
မြို့လယ်မှာ ကွန်ဒိုကျယ်ကျယ် လိုတယ်ဆိုရင်
ဒီတိုက်ခန်းကျယ်က ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာရှိ တဲ့ ဆီးဂရင်းန်တာဝါရဲ့ ဆယ်ထပ် မြောက်မှာတည်ရှိ ပါတယ်။ အထပ်မြင့် မှာဖြစ်တဲ့အတွက် ဗိုလ်အောင်ကျော် လမ်းနဲ့ ကျောက်တံတားမြို့နယ် တစ်ဝိုက်ရဲ့မြင်ကွင်း တွေကို ရှုမြင်နိုင်မယ်၊ လေကောင်းလေသန့်ရရှိနိုင်မယ် စတဲ့ အားသာချက်လေးတွေရှိနေပါတယ်။......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
ဂေါက်သီးပညာနဲ့ ဘ၀တည်ဆောက်ချင်သူ
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၂)

ပြည်တွင်းဂျူနီယာ ဆုများစွာရရှိထားသော အောင်ချစ်မင်း။ ဓာတ်ပုံ-အောင်ထွန်းဝင်း
အသက် ခုနစ်နှစ်သား ကတည်းက ဂေါက်တံတစ်ချောင်းနဲ့ပဲ အချိန်ကုန် နေတတ်တဲ့သူ့ကို ပတ်ဝန်းကျင်က လူတွေက ဒီကလေးကြီးလာရင် Golfer ပဲ ဖြစ်မယ်ထင်တယ်လို့ မှတ်ချက်ပေးခဲ့ကြတယ်။ အချိန်ရှိသရွှေ့ အစိမ်းရောင် မြက်ဖျာအစွန်းက ကျင်းငယ်လေးရှိရာကို ဂေါက်သီး မရောက်ရောက်အောင် ကြိုးစားရတာက သူ့ရဲ့ တစ်ခုတည်းသော ကစားနည်းဖြစ်ခဲ့တယ်။ ဒီလို ဂေါက်သီးပညာကို ၀ါသနာပါလှတဲ့ သူဟာ ဖခင်ရဲ့ ပံ့ပိုးမှုနဲ့ အသက် ၁၀ နှစ်သားမှာတော့ Han Golf Master ဂေါက်သီးသင်တန်းကို တက်ရောက်ခဲ့ ပြီး သူ့ရဲ့ လူငယ်ဂေါက်သီးသမား ဘ၀ ကို စတင်ခဲ့ပါတယ်။
သူကတော့ ပြည်တွင်းဂျူနီယာဂေါက်သီးရိုက်ပြိုင်ပွဲတွေမှာ ဆုပေါင်း များစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ လူငယ်ဂေါက်သီးသမား အောင်ချစ်မင်း။
အောင်ချစ်မင်းဟာ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်ရှိ လူငယ်ဂေါက်သီးသမားတစ်ယောက်ပါ။ သူ့ရဲ့ လက်ဦးဆရာကတော့ Han Golf Master ဂေါက်သီးသင်တန်းက ဦးဟန် ထွန်းသောင်းဖြစ်ပါတယ်။ အောင်ချစ်မင်းဟာ ၂၀၀၇ ခုနှစ်၊ အောက် တိုဘာ လ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Myanmar Golf Club Junior Golf Open Championship ပြိုင်ပွဲမှာ ၁၄၂ ကိုက် အကွာအဝေးကနေ Hole in one ၀င်အောင် ရိုက်နိုင်ခဲ့တာဟာ သူ့ဘ၀ရဲ့ မမေ့နိုင်စရာ အောင်မြင်မှုတစ်ခုပါလို့ ဆိုပါတယ်။
ရန်ကုန်ဂေါက်သီး ကလပ်မှာ ပြုလုပ်ခဲ့တဲ့ U.N Day Cup နဲ့ Club ပြိုင်ပွဲမှာလည်း ပထမဆုရခဲ့တယ်။ နောက်ဆုံးရခဲ့တဲ့ ဆုကတော့ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Han Golf Master Junior Golf Tour 2010 ၂၀၁၀ ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့ပါတယ်။
"ကျွန်တော်အခုလို ဆုတွေရတာဟာ ကျွန်တော့မိဘတွေရဲ့ အားပေးမှုကြောင့်လည်း ပါပါတယ်"လို့ အောင်ချစ်မင်းက ပြောပါတယ်။
လေ့ကျင့်မှုကသာ အောင်မြင်မှုကို ရရှိစေတဲ့ အရာလို့ ခံယူထားတဲ့ သူဟာ တစ်ပတ်ကို လေးကြိမ်ခန့် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ပြီး စနေနဲ့ တနင်္ဂနွေနေ့တွေမှာတော့ ကွင်းပတ်လေ့ရှိပါတယ်။ ဒါပေမယ့် ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ဖို့ လေ့ကျင့်မှုအပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ဖြတ်ထိုးဉာဏ်ရှိဖို့လည်း လိုတယ်လို့ အောင်ချစ်မင်းက ပြောပါတယ်။
အားကစားသမားတစ်ယောက်ဟာ ကာယပိုင်းရော ဉာဏပိုင်းပါ ဖွံ့ဖြိုးမှ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုဒဏ်တွေကို ခံနိုင်ရည်ရှိမယ်လို့ ယူဆတဲ့အတွက် ဂေါက်သီးနဲ့ ပတ်သက်တဲ့ ပညာတွေကို စနစ်တကျသင်ယူဖို့ အစီအစဉ်ရှိတယ်လို့ အောင်ချစ်မင်းက ပြောပါတယ်။
"ကျွန်တော်အခု ILBC မှာ Secondary II တက်နေပါတယ်။ GCE O'Level ပြီးရင်တော့ အမေရိကားမှာရှိတဲ့ Golf Academy တစ်ခုမှာ ဂေါက်သီးနဲ့ ပတ်သက်တဲ့ ပညာတွေသင်ဖို့ ကျောင်းသွားတက်မှာပါ။ Professional Golfer အဖြစ် ရပ်တည်နိုင်အောင်လည်း အစွမ်း ကုန်ကြိုးစားသွားမယ်။ Professional တစ်ယောက် မဖြစ်ခဲ့ဘူးဆိုရင်တောင် ဂေါက်သီးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု Level တစ်ခု မှာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ Golf နဲ့ ပတ်သက်တဲ့ ဘွဲ့တစ်ခုခုရအောင်လုပ်မယ်လို့လည်း ဆုံးဖြတ်ထားတယ်"လို့ သူက ပြောပါတယ်။