
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ပြင်သစ်နိုင်ငံ ဆန်ကုန်သွယ်မှုညီလာခံမှ ဖိတ်ခေါ်လျက်ရှိ
သိုက်ဇင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ပြင်သစ်နိုင်ငံတွင် ဆန်ကုန်သွယ်မှု အလားအလာ ညီလာခံကို ယခုနှစ် မတ်လ၌ ကျင်းပမည်ဖြစ်ရာ တက် ရောက်လိုသူများအနေဖြင့် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး www.agranet.com သို့ ၀င်ရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်း riceonline. com တွင် ဖော်ပြထားသည်။
၎င်းညီလာခံတွင် အာရှနှင့် အမေ ရိက ဆန်တင်ပို့နိုင်ငံများ၏ အနာဂတ် ကာလ စိန်ခေါ်မှုများနှင့် ဥရောပ ဆန် တင်သွင်းနိုင်ငံများ အပေါ် ထိခိုက်စေသည့် အခွန်စည်းကြပ်မှုများကို အလေးထား ဆွေးနွေးသွားမည် ဖြစ်သည်။
ဆန်စပါး ထုတ်လုပ်ရောင်းဝယ်မှု၊ သင်္ဘောတင်ပို့မှုနှင့် ငွေကြေးဆိုင်ရာ ကဏ္ဍများမှ ကျွမ်းကျင်သူတို့ တက်ရောက်ကြမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် ကမ္ဘာ့ဆန် ထုတ်လုပ် မှု အလားအလာနှင့် စားသုံးမှု ပုံစံ ပြောင်းလဲလာခြင်း၊ ဆန်ဈေးကွက်ကို သက်ရောက်စေ နိုင်သည့် အခွန်အခ နှင့် ကုန်သွယ်မှုအတားအဆီး မူဝါဒ သစ်များ၊ ဥရောပနိုင်ငံများ၏ အနာဂတ် ဆန်အလားအလာ၊ ဥရောပ သို့ ရောင်းချသော ဆန်များ၏ အရည်အသွေးနှင့် ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရမှု ကိစ္စရပ်များအပြင် သင်္ဘောတင်ရာတွင် အရေးကြီးသော စိန်ခေါ်မှုများနှင့် သင်္ဘောတင် ဈေးနှုန်းမြင့်တက်ခြင်းကိစ္စ၊ လက်တင်အမေရိက၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အာဖရိက ဈေးကွက်အတွက် အခွင့်အလမ်းသစ်များ စသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
အဆိုပါညီလာခံကို ပြင်သစ်နိုင်ငံ Pullman Marseille Palm Beach Hotel တွင် မတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါအဖွဲ့က မြန်မာနိုင်ငံသို့ အကြောင်းကြားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်ကဆိုသည်။
"ကျွန်တော်တို့ဆီကိုတော့ တရားဝင် အကြောင်းကြားလာမှု မရှိသေးတာ ကြောင့် အခုလောလောဆယ်မှာ ဘာအစီအစဉ်မှ မလုပ်ရ သေးပါဘူး။တကယ်လို့ မြန်မာနိုင်ငံက သွားရောက် ဖြစ်ရင် ဆန်ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ အခွင့်အလမ်းသစ်တွေ ထပ်ပေါ် လာမှာပါ"ဟု ၎င်းက ပြောသည်။
ပြီးခဲ့သော ၂၀၀၉ ခုနှစ်၊ အောက်တို ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ ဆန်ညီလာခံသို့ မြန်မာ နိုင်ငံမှ ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး တက်ရောက်ခဲ့ပြီး ဆန်ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ဈေးကွက်သစ်များကို ရှာဖွေနိုင်ခဲ့သည်။