈေး ကတော့ အရင်က ဖြူသန့် တစ်ရတီကိုက်ကို ၃၉ သိန်း ကနေ အခု ၄၅ သိန်း၊ သုံးမတ်ကိုက် တစ်ရတီကို ၂၇ သိန်းက အခု သိန်း ၃၀ နဲ့ ငါးမူးကိုက် တစ်ရတီကို ၁၅ သိန်းကနေ ၁၇ သိန်း လောက်ဖြစ်သွား တယ်။ မနှစ်က ဒီအချိန်မှာ တစ်နေ့ကို စိန်ထည်ပစ္စည်း နှစ်ခု လောက်ပဲ ရောင်းရ တယ်။ ဒီနှစ်တော့ တစ်နေ့ကို ငါးခုလောက် ရောင်းလာရတယ်ဆို တော့ ရောင်းအား တက်လာတယ်လို့ ဆိုရ မှာပေါ့။ ဒါပေမယ့် စီးပွားရေး ကျဆင်းမှု မတိုင်ခင်က တစ်နေ့ကို စိန် ထည်ပစ္စည်း ခုနစ်ခုလောက် ရောင်းခဲ့ရဆိုတော့ အဲဒီရောင်းအား ကိုတော့ မမီ သေးပါဘူး"ဟု အန်တီစမ်းက ပြောသည်။

မြန်မာနိုင်ငံ၏ စိန်ရောင်းဈေးသည် နိုင်ငံတကာ စိန်ဈေးနှုန်းပေါ်တွင် အခြေခံ၍ ပြောင်းလဲလေ့ရှိသော်လည်း ပစ္စည်းလက်ကျန် ရှိနေ သေးသော စိန် ဆိုင်များနှင့် ကုန်သည်များအနေဖြင့် လက်ကျန်များကို ဈေးဟောင်းဖြင့် ထိန်းရောင်းနိုင်သေးကြောင်း စိန်ကုန် သည်တစ်ဦးက ပြောသည်။

"စိန်ဆိုတာ ဒီကထွက်တာ မဟုတ် တော့ နိုင်ငံတကာဈေးနှုန်းကို ကြည့်ပြီး အရောင်းအ၀ယ်လုပ်ရတယ်။ တချို့ ဆိုင်တွေကတော့ လက်ကျန်ရှိနေသေးလို့ လက်ကျန်စိန်တွေကို အရင်ဈေးနဲ့ ထိန်းရောင်းနိုင်ပေမယ့် ဒီပစ္စည်းတွေ ကုန်သွားရင်တော့ ဈေးက သေချာ ပေါက်တက်မှာပဲ။ ခတ်ပြီးသား အထည် တွေကတော့ အရင်ဈေးနဲ့ ရောင်းနိုင် တယ်။ အထည်မခတ်ရသေးတဲ့ စိန်တွေ ကတော့ ဈေးတက်ရင် တက်သလို၊ ကျရင်ကျသလို ဈေးအပြောင်းအလဲ ရှိပါတယ်"ဟု ၎င်းက ပြောသည်။