
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
မလေးရှား စီးပွားရေး ပြန်လည်နာလန်ထူ
(အေအက်ဖ်ပီ)
ခင်အောင် ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
ကွာလာလမ်ပူ - မလေးရှား၏ စီးပွား ရေးသည် ၂၀၀၉ ခုနှစ် စတုတ္ထသုံးလ ပတ်တွင် စီးပွားရေးကျဆင်းမှုမှ ပြန်လည် နာလန်ထူလာ ဖွယ်ရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေး တစ်ခုလုံး ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာ ဖွယ်ရှိကြောင်း မလေးရှား ၏ ထိပ်တန်း လေ့လာအဖြေရှာရေး သုတေသနအဖွဲ့ တစ်ခုက အင်္ဂါနေ့တွင် ပြောသည်။
အဆိုပါ အရှေ့တောင်အာရှ၏ တတိယစီးပွားရေးအင်အား အကြီးမား ဆုံးနိုင်ငံအနေဖြင့် ၂၀၀၉ ခုနှစ်တွင် သုံးလပတ် သုံးကြိမ်တိုင် ဆက်တိုက် စီးပွားရေး ယုတ်လျော့မှုဖြစ်ပွားခဲ့ရာ အစိုးရအဖွဲ့က ၂၀၁၀ ပြည့်နှစ်တွင် ၂ ဒသမ သုည မှ ၃ ဒသမ သုည သို့ အသင့် အတင့် ပြန်လည်တိုးတက်လာ မည်ဖြစ်ကြောင်း ထိုကာလတစ်လျှောက် လုံး ၃ ဒသမ သုည ရာခိုင်နှုန်းသို့ ကျုံ့သွားလိမ့်မည်ဖြစ် ကြောင်း ကြိုတင် ခန့်မှန်းထားခဲ့သည်။
"နည်းပညာ အထောက်အကူတွေ အရ စီးပွားရေး ကျဆင်းမှုကတော့ ၂၀၀၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင်မှာ ပြီးဆုံးသွားဖို့ ရှိပါ တယ်"ဟု မလေးရှား စီးပွားရေးသုတေသန အင်စတီကျု (အမ်အိုင်အီးအာရ်)က အစီရင်ခံစာ တစ်ရပ်တွင် ထုတ်ဖော်သည်။
"ဒီလိုပြီးဆုံးမှုဖြစ်ပေါ်ဖို့ ပြည်သူ အတွက် အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ရေး အသုံးစရိတ်တွေမှာ ပိုမိုချထားခြင်း၊ စက်မှု ကုန်ပစ္စည်းတွေ အဆင့်မြှင့် တိုးတက်ထုတ်လုပ်မှု၊ ၀န်ဆောင်မှုလုပ်ငန်းတွေ အဆင့်မြှင့် တိုးတက်ဖော်ဆောင်မှု၊ ပြည်သူလူထု၏ ၀ယ်ယူစားသုံးမှု မြင့်မားမှုတွေရဲ့ ရလဒ် တွေက အထောက်အကူပြုမှာ ဖြစ်ပါ တယ်"ဟု အဆိုပါ ဩဇာတိက္ကမကြီးမားသော ပညာ ရှင်အဖွဲ့'အမ်အိုင်အီးအာရ်' က ပြောကြားသည်။
ထုတ်ကုန်ပေါ် အမှီသဟဲပြုသော မလေးရှား၏ စီးပွားရေးအတွက် 'အမ်အိုင်အီးအာရ်' အဖွဲ့က ၂၀၀၉ ခုနှစ် အတွင်း ၃ ဒသမ ၃ သို့ စီးပွားရေး ကျုံ့ မည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ၃ ဒသမ ၇ သို့ တိုးတက်ပြီး ၂၀၁၁ ခုနှစ် တွင် ၅ ဒသမ သုညရာခိုင်နှုန်းထိ တိုး တက်မည်ဖြစ်ကြောင်းလည်း ကြိုတင် ဟောကိန်းထုတ်လိုက်သည်။ မလေးရှား အစိုးရအနေဖြင့် စီးပွားရေး အားဖြည့် မြှင့်တင်ရေး ငွေအလုံးအရင်း နှစ်ရပ်ကို ကြေညာခဲ့သည်။