
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
'ကန်'အိမ်ရာရောင်းအား ဒီဇင်ဘာမှာ ထိုးကျ
(ဘီဘီစီ)
သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ဟေတီသမ္မတအိမ်အနီး အပျက်အစီးများကို ဇန်န၀ါရီ နောက်ဆုံးပတ်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
အမေရိကန်နိုင်ငံတွင် ပိုင်ရှင်ရှိအိမ်ရာရောင်းအားသည် ဒီဇင်ဘာလတွင် ၁၆ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု အမျိုးသားအိမ်ခြံမြေ အကျိုးဆောင်များအသင်း (အင်န်အေအာရ်)က သတင်းထုတ်ပြန်သည်။
ယင်းအိမ်ရာများ၏ ရောင်းအားသည် စက်တင်ဘာလမှ နိုဝင်ဘာလ အတွင်း၌သာ အရောင်းတက်ခဲ့ပြီး ယင်းသို့ဖြစ်ရခြင်းမှာ ပိုင်ရှင်မရှိသေး သည့် အိမ်ခန်းသစ်များကို ရောင်းချရာတွင် အခွန်လျှော့ခွင့်ပြုငွေများ အကျိုး ခံစားစေသည့်အတွက် ဖြစ်သည်ဟု သိရသည်။
ဒီဇင်ဘာလတွင် ပိုင်ရှင်ရှိအိမ်ရာများ၏ ရောင်းအားကျသွားရခြင်းမှာ အိမ်ဝယ်ယူသူများသည် အခွန်လျှော့ ခွင့်ပြုငွေပေးသည့်ကာလ ကုန်ဆုံးရက် ဖြစ်သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ မတိုင်မီ အိမ်ခန်းသစ် များကို တက် သုတ်ရိုက် ၀ယ်ယူကြခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။
အိမ်ခန်းသစ်များဝယ်ယူခြင်းအတွက် အခွန်လျှော့ခွင့်ပြုငွေပေးသည့် ကာလကို ဧပြီ ၃၀ အထိ သက်တမ်းတိုးလိုက် ခြင်းကြောင့် လာမည့်နွေဦးတွင်လည်း အရောင်းတက်လာဖွယ်ရာရှိကြောင်း အင်န်အေအာရ်က ဆိုသည်။
ရာသီအလိုက် ပြောင်းလဲသတ်မှတ် သည့် နှစ်စဉ်ဈေးနှုန်းမှာ နိုဝင်ဘာလ တွင် ၆ ဒသမ ၅၄ သန်းရှိရာမှ ဒီဇင်ဘာလ ရောင်းအား ကျချိန်တွင် ၅ ဒသမ ၄၅ သန်း ဖြစ်သွားသော် လည်း ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလထက် ၁၅ ရာခိုင်နှုန်းမြင့်တက်သွားသည်။
ပိုင်ရှင်ရှိအိမ်ရာများ၏ ပျမ်းမျှဈေး နှုန်းမှာ ဒီဇင်ဘာလတွင် ဒေါ်လာ ၁၇၈,၃၀၀ ( ပေါင် ၁၁၀,၂၀၀) ဖြစ်ပြီး ယခင်နှစ်ထက် ၁ ဒသမ ၅ ရာခိုင်နှုန်း တက်သွားသည်။
၂၀၀၉ ခုနှစ်၏ စုစုပေါင်းရောင်း အားသည် ၂၀၀၈ ခုနှစ်ထက် ငါးရာခိုင် နှုန်းမြင့်တက်သွားပြီး ယင်းတိုးတက် မှုသည် ၂၀၀၅ ခုနှစ် မှစပြီး ပထမဦးဆုံး အကြိမ်နှစ်စဉ်တိုးတက်မှုဖြစ်သည်။
"အရင်နှစ်ထက် အိမ်ရောင်းအား ပိုကောင်းလာတယ်ဆိုတာ ထင်ရှား ပါတယ်။ ဒါပေမယ့် ဒီဈေးကွက်ဟာ အခွန်လျှော့ခွင့်ပြုငွေပေးပြီး ရောင်းအား ကောင်းအောင် တွန်းအားပေးနေတဲ့ ကာလကို ဖြတ်သန်းနေတုန်းပဲ" ဟု အင်န်အေအာရ်မှ စီးပွားရေးပညာရှင် အကြီး အကဲဖြစ်သူ လောရန့်စ်ယန်းက ဆိုသည်။
"၀ယ်လိုအားနဲ့ ရောင်းလိုအားတွေ ပိုပြီး မျှမျှတတရှိမယ်ဆိုရင် ဈေးကွက် အားလုံးဟာ နွေရာသီ အစောပိုင်း လောက်မှာ အကျိုး အမြတ်တွေရနိုင်ပြီး ၂၀၁၀ ဟာ အိမ်ရာ ရောင်းအားတက် မယ့်အခြေအနေကိုရမှာဖြစ်ပါတယ်။"
"လာမယ့်နှစ် ဒုတိယနှစ်ဝက်မှာ ဈေးကွက်အခြေအနေ ဆက်လက်အား ကောင်းလာဖို့အတွက် အလုပ်အကိုင် ဖန်တီးရေးဟာ အလွန်အရေးပါပါ တယ်"ဟု လောရန့်စ်ယန်းက ပြောကြားသည်။