Now! Fashion Forward

တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး

House Of The Weekခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်) အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ရန်ကုန်မြို့ရှိ မော်ဒယ်နိမ့်ကားများကို ဆက်လက်မောင်းနှင်ခွင့် ပြုလျက်ရှိ

သိုက်ဇင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)

ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် မော်ဒယ်နိမ့်ကားများကို နယ်မြို့များတွင်သာ မောင်းနှင်ခွင့်ပြုတော့မည်ဟု ပြင်ပတွင် ထွက် ပေါ်နေသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို အထက်ကညွှန်ကြားလာတာ မရှိသေးပါဘူး။ ဒါကြောင့် မော်ဒယ်နိမ့် ကားတွေကို နယ်ပို့မယ်ဆိုတာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင်း မောင်းနှင်နေသည့် မော်ဒယ်နိမ့်ကားများကို လာမည့် ဘဏ္ဍနှစ်မှစ၍ နယ်မြို့များတွင်သာ မောင်းနှင်ခွင့်ပြုတော့ မည်ဟု ပြင်ပ သတင်းတစ်ခုတွင် ပြီးခဲ့သောရက်ပိုင်း အတွင်းက ဖော်ပြခဲ့သည့်အတွက် ၎င်းက ပြန်လည်ပြောခြင်းဖြစ်သည်။

မော်ဒယ်နိမ့် ကားအမျိုးအစားများ စာရင်းတွင်လည်း များသောအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရှိသည့် ခရီးသည်တင်ယာဉ် အမျိုးအစား ဘတ်စ်များနှင့် အင်္ဂလိပ်ခေတ်ကျန် Undated ကားများသာ ပါဝင်သည်။

"ကျွန်တော်တို့ဆီမှာ မော်ဒယ်နိမ့် အမျိုးအစားကားနဲ့ ပတ်သက်လို့ စာရင်းက သီးခြားပြုစုထားတာမရှိသေး ဒါကြောင့် အစီးရေ ဘယ်လောက်ရှိ နိုင်သလဲဆိုတာကိုတော့ မသိနိုင်ဘူး" ဟု အဆိုပါပုဂ္ဂိုလ်က ဆိုသည်။

ရန်ကုန်တိုင်းအတွင်း မှတ်ပုံတင်ထားသည့် ယာဉ်စီးရေပမာဏမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ရန်ကုန်တိုင်းရုံး)မှ စာရင်း ဇယားအရ ၂၀၁၀ ပြည့်နှစ်၊ဇန်န၀ါရီလ အထိ ယာဉ်စီးရေ ၂၃၉,၀၀၀ ကျော် ရှိပြီး ၎င်းစာရင်းတွင် လူစီး၊ ကုန်တင်ယာဉ်(ပေါ့)၊ ကုန်တင်ယာဉ်(လေး)၊ ခရီးသည်တင်ယာဉ်၊ အခြားယာဉ်၊ နှစ်ဘီးတပ်၊ သုံးဘီးတပ်နှင့် ထော်လာ ဂျီယာဉ်တို့ပါဝင်သည်။