
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
စွမ်းအင်မန်နေဂျာများ ပေါ်ထွက်လာစေရန် စီမံကိန်း စတင်မည်
ထားထားခင်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၆)
ဥရောပ အဖွဲ့အစည်းတစ်ခုမှ ငွေကြေး မတည်မှုဖြင့် ပထမဦးဆုံး အာဆီယံ အသိအမှတ်ပြုစွမ်းအင်မန်နေဂျာများ ပေါ်ထွက်ရေး စီမံကိန်း (Asean Energy Manager Accreditation Scheme) ၂၀၁၀-၁၃ စတင်ရန် အတွက် ပထမဆုံးသင်တန်းတစ်ခုကို ယခု နှစ်ဇွန်လမတိုင်မီ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း United Engineering မှ အကြီးတန်းမန်နေဂျာ ဦးမြင့်ကျော်က ပြောသည်။
ထိုစီမံကိန်းကို ဥရောပအခြေစိုက် SWITCH Asia က ငွေကြေးထောက်ပံ့ ပြီး Asean Centre for Energy(ACE) က အကောင် အထည်ဖော်၍ သက်ဆိုင်ရာ အာဆီယံနိုင်ငံများရှိ ပူးပေါင်း ဆောင်ရွက်မည့် မိတ်ဖက်ကုမ္ပဏီများ က အာဆီယံအသိအမှတ်ပြု မန်နေဂျာများမွေးထုတ်ပေးရမည်ဖြစ်သည်။
"မြန်မာနိုင်ငံက လေးနှစ်အတွင်းမှာ အာဆီယံမန်နေဂျာ ၅၀ မွေးထုတ် ပေးရမှာဖြစ်ပါတယ်။ဒီအတွက်အစည်း အဝေးတွေပြုလုပ်နေပြီး ပထမဆုံး သင်တန်းကိုတော့ ဒီနှစ်ဇွန်လမတိုင်ခင် ပေးသွားနိုင်မယ်လို့ ရည်မှန်းထားပါ တယ်"ဟု ဦးမြင့်ကျော်ကပြောသည်။
သင်တန်းသို့ စွမ်းအင်ကဏ္ဍနှင့် သက်ဆိုင်သောသူများ၊ စက်ရုံအလုပ်ရုံများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် စီမံခန့်ခွဲရေးအရာရှိများ တက်ရောက် နိုင်သည်။
အာဆီယံဒေသအတွင်းရှိ နိုင်ငံများမှ တစ်နိုင်ငံလျှင် သတ်မှတ်အရေအတွက်အတိုင်း စွမ်းအင်မန်နေဂျာများ မွေးထုတ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အယောက် ၅၀ အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် မိတ်ဖက်ကုမ္ပဏီ United Engineering တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။
မြန်မာနိုင်ငံအပါအ၀င် အာဆီယံ နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စုစုပေါင်း ရှစ်နိုင်ငံမှ လေးနှစ်အတွင်း အာဆီယံ အသိအမှတ်ပြုမန်နေဂျာများ ပေါ်ထွက် ရန်အသီးသီးဆောင်ရွက်ရမည်ဖြစ်သည်။
"ဒီလိုပေါ်ထွက်လာအောင် လုပ်ပေးရတဲ့အတွက် စွမ်းအင်စီမံခန့်ခွဲမှု၊ ထိရောက်စွာသုံးစွဲမှု ပိုသတိပြုမိလာအောင်၊ အာဆီယံ အသိအမှတ်ပြုစွမ်းအင်ဆိုင်ရာ မန်နေဂျာတွေအပြင် အာဆီယံအသိအမှတ်ပြု စွမ်းအင်စက်ရုံတွေပါ ပေါ်ထွက်လာဖို့ ရည်ရွယ်ပါတယ်။
"စွမ်းအင်သုံးစွဲမှု နညိ-ကျနမ ဖြစ်တဲ့ စက်ရုံတွေမှာ စွမ်းအင်ချွေတာနိုင်ဖို့၊ ထိရောက်စွာ အသုံးပြုဖို့ အကျိုးရှိတဲ့ စီမံကိန်းတစ်ခုဖြစ် ပါတယ်"ဟု ၎င်းက ပြောသည်။
သင်တန်းများဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကိုယ်စားလှယ် အင်ဂျင်နီယာတစ်ဦး မတ်လထဲတွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့သို့ အစည်းအဝေး သွားရောက်မည်ဖြစ်ပြီး မြန်မာပြည်တွင် ၎င်းကတစ်ကြိမ်လျှင် ၁၀ ဦးဖြင့် လေးနှစ်အတွင်း ငါးကြိမ်သင်တန်းပို့ချ မည်ဖြစ်သည်။
လေးနှစ်တာစီမံကိန်းအတွက် SWITCH Asia က ထောက်ပံ့သော ငွေကြေးပမာဏကို ပြောကြားခြင်းမရှိပေ။