
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဝန်ကြီးဌာန ၁၁ ခုမှ လုပ်ငန်း ၁၁၀ ကို ပုဂ္ဂလိကပိုင်ပြုလုပ်မည်
ကျော်ဆုမွန်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ၂၀၁၀ ခုနှစ်၏ ပထမဆုံးအကြိမ်အဖြစ် ဇန်န၀ါရီ ၂၂ က အဆိုပြုလွှာ ခေါ်ယူလိုက်သည်။
ဝန်ကြီးဌာန ၁၁ ခုအောက်တွင်ရှိ သည့် လုပ်ငန်း ၁၁၀ ခုကို လေလံ ခေါ်ယူလိုက်ခြင်းကြောင့် ယခုအကြိမ် သည်လည်း အိမ်ခြံမြေ ဈေးကွက် အတွင်း အပြောင်းအလဲရှိမရှိ စောင့်ကြည့် ရမည်ဖြစ်ကြောင်း အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူများက ပြောသည်။
ယခုခေါ်ယူသည့် လေလံများမှာ တရားရုံးချုပ်လက်အောက်မှ လေးခု၊ စာရင်းစစ်ချုပ်ရုံးမှ ခုနစ်ခု၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန အောက်မှ ၃၅ ခု၊ အမှတ်(၂) စက်မှုဝန်ကြီးဌာနခြောက်ခု၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအောက်မှ ၂၁ ခု၊ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနအောက်မှ တစ်ခု၊ သမ၀ါယမ ၀န်ကြီးဌာနလက်အောက်မှ ၂၁ ခု၊ ယဉ်ကျေးမှု ၀န်ကြီးဌာနအောက်မှ တစ်ခု၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်မှ ၁၁ ခု၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တစ်ခုနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနအောက်မှနှစ်ခုပါဝင်သည်။
ခေါ်ယူလိုက်သည့် လေလံအတွက် အဆိုပြုလွှာများကို ဇန်န၀ါရီလ ၂၂ ရက်နေ့မှ စတင်ရယူနိုင်ပြီး ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ တစ်ရက်တည်းတွင်သာ နေပြည်တော် ရှိ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ရုံးသို့ တင်သွင်းပေးရမည် ဖြစ်ကြောင်း သိရသည်။
"ရန်ကုန်က ရုပ်ရှင်ရုံတွေလည်း ပါတယ်ဆိုတော့ စံပြတို့၊ ရွှေဂုန်တို့လည်း ပါတယ်။ စိတ်ဝင်စားလို့ ကော်မရှင် ရုံးကိုဆက်သွယ်တော့ လက်ရှိလုပ်ကိုင် နေတဲ့ သူတွေကိုဆက်သွယ်ဖို့ မလိုဘဲ ဒီမှာပဲ အဆိုပြုလွှာတင်သွင်းနိုင်တယ် လို့ပြောတယ်။ တချို့က ပြောတော့ အရင်က ပြည်သူပိုင်သိမ်းခဲ့တာ ဖြစ်တဲ့ အတွက် မူလပိုင်ရှင်တွေကို ဦးစားပေး တယ်လို့ကြားတယ်"ဟု ရုပ်ရှင်ရုံများနှင့် ပတ်သက်ပြီး ကော်မရှင်ရုံးသို့ အဆိုပြုလွှာနှင့်ပတ်သက်ပြီးမေးမြန်းခဲ့သူတစ်ဦး က ဇန်န၀ါရီ ၂၂ ရက်နေ့က ပြောသည်။
ရန်ကုန်ရှိ စံပြ၊ ရွှေမန်း၊ ရွှေဂုန်၊ ဘုရင့် နောင်၊မြို့မအစရှိသည့် ရုပ်ရှင်ရုံများကို ယခုအကြိမ်လေလံတွင် ထည့်သွင်း လိုက်ခြင်းကြောင့် လက်ရှိလုပ်ကိုင်နေ သူများနှင့် လေလံတင်အဆိုပြုတင်သူ များအပြိုင်ဆွဲကြရမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့လယ်ရှိ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ကျောက် တံတား အစရှိသည့် မြို့နယ်များမှ မြေညီထပ် တိုက်ခန်းများ လည်း ပါဝင်ခြင်းကြောင့် ၀ယ်ယူလိုသူရှိသော်လည်း ရောင်းမည့် သူမရှိသည့် နေရာများ ဖြစ်ပါက လေလံဆွဲမည့်သူများ များပြား နိုင်ကြောင်း အာရှမြေအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
"မနှစ်က လေလံမှာ မြို့ထဲက နေရာ ကောင်းတွေလည်းပါခဲ့တဲ့ အတွက် ဈေးကွက်ထဲမှာ နည်းနည်းလှုပ်ခဲ့တာတော့ရှိတယ်။ လေလံ သဘောက ပြင်ပ ပေါက်ဈေးထက်နည်းနိုင်တယ်လို့ယူဆ ကြတော့ ၀င်တဲ့သူတွေလည်းရှိတယ်။ တချို့လုပ်ငန်းတွေမှာတော့ တစ်ဦး တစ်ယောက်တည်းထက် အများစုပြီး ဆွဲကြတာမျိုးတွေရှိတယ်။ လေလံကြောင့် အိမ်ခြံမြေဈေးတွေတက်တာ မျိုးတော့မရှိပါဘူး"ဟု ၎င်းက ပြော သည်။
အဆိုပါပုဂ္ဂလိကပိုင်ပြုလုပ်ရန် အဆို ပြုလွှာခေါ်ယူတိုင်း လေ့လာကြည့်ရှု လေ့ရှိသူတစ်ဦးကလည်း ယခုခေါ်ယူသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း အချို့ တွင် ယခင်နှစ်က ခေါ်ယူခဲ့သည့် နိုင်ငံ တော် ပိုင်အမှတ်(၂) စက်မှုဝန်ကြီးဌာန အောက်ရှိ စက်ရုံ တချို့ပြန်လည် ပါဝင်ကြောင်းလည်းပြောသည်။
"တချို့လုပ်ငန်းတွေက မူလလုပ်ငန်း အတိုင်း ပြန်လုပ်ရမယ်ဆိုရင် အခက်အခဲ ရှိတာမျိုးတွေကြောင့် လေလံမဆွဲကြ တာမျိုးတွေရှိ တယ်။ ရုပ်ရှင်ရုံလိုဟာမျိုး ဆိုရင်တော့ ပြန်လုပ်ဖို့က လွယ်တယ်။ အရင်က ပြည်သူပိုင်သိမ်းခဲ့တာတွေ ဖြစ်တဲ့အတွက် မူရင်းပိုင်ရှင် မရှိတော့ ရင် လေလံဆွဲတဲ့သူတွေ အပြိုင်ဆွဲပြီး ရနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။
ယခု ၂၀၁၀ ပြည့်နှစ်အတွင်း ခေါ်ယူ သည့်လေလံသည် နေရာကောင်းများ ပါရှိလာခြင်းကြောင့် ဒီဇင်ဘာ နောက်ဆုံးပတ်မှ ပြန်လည် ငြိမ်သက်နေခဲ့သော အိမ်ခြံမြေအရောင်းအ၀ယ်များ အပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်မည်ဖြစ်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦး ကလည်း ခန့်မှန်းပြောဆိုသည်။
လသာ၊ လမ်းမတော်မြို့နယ်တို့မှ နေရာကျယ်မြေညီထပ်များ ပါဝင်ခြင်းကြောင့်လည်း ထိုနေရာများကို စိတ်ဝင်စားလျက်ရှိနေသူများ လေလံဆွဲလာ ကြလိမ့်မည်ဟု ၎င်းကပြောသည်။
"ဒီတစ်ခေါက်ထူးခြားချက်က ရုပ်ရှင် ရုံတွေပါတာရယ်၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေဆိုရင်လည်း ပြန်လည်လုပ် ကိုင်ရင်လည်း အဆင်ပြေစေနိုင်မယ့် နေရာတွေဖြစ်သလို အဆောက်အအုံတွေ ဆိုရင်လည်း မြေနေရာကျယ်တော့ စိတ်ဝင်စားလာကြလိမ့်မယ်လို့ ပြောလို့ရတယ်" ဟု ဦးသန်းဦးက ပြောသည်။
အိမ်ခြံမြေဈေးကွက်အတွင်း လက်ရှိ အနေအထားအရ သိန်းသောင်း ဂဏန်းမြေကွက်များ အရောင်းအ၀ယ်ဖြစ်ခြင်းများ မရှိသလောက် ဖြစ်နေပြီး သိန်းငါးထောင်ဝန်းကျင်များ ကြိုးကြား ကြိုးကြား အရောင်းဝယ်ရှိကာ များသောအားဖြင့် သိန်းရာဂဏန်း အကွက်များသာ အရောင်းအ၀ယ်ရှိ ကြောင်း သိရသည်။
"ခြုံပြောရရင် ဈေးကွက်အေးနေ တယ်လို့ ပြောလို့ရတယ်။ မူလခန့်မှန်း ချက်အရဆိုရင် ဒီလိုအနေအထားက တရုတ်နှစ်သစ်ကူး အထိ သွားမယ်လို့ မှန်းထားတာ။ အခုလိုလေလံပေါ်လာတော့ တစ်မျိုးပြောင်းသွားလိမ့်မယ်လို့ ပြောလို့ရတယ်။ လေလံကို စိတ်ဝင်စား မယ့်သူများမယ်လို့လည်း ပြောနိုင်တယ်"ဟု ၎င်းက ပြောသည်။