Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ရွှေဈေးတက် ငွေလဲလှယ် ဈေးနှုန်းငြိမ်

သိန်းလင်း
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ပြည်တွင်းရွှေဈေးမှာ ယခုလ ၁၁ ရက် နေ့မှ စတင်ခါ ဈေးလှုပ်ရှားလာပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် တစ်သောင်းကျော် မြင့်တက်လာကြောင်း ရွှေဈေးကွက်မှ သိရသည်။

"ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်း ရွှေဈေးလည်း လိုက်တက်တာပါ။ တခြားဘာအကြောင်းမှ မရှိပါဘူး"ဟု တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင်က ပြောသည်။

ပြည်တွင်းရွှေဈေးတက်လာသော်လည်း အရောင်းအ၀ယ်မှာ ပုံမှန်အနေ အထားဖြစ်ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ရွှေဈေးမှာ ယခုလ ၁၁ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁,၁၉၉ ဒသမ ၅၀ မှ တဖြည်း ဖြည်းမြင့်တက် လာရာ ယခုလ ၁၉ ရက် နေ့တွင် တစ်အောင်စလျှင် ဒေါ်လာ ၁,၂၃၀ အထိ မြင့်တက်လာသည်။

ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ယခုလ ၁၁ ရက်နေ့တွင် ကျပ် ၆၄၄,၀၀၀မှ တဖြည်းဖြည်း မြင့်တက်လာရာ ၂၄ ရက်နေ့တွင် ကျပ် ၆၅၅,၅၀၀ ဖြစ်သည်။

အလားတူကာလတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ အပြောင်းအလဲအနည်းငယ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

ယခုလ ၁၁ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာ ၉၉၉ ကျပ်နှင့် အက်ဖ်အီးစီ ၉၁၂ ကျပ် ရှိခဲ့ပြီး ၂၄ ရက် နေ့တွင် တစ်ဒေါ်လာ ၁,၀၀၀ ကျပ်နှင့် အက်ဖ်အီးစီ ကျပ် ၉၁၀ ဈေးပေါက်လျက်ရှိသည်။

ပို့ကုန်ရငွေ တန်ဖိုးမှာ ပြောင်းလဲခြင်းမရှိဘဲ ယခုလ ၁၁ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁,၀၀၈ ကျပ် ဈေးဖြင့် ယခုလ ၂၄ ရက်နေ့အထိ ငြိမ်သက် လျက်ရှိသည်။

ယခုကဲ့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ပို့ကုန်ရငွေဈေးများ အောက်ဈေးတွင် ငြိမ်နေခြင်းသည် ယင်းငွေကြေးများဖြင့် လုပ်ကိုင်နေ သူများကို အကျိုးသက်ရောက်လျက်ရှိသည်။