Now! Fashion Forward

ပင်လုံအိမ်ရာဝင်းထဲက မြေယာရှုခင်း စိတ်ကြိုက် ဖန်တီးနိုင်မယ့် နှစ်ထပ်အိမ်

ခြံအကျယ်က စတုရန်းပေ ၁၉,၀၀၀ နီးပါး(ပေ ၉၈ x ပေ ၁၉၀)တောင်ရှိတဲ့ အတွက် ခြံ ကို ကိုယ့်စိတ်ကြိုက်မြေယာ ရှုခင်း ဒီဇိုင်းလေးပြင်ဆင်လို့ ရနေပါပြီ။ ခြံရဲ့အရှေ့ဘက်မှာ မြက်ခင်းပြင် ကျယ်နဲ့ ပန်းခြံလေးရှိပြီး ကားမောင်းဝင်ဖို့ ကွန်ကရစ်လမ်းက စက်ဝိုင်းခြမ်းပုံ သဏ္ဌာန် ကွေ့ဝိုက်ထားပါတယ်။ ညာ ဘက်မှာ သစ်ခွပန်းရုံငယ်လေးရှိသလို ဘယ်ဘက်မှာ တော့ နားနေဆောင်နဲ့ ငါးကန်တစ်ကန်ရှိပါတယ်။

တစ်ပတ်စာ သင်၏ကံဇာတာ

Myat Thit ပရောဖက်မြတ်သစ်
(နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊
တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။ ဖုန်း - ၅၆၄၁၀၆

ဈေးကွက်၌ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ်တစ်ထောင်ခန့် မြင့်တက်လာ

သိုက်ဇင်
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၁)

ရန်ကုန်ဆန်ရောင်းဝယ်ရေး ဈေးကွက် တွင် ပေါ်ဆန်းဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၁,၀၀၀ ခန့် မြင့်တက်သွားသော်လည်း အရောင်းအ၀ယ်မှာ အေးလျက်ရှိကြောင်း ဘုရင့်နောင်ကုန်ပစ္စည်း ရောင်းဝယ်ရေးစခန်းမှ ဆန်ပွဲရုံပိုင်ရှင်များက ပြောသည်။

"ဘာလို့လဲဆိုတော့ အခုအချိန်က ဆန်ချောရှားတဲ့အချိန်ဖြစ်လို့ ဈေးနှုန်းကလည်း အနည်းငယ်ပြောင်းလဲသွားတာပါ။ ဒါကလည်း နှစ်စဉ် ဒီအချိန် လောက်ဆိုရင် ဆန်ချောက ကုန်ခါနီး ဖြစ်လို့ ဈေးနှုန်းက တက်လေ့တက်ထတော့ရှိပါတယ်"ဟု ၎င်းတို့က ဆိုသည်။

ဘုရင့်နောင် ဆန်ရောင်းဝယ်ရေး ဈေးကွက်တွင် ဖျာပုံပေါ်ဆန်း (ရှယ်) ဈေးနှုန်းမှာ ယခင်လက တစ်အိတ်လျှင် ကျပ် ၂၉,၀၀၀ ရှိခဲ့ရာမှ ယခုအခါ ကျပ် ၃၀,၀၀၀ အထိ ရောက်ရှိလာကြောင်း၊ ရွှေဘို(အညာ) ပေါ်ဆန်းမှာလည်း ယခင်လက ကျပ် ၃၀,၀၀၀ ခန့် ရှိရာမှ ယခုအခါ ကျပ် ၃၁,၅၀၀ အထိ ပြောင်း လဲသွားကြောင်း သိရသည်။

ဆန်လက်လီ ရောင်းဝယ်ရေး ဈေးကွက်တွင်လည်း ပေါ်ဆန်း (ရှယ်) မှာ ယခင်လက တစ်ပြည်လျှင် ကျပ် ၁,၁၀၀ ရှိခဲ့ရာမှ ယခုအခါ ကျပ် ၁,၃၀၀ ရှိပြီး တစ်အိတ်လျှင် ကျပ် ၃၂,၀၀၀ ရှိ ကြောင်း ကမာရွတ်မြို့နယ်မှ ဆန် လက်လီအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်ဆန်ရောင်းဝယ်ရေး ဈေးကွက်အတွင်းသို့ ပေါ်ဆန်းဝင်ရောက်မှုမှာ လက်ရှိကာလတွင် တစ်ရက်လျှင် အိတ်ရေ ၅,၀၀၀ ကျော် ၀င်ရောက်မှု ရှိသော်လည်း ယခင်လများနှင့်နှိုင်းယှဉ် လိုက်ပါက ၅၀ ရာခိုင်နှုန်းခန့် လျော့ကျကြောင်း ပွဲရုံပိုင်ရှင်တို့က ပြောသည်။

"ကိုယ်နဲ့နီးစပ်တဲ့ ဆန်စက်ပိုင်ရှင် တွေရဲ့အဆိုအရကတော့ လက်ရှိအနေ အထားမှာ စပါးဈေးက ဆန်ဈေးနဲ့ မကိုက်တာကြောင့်လည်း သူတို့က ဒါကို ချိန်ပြီးတော့ လုပ်နေတာလို့ သိရတယ်။ ဘာလို့လဲဆိုတော့ စပါးဈေးက ပေါ်ဆန်း(ရှယ်) တင်းတစ်ရာကို ကျပ် ခုနစ်သိန်း ဖြစ်နေပြီး ပေါ်ဆန်း (အလတ်)က တင်းတစ်ရာကို ကျပ် ခြောက်သိန်းနဲ့ ခြောက်သိန်းခွဲမှာ ရှိနေ တယ်။ ပုံမှန်ဆိုရင်တော့ စပါးတင်း တစ်ရာကို ငါးသိန်းနဲ့ ခြောက်သိန်း ကြားမှာပဲရှိတာ။ ဒါပေမယ့် ပစ္စည်းကတော့ ဈေးကွက်ထဲမှာ ပြတ်လပ်သွားမယ့် အနေ အထားတော့ မရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ရွှေဘို (အညာ) ဘက်ကလည်း ပေါ်ဆန်းက ၀င်တာရှိပါတယ်"ဟု တော်ဝင်ဆန်ပွဲရုံမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ရန်ကုန် ဘုရင့်နောင်ဆန်ရောင်းဝယ် ရေးဈေးကွက်၌ ဆန်ချောဈေးနှုန်းမှာ အပြောင်းအလဲ ရှိနေသော်လည်း ဆန်ကြမ်းဈေးနှုန်းမှာ ဆန်အိတ်စပို့ အတွက် လတ်တလောကာလတွင် အ၀ယ်မရှိ၍ အပြောင်းအလဲမရှိကြောင်း၊ လက်ရှိကာလတွင် ဧည့်မထဆန် တစ် အိတ်လျှင် ကျပ် ၁၉,၀၀၀ ရှိကြောင်း ဆန်ပွဲရုံပိုင်ရှင်တို့က ပြောသည်။

"လောလောဆယ်တော့ ဆန် အိတ်စပို့လုပ်ငန်းမှာ ဈေးတွေကျနေလို့ သိပ်မကိုက်ဘူး ဖြစ်နေတယ်။ ကမ္ဘာ့ ဆန်ဈေးကွက်မှာလည်း ဈေးတွေက ကျနေတယ်"ဟု ပြည်ပ ဆန်တင်ပို့သူ တစ်ဦးက ပြောသည်။