
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
နိုင်ငံပိုင်ရုပ်ရှင်ရုံများကို လက်ရှိလုပ်ကိုင်နေသူများ လေလံပြန်ဆွဲမည်
ကျော်ဆုမွန်နှင့် ထားထားခင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

လေလံစာရင်းတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ရွှေဂုန်ရုပ်ရှင်ရုံကို ပန်းဆိုးတန်းခုံးတံတားဘက်မှ တွေ့မြင်ရစဉ်။
ဓာတ်ပုံ-လွင်မောင်မောင်
ပုဂ္ဂလိကပိုင် ပြုလုပ်ရန်အတွက် နိုင်ငံတော်က ကြေညာလိုက်သည့် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများကို လက်ရှိ လုပ်ကိုင်နေသူများက လေလံ အပြိုင် ဆွဲကြမည်ဖြစ်ကြောင်း ၎င်းတို့က မြန်မာတိုင်း(မ်)ကို ပြောသည်။
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံတော်ပိုင် ရုပ်ရှင်ရုံ ၁၁ ရုံကို လေလံ တင် ရောင်းချသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများက ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ကြေညာပြီးနောက် ရန်ကုန်မြို့ရှိ ရွှေဂုန်၊ မြို့မ၊ စံပြ၊ ရွှေမန်း၊ ဘုရင့်နောင်ရုံတို့ လေလံစာရင်းတွင် ပါဝင်သည်။
ထို့ပြင် စစ်ကိုင်းမြို့မှ ဇေယျာသီရိ၊ ပဲခူးမြို့မှ ရဲတံခွန်၊ စစ်တွေ မြို့မှ မြို့မ၊ တောင်ကြီးမြို့မှ မြသုခ၊ အောင်ပန်းမြို့မှ ငွေဗိမ္မာန်နှင့် သန်လျင် မြို့မှ မြဟံသာရုပ်ရှင်ရုံတို့လည်း စာရင်းတွင် ပါဝင်သည်။
ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံများသည် ဈေးကွက် စီးပွားရေးစနစ် စတင်ကျင့်သုံးချိန်မှ စ၍ ပုဂ္ဂလိကသို့ ငှားရမ်းမှုများ ပြုလုပ်ခဲ့သည်။
ယခုအကြိမ် လေလံခေါ်ယူသည့် ရုပ်ရှင်ရုံများအနက် ရန်ကုန်မြို့မှ ငါးရုံ မှာ ၁၅ နှစ်သက်တမ်းဖြင့် နိုင်ငံတော်ထံမှ နှစ်ရှည်ငှားရမ်း ထားသည့် ရုံများ ဖြစ်သည်။ အချက်အချာနေရာ လမ်းမ တန်းတွင် တည်ရှိခြင်းကလည်း စီးပွား ရေးသမားများအတွက် အပြိုင်အဆိုင် ဈေးဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသည်။
"ကျွန်တော်လေလံပြန်ဝင်မှာပါ။ လက်ရှိမှာ ဒီရုပ်ရှင်လုပ်ငန်းပဲ လုပ်နေတဲ့အတွက် မြို့မနဲ့ရွှေဂုန်ရုံတွေ ပြင်ဆင် စရိတ်အတွက်လည်း ကျပ်သိန်း လေးထောင်ကျော် ရင်းနှီးမြှုပ်နှံထား တာပါ။ တကယ်လို့ လေလံရခဲ့မယ် ဆိုရင်လည်း ဒီရုံတွေကို သရီးဒီရုံတွေ အဖြစ် အဆင့်မြှင့်တင်သွားဖို့ ရည်ရွယ်ထားတာပါ"ဟု မြို့မနှင့် ရွှေဂုန်ရုပ်ရှင်ရုံများကို လက်ရှိလုပ်ကိုင်နေသူ ဦးသက် လွင်က ပြောသည်။
အဆိုပါရုပ်ရှင်ရုံနှစ်ရုံကို ပြန်ကြား ရေး ၀န်ကြီးဌာနမှတစ်ဆင့် ၁၅ နှစ် သက်တမ်းစာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင် ခဲ့ခြင်းဖြစ်ကာ ၂၀၀၀ ပြည့်နှစ်တွင် စတင်ခဲ့ခြင်းကြောင့် ယခုအခါ ထပ်မံ လုပ်ကိုင်ရန် သက်တမ်းငါးနှစ်ကျော် ကျန်ရှိသေးကြောင်း၎င်းကပြောသည်။
"လေလံကို ဘယ်သူအောင်အောင် ကျွန်တော်တို့က သက်တမ်းကျန်နေ သေးတော့ ဆက်လုပ်နေရဦးမှာပဲ။ဒီရုပ်ရှင်လုပ်ငန်းကိုပဲ ဆက်လုပ်မှာဖြစ် တဲ့အတွက် လေလံဝင်ဖြစ်မှာပါ"ဟု ဦးသက်လွင်က ပြောသည်။
ရွှေဂုန်ရုပ်ရှင်ရုံသည် တစ်ရုံတည်းတွင် ပင် အပေါ်ထပ်၊ အောက်ထပ်ခွဲကာ ရုပ်ရှင်နှစ်ကားပြသနေသော ရုံဖြစ်ပြီး တစ်နေ့လျှင် အင်္ဂလိပ်ရုပ်ရှင်လေးပွဲ ပြသနေကြောင်း ဆိုသည်။ အဆိုပါ ရုံနှစ်ရုံစလုံးသည် တစ်လလျှင် အခွန် ငွေ ၁၀ သိန်းစီ နိုင်ငံတော်သို့ ပေးသွင်း လျက်ရှိကြောင်းလည်းသိရသည်။
"ကျွန်တော်တို့ကနဦးဆယ်နှစ်သက် တမ်းစာချုပ်နဲ့ ငှားထားတာဖြစ်ပါ တယ်။ စုစုပေါင်း ၁၅ နှစ်ဆိုတော့ နောက်ထပ်ငါးနှစ် ကျန်ပါ သေးတယ်၊ နှစ်ရှည်လုပ်ကိုင်ခဲ့ရတဲ့ လုပ်ငန်းရှင် တစ်ဦးအနေနဲ့ ရင်နှီးမြှုပ်နှံမှုက သိန်း ထောင်ဂဏန်းအထက်မှာ ထည့်ထားရ ပါတယ်။"
"အဆင့်မြင့်မဟုတ်တာတောင် အဆင့်မီရုပ်ရှင်ရုံဖြစ်အောင် ပြန်လည် ပြင်ဆင်မွမ်းမံမှုတွေ လုပ်ခဲ့ပါတယ်။ ထိုင်ခုံတွေကအစပေါ့။ အခုနိုင်ငံတော် က ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ အဆိုပြုလွှာ ခေါ်ယူတဲ့အချိန်မှာ လျှောက်လွှာတင် သွင်းပြီး လေလံပြန်ဝင်ဆွဲမှာ ဖြစ်ပါ တယ်"ဟု ၂၀၀၀ ပြည့်နှစ်က စတင် ငှားရမ်းခဲ့သော မြေနီကုန်း၊ စမ်းချောင်း မြို့နယ်အတွင်းရှိ ရုပ်ရှင်ရုံပိုင်ရှင်ကလည်း ပြောသည်။
ရုပ်ရှင်ရုံလုပ်ငန်းရှင်များ၏အဆိုအရ အငှားစာချုပ် ပြည့်ရန်လည်း အချိန် လိုသေးသဖြင့် လုပ်ငန်းကို ၎င်းတို့သာ ဆက်လက်လုပ်ကိုင် လိုကြောင်း ပြောဆိုလျက်ရှိကြသည်။