
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ယန်းငွေ ခိုင်မာလာခြင်းနှင့် စီးပွားရေးကျဆင်းမှု ကြောင့် ဂျပန် ခရီးသွားလုပ်ငန်း ထိခိုက်
(အေအက်ဖ်ပီ)
တင်ဦး ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
တိုကျို - ကမ္ဘာ့စီးပွားရေး ကျဆင်းသွားခြင်း၊ ယန်းငွေခိုင်မာလာခြင်းနှင့် လူ တုပ်ကွေးရောဂါအတွက် ထိတ်လန့် ခြင်းတို့ကြောင့် ဂျပန်နိုင်ငံသို့ လာ ရောက်ကြသည့် ခရီးသည်အရေ အတွက်သည် နှစ် ၄၀ နီးပါးအတွင်း၌ အမြန်ဆုံးနှုန်းဖြင့် ထိုးကျသွားခဲ့ကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့်စာရင်းများတွင် ဖော်ပြသည်။
၂၀၀၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ လာရောက်ကြသည့် ခရီးသည်အရေ အတွက်စုစုပေါင်းမှာ ၆ ဒသမ ၇၉ သန်း မျှသာရှိရာ ယခင်နှစ်က လာရောက် ခဲ့သော ၈ ဒသမ ၃၅ သန်းနှင့် နှိုင်းယှဉ်လျှင် ၁၈ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ကြောင်း ဂျပန်အမျိုးသား ကမ္ဘာ့ လှည့်ခရီးသည်အဖွဲ့ (ဂျေအင်န်တီအို) က ပြောသည်။
"ဂျပန်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည် တွေကို ဆွဲဆောင်နိုင်တဲ့နေရာတွေ အများကြီး ရှိတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒါပေမယ့် ဂျပန်ယန်းငွေ မြင့်တက်သွားတော့ ခရီးသွားလုပ်ငန်း ကဏ္ဍဟာ စီးပွားရေးကျဆင်းမှုကြောင့် ထိခိုက်နေချိန်မှာ ဂျပန်ကို လာဖို့ အတွက် ကုန်ကျမယ့် စရိတ်စကက ပိုမို ကုန်ကျဖို့ ဖြစ်သွားစေပါတယ်"ဟု ဂျေအင်န်တီအိုမှ သုတေသနပညာရှင် တစ်ဦးက ပြောသည်။
"နောက်ထပ် ဖြစ်လာတဲ့ တုပ်ကွေး ရောဂါအတွက် ထိတ်လန့်စိုးရိမ်ရတာ ကလည်း ခရီးသည်အလာကို ကျဆင်း သွားစေပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ခရီးသွားလုပ်ငန်း သုတေသနနှင့် မြှင့်တင်ရေးအဖွဲ့ကလည်း အိုဆာကာ တွင် နိုင်ငံတကာကုန်စည်ပြပွဲ ကျင်းပခဲ့သည့် လွန်ခဲ့သော နှစ်ကထက် ခရီး သည် အရောက် ၂၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သဖြင့် ၁၉၇၁ ခုနှစ် နောက်ပိုင်း၌ အဆိုးဆုံး ကျဆင်း မှုဖြစ်ကြောင်း ပြောသည်။
ဂျပန်အစိုးရသည် ကမ္ဘာလှည့်ခရီး သည်လုပ်ငန်းကို နိုင်ငံအတွက် ငွေရှာ ပေးသည့် လုပ်ငန်းအဖြစ် တိုးမြှင့် လုပ်ဆောင်သွား နိုင်မည်ဟု မျှော်လင့်လျက် ရှိသည်။
ဂျပန်နိုင်ငံသည် ယင်း၏ ရိုးရာယဉ် ကျေးမှုနှင့်ရှုခင်းအလှတို့အပြင် 'ပေါ့' ယဉ်ကျေးမှုနှင့် အဆင့်မြင့်နည်းပညာ ထုတ်ကုန်ပစ္စည်းများ ကြောင့် ကမ္ဘာ လှည့်ခရီးသည်များကို ဆွဲဆောင်ခဲ့သည်။
ကမ္ဘာလှည့်ခရီးသည်များ ညည်းညူ တတ်သော အချက်တစ်ချက်မှာ ဂျပန် နိုင်ငံမှဆိုင်များသည် အခြားဖွံ့ဖြိုးပြီး နိုင်ငံများမှာကဲ့သို့ အကြွေးဝယ်ကတ် ပြားကို လက်ခံလိုသူနည်းကြခြင်းနှင့် နိုင်ငံခြားဘာသာစကားများကို ပြောတတ်သူ များများစားစား မရှိခြင်းတို့ ဖြစ်သည်ဟု ဂျေအင်န်တီအိုမှ သုတေ သနပညာရှင် နာအိုကီမိုရီကာဝါက ပြောသည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း၌ ဂျပန်သို့ လာရောက်ကြသူ ခရီးသည် အရေအတွက်သည် ၁၉၈၉ ခုနှစ်တွင် ၂ ဒသမ ၈၄ သန်းမှ ၁၉၉၉ ခုနှစ်တွင် ၄ ဒသမ ၄၄ သန်းအထိ တိုးတက်မှု ရှိခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ဂျပန်သို့ အများဆုံးလာသည့် နိုင်ငံမှာ တောင်ကိုရီးယားဖြစ်ပြီး တရုတ် (တိုင်ပေ)နှင့် တရုတ်တို့က ဒုတိယနှင့် တတိယလိုက်သည်။
လွန်ခဲ့သောနှစ်တွင် တောင်ကိုရီးယားမှ လာရောက်သည့် ခရီးသည် အရေအတွက်သည် ၁ ဒသမ ၅၉ သန်း သို့ ၃၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ထိုအရေအတွက်သည် စုစုပေါင်း ခရီးသည် အရေအတွက်၏ ၂၃ ရာခိုင်နှုန်း ဖြစ်သည်။