Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ငါးသယံဇာတထိန်းသိမ်းရန် အောက်ခြေအဆင့်အထိ ပိုမိုပညာပေးရန် လိုအပ်

ဂျူးလိယက်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ရေရှည်ငါးသယံဇာတ ဖွံ့ဖြိုးရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ငါးဖမ်းဆီးသူများ၏ ပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးကြီးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ငါးဖမ်းဆီးသည့် အမူအကျင့်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းတတ်သည့် အသိပညာများကို အောက်ခြေငါးဖမ်းသူများ ပိုမိုနားလည်ရန် လိုအပ်နေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

"ရေလမ်းခရီးတစ်လျှောက် သင်္ဘောလမ်းကြောင်းကိုပါ ငါးဖမ်းလှေတွေက အနှောင့်အယှက် ဖြစ်နေတယ်။ ဘယ်တုန်းကတည်းက ဖမ်းနေမလဲဆိုတာ မပြောနိုင်ပါဘူး"ဟု ၎င်း က ကိုကိုးကျွန်း သို့ သွားရောက်သည့် လေ့လာရေး အတွေ့အကြုံကို ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၎င်းကဲ့သို့ တရားမ၀င် ငါးဖမ်းဆီးခြင်းများကို အရေးယူလျက်ရှိကြောင်း၊သက်ဆိုင်ရာရေတပ်မှ တာဝန်ရှိသူများ၏ အကူအညီပါလျှင် ပိုမိုလုံခြုံစိတ်ချရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။