Now! Fashion Forward

မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်

House Of The Weekဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

တရုတ်ထိပ်တန်းလေကြောင်းကုမ္ပဏီကြီးသုံးခု အမြတ်ရရှိ

(အေအက်ဖ်ပီ)
တင်ဦး ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ရှန်ဟိုင်း - တရုတ်လေကြောင်း ကုမ္ပဏီ များသည် ခရီးသည် အရေအတွက်နှင့် ကုန်စည်အလေးချိန် မြင့်တက်လာခြင်း၊ လောင်စာဆီ ဈေးကျဆင်းသွားခြင်းနှင့် အစိုးရ၏ မူဝါဒများကလည်း အခြေ အနေကောင်းကို ဖန်တီးပေးနိုင်ခြင်း တို့ကြောင့် ၂၀၀၉ ခုနှစ်တွင် အမြတ် ပေါ်ခဲ့ကြသည်။

သို့ရာတွင် လေ့လာဆန်းစစ်သူများ ကမူ ယခုနှစ်တွင် နောက်ထပ် အခြေ အနေ မငြိမ်သက်မှုများနှင့် ကြုံတွေ့ နိုင်ကြောင်း သတိ ပေးကြသည်။

တရုတ်နိုင်ငံတွင် အကြီးဆုံး ကုမ္ပဏီ ကြီးသုံးခုဖြစ်သည့် ချိုင်းနားဆောက် သင်းအဲလိုင်း၊ အဲချိုင်းနားနှင့် ချိုင်းနား အီစတန်အဲလိုင်း တို့သည် ကမ္ဘာ့စီးပွား ရေး အကျပ်အတည်း၏ ရိုက်ခတ်မှု ဒဏ်ကို ခံလိုက်ရသဖြင့် ၂၀၀၈ ခုနှစ် တွင် အကြီးအကျယ် ရှုံးခဲ့ကြသည်။ သို့ရာတွင် ၂၀၀၉ ခုနှစ်အတွက်မူ အမြတ်ပေါ်တော့မည် ဖြစ်သည်။

လေကြောင်းပျံသန်းမှု လုပ်ငန်းတစ်ရပ် လုံးအနေဖြင့် စုပေါင်းလိုက်လျှင် ၂၀၀၉ ခုနှစ်တွင် ယွမ် ၇ ဒသမ ၄ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) အမြတ် ပေါ်ခဲ့ပြီး ခရီးသည်မှာလည်း ၁၉ ဒသမ ၇ ရာခိုင်နှုန်းတက်လာခဲ့သည်။

ထိုနှစ် အတွင်း ခရီးသည် အရေအတွက်သည် သန်း ၂၃၀ အထိ ရှိလာသည်ဟု တရုတ် နိုင်ငံ ပြည်သူ့လေကြောင်း သွားလာမှု အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

သို့ရာတွင် လေ့လာဆန်းစစ်သူများက ၂၀၁၀ ပြည့်နှစ်တွင်လည်း ထိုအတိုင်း ပင်ရှိနေနိုင်သည်ဟု ခန့်မှန်းသော်လည်း အချို့ခရီးသည် များက အိတ်ထဲမှာပင် ကုပ်နေကြ၊ အချို့ကလည်း ပို၍ဈေး သက်သာမည့် သယ်ယူပို့ဆောင်ရေး ပုံသဏ္ဌာန်မျိုးကို မျှော်နေကြခြင်းတို့ ကြောင့် လေကြောင်းကုမ္ပဏီများ ပျက် လာလိမ့်မည်ဟု ပြောသည်။

"လေကြောင်း ပျံသန်းမှုလုပ်ငန်းနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့က အကောင်းဘက်ကပဲ မြင်ထားပါတယ်။ ၂၀၁၀ ကုန်စည် ပြပွဲတို့လို၊ စီးပွားရေး နာလန်ထမှု ဆက်ဖြစ်မှာတို့လို အပြု သဘောဆောင်ပြီး အခြေခံကျတဲ့ အချက်တွေကလည်း ရှိနေတယ်လေ" ဟု ဟောင်ကောင်ရှိ ကျိုထိုင်ကျူနန် အကျိုးဆောင်ကုမ္ပဏီမှ လေ့လာဆန်း စစ်သူ ချင်ဟွမ်ယုက ပြောသည်။

၂၀၀၉ ခုနှစ်တွင် အမြတ် ပြန်ပေါ် လာသည်ဆိုသည်မှာ လုပ်ငန်းလည်ပတ် မှုကြောင့်ဟု မဆိုနိုင်ဘဲ လောင်စာဆီများကို တစ်သမတ် တည်း ဈေးနှင့် ကြိုတင်စာချုပ်၍ ၀ယ်ယူထားခြင်းနှင့် အစိုးရက ထိပ်ဆုံးကုမ္ပဏီကြီး သုံးခုကို ၂၀၀၈ ခုနှစ်နှောင်းပိုင်းမှစ၍ထောက်ပံ့ ငွေ ဒေါ်လာ နှစ်ဘီလျံနီးပါး ထုတ်ပေးခဲ့ ခြင်းတို့ကြောင့်ဖြစ်လာသော အမြတ် များဖြစ်ကြောင်း ၎င်းက ပြောသည်။

"ကျွန်တော်တို့က ၂၀၁၀ မှာ ရမယ့် သူတို့ရဲ့ ၀င်ငွေရဲ့ အတက်အကျတွေကို ကြည့်သွားရမယ်။ နောက်နှစ်အတွက် ပါလည်း ကြည့်ချင်ကြည့်ကြရမယ်"ဟု ချင်က ပြောသည်။

အမြတ် ခန့်မှန်းခြေနှင့်ပတ်သက် သည့် ပဏာမကြေညာချက်များကိုသာ ထုတ်ပြန်ထားနိုင်သေးသော ထိုကုမ္ပဏီ များသည် တစ်နှစ်ပတ်လုံးအတွက် ငွေကြေးရလဒ်များကို အပြည့်အစုံ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ ယင်း ပြည့်စုံသောရလဒ်များကို မတ်လ နှောင်းပိုင်းနှင့် ဧပြီလကတည်းက ထုတ် ပြန်ပေးရမည်ဖြစ်သည်။

ထိုကုမ္ပဏီများက ၂၀၀၉ ခုနှစ်တွင် အမြတ်ထွက်ပေါ်နိုင်သည်ဟု မျှော်လင့် ရသော်လည်း ကမ္ဘာ့လေကြောင်း ကုမ္ပဏီများသည် ထိုနှစ်တွင် ဒေါ်လာ ၁၁ ဘီလျံ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်းက ခန့်မှန်းသည်။

တရုတ်လေကြောင်း ကုမ္ပဏီများ အမြတ်ပေါ်သည်ဆိုသည်မှာ တရုတ် နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး အကျပ် အတည်းကို ခံနိုင်ရည်ရှိခဲ့ခြင်း၏ အကျိုး ရလဒ်ပင် ဖြစ်သည်။

"အကောင်းဘက်မှာပဲ ဆက်လက် ဖြစ်နေဦးမှာပဲလို့ ထင်ကြရပေမယ့် ခရီးသည် အရေအတွက်နဲ့ ကုန်စည် အလေးချိန် တိုးတက်နှုန်းဟာ ငွေကြေး ဖောင်းပွမှုနဲ့ အိုးအိမ် ခြံမြေဈေးနှုန်း တက်လာမှာကို စိုးရိမ်မှုတွေ ပိုဖြစ်လာတဲ့အတွက် အလယ် အလတ်သဘော လောက်ပဲရှိမယ်"ဟု လေ့လာဆန်းစစ် သူများက ပြောသည်။