Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ပဲမျိုးစုံတင်ပို့မှု နှစ် ၂၀ အတွင်း ၁၀ ဆနီးပါး တိုးတက်

သိုက်ဇင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်မှု သည် ဆယ်စုနှစ် နှစ်ခုအတွင်း ၁၀ ဆ ခန့် သိသိသာသာတိုးတက်မှု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြော ကြားသည်။

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်း၏ (၁၆) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်း အဝေးတွင် ၎င်းက ပြောခြင်းဖြစ်သည်။

၁၉၈၈-၈၉ဘဏ္ဍနှစ်တွင် ပြည်တွင်း၌ ပဲမျိုးစုံစိုက်ဧကမှာ တစ်သန်းကျော် ရှိခဲ့ပြီး ထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၂ ဒသမ ၅ သိန်း ထုတ်လုပ်နိုင်သည့် အနက် ပြည်ပသို့ တန်ချိန် ၁ ဒသမ ၇ သိန်းခန့်တင်ပို့နိုင်ခဲ့ကာ ၂၀၀၈-၀၉ ဘဏ္ဍနှစ်တွင် ပဲမျိုးစုံစိုက်ဧက နှစ်သန်း ကျော်စိုက်နိုင်ခဲ့ပြီး ထုတ်လုပ်မှု ပမာဏမှာ တန်ချိန် ၅၁ သိန်းရှိ၍ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် နှစ်သန်းကျော် တင်ပို့ နိုင်ခဲ့ကြောင်း ဦးဝင်းမြင့်က ပြောသည်။

"ပြည်ပကို အများဆုံးတင်ပို့တဲ့ ပဲတွေကလည်း မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတို့ ဖြစ်တာကြောင့် ဒီပဲတွေရဲ့ အခန်း ကဏ္ဍမှာ တစ်ဧကကို ၁၈ ဒသမ ၇ တင်းနှုန်းသာ ထွက်ရှိသေးတာကြောင့် မတ်ပဲနဲ့ ပဲတီစိမ်းကို တစ်ဧကတင်း ၂၀ နှုန်းစီနဲ့ ပဲစင်းငုံကို တစ်ဧက ၂၅ တင်း နှုန်းနဲ့ထွက်ရှိအောင် ရည်မှန်းချက်ထား ပြီးတော့ စိုက်ပျိုးထုတ်လုပ်ကြဖို့ကို လည်း တိုက်တွန်းလိုပါတယ်" ဟု ၎င်းက ဆိုသည်။

ကမ္ဘာတွင် ပဲအများဆုံးတင်ပို့သော နိုင်ငံမှာ ကနေဒါနိုင်ငံဖြစ်ရာ နှစ်စဉ် ပဲမျိုးစုံတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ ၁ ဒသမ ၃ ဘီလျံကျော် ရရှိနေကြောင်း၊ သို့သော်လည်း ၎င်းနိုင်ငံသည် လာမည့် ၁၃ နှစ်အတွင်း ပဲစိုက်ပျိုး ထုတ်လုပ်မှု ဧရိယာ တိုးမြှင့်နိုင်ခြင်း မရှိတော့ခြင်း ကြောင့် တန်ဘိုးမြင့် ထုတ်ကုန်ထုတ် လုပ်ရန် စီစဉ်နေသည်။

"ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ပဲမျိုးစုံစိုက်ဧက တိုးချဲ့စိုက်ပျိုးခြင်းနဲ့ တစ်ဧကအထွက် ကြိုးပမ်းရေးတို့ သာမက တန်ဘိုးမြင့်ထုတ်ကုန် ထုတ်လုပ်ပြီး တင်ပို့နိုင်ရေးအတွက်ကိုလည်း ကြိုးပမ်းကြရမှာ ဖြစ်တယ်" ဟု ဦးဝင်း မြင့်က တိုက်တွန်းပြောကြားသည်။

"ကျွန်တော်တို့နိုင်ငံက ပြည်ပကို ပဲမျိုးစုံတင်ပို့တဲ့နေရာမှာ ၇၂ ရာခိုင်နှုန်း က အိန္ဒိယကိုတင်ပို့နေပြီး ကျန်တဲ့ ၂၈ ရာခိုင်နှုန်းက အင်ဒိုနီးရှား၊ ပါကစ္စတန်၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နဲ့ အရှေ့ အလယ်ပိုင်းနိုင်ငံတွေကို တင်ပို့နေတာပါ။ ဒါကြောင့် အိန္ဒိယနိုင်ငံ တစ်နိုင်ငံတည်းကို မှီနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ ပဲဈေးနှုန်းအပြောင်းအလဲက ပြည်တွင်း ပဲဈေးကွက်အပေါ် သက်ရောက်မှု ရှိတယ်လို့ ပြောလို့ရတယ်" ဟု ပဲ ပြည်ပတင်ပို့သူတစ်ဦးက ပြောသည်။

၂၀၀၉-၁၀ ဘဏ္ဍာနှစ် (ယခုနှစ် ဇန်န၀ါရီလအထိ)တွင် ပဲတန်ချိန်ထောင်ပေါင်း ၉၈၀ ကျော် တင်ပို့ခဲ့ရာ ဒေါ်လာ ၇၀၂ သန်းခန့် ရရှိခဲ့ကြောင်း၊ ၂၀၀၈-၀၉ ဘဏ္ဍာနှစ်တွင် တန်ချိန်ထောင်ပေါင်း ၁,၅၄၀ ကျော် တင်ပို့ခြင်းမှ ဒေါ်လာ ၇၉၇ သန်းကျော် ရရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လင်းက ပြောသည်။