
တောင်ဥက္ကလာပက စိတ်ကြိုက်အိမ်တစ်လုံး
ခြံအကျယ်အ၀န်းစတုရန်းပေ ၃,၅၀၀ (ပေ ၅၀x ပေ ၇၀) တောင် ရှိတဲ့အတွက် မိသားစု အဆင်ပြေပြေနဲ့နေနိုင်မှာပါ။ ခြံထဲမှာ ပန်းခြံအသေးစားနဲ့ မြက်ခင်းပြင်ပြုပြင်ဖန်တီးဖို့နေရာလေးရယ်၊ ကွန်ကရစ် ခင်းမျက်နှာစာရယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကားတစ်စီးစာရပ်နားနိုင်ဖို့ ကားဂိုဒေါင် လေးကလည်း အိမ်နဲ့ တွဲလျက်ရှိပါတယ်။ .......
တစ်ပတ်စာ သင်၏ကံဇာတာ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆
တောင်ကိုရီးယား ရွှေခြောက်ခု အထိရ
ဖေဖော်ဝါရီ ၂၃ ရက်က ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့တွင် ကျင်းပ သော ဆောင်းရာသီအိုလံပစ်အမျိုးသမီးဖစ်ဂါး စကိတ်တင်းပြိုင်ပွဲ တွင် ရွှေဆုရသွားသော တောင်ကိုရီးယားမှ ကင်ယူနာ ယှဉ်ပြိုင် နေစဉ်။ ၎င်းသည် ကမ္ဘာ့ ချန်ပီယံ ဆုရရှိထားပြီး အိုလံပစ်ရွှေဆုကို လည်း ၂၂၈ ဒသမ ၅၆ မှတ်ဖြင့် ရရှိသွားသည်။ တောင်ကိုရီယားမှ ကြော်ငြာဘုတ်များ၊ မဂ္ဂဇင်းများနှင့် ရုပ်မြင်သံကြားတို့ အပေါ်တွင်လည်း ၎င်းက စိုးမိုးထားလျက်ရှိသည်။
တာဝန်ရှိသူ နုတ်ထွက်ရန် ရုရှားသမ္မတ အမိန့်ပေး
ရုရှားအသင်းသည် ရွှေသုံးခုသာရခဲ့ ရာ အဓိကတာဝန်ရှိကြသော လူကြီးများ နုတ်ထွက်ကြရန် သမ္မတမက်ဗီဒက်ဗ်က တောင်းဆိုခဲ့ သည်။ ပြိုင်ပွဲမတိုင်မီဆိုလျှင် ထိပ်ဆုံးသုံးနိုင်ငံတွင် ပါဝင်ရန် မျှော်မှန်းခဲ့ကြသော်လည်း ပြိုင်ပွဲအပြီးတွင်မူ ရုရှားသည် အာရှမှ တောင် ကိုရီးယား၊ တရုတ်နှင့် နယ်သာလန်တို့၏ နောက်မှအဆင့် (၁၁) နေရာသာရခဲ့သည်။ အိမ်ရှင်ကနေဒါကရွှေ ၁၄ ခု ဖြင့် အောင်မြင်မှု စံချိန်တင်ကာ နိုင်ငံအလိုက်တွင် ထိပ်ဆုံးနေရာရခဲ့သည်။
ဆောင်းရာသီအိုလံပစ်ပိတ်ပွဲ သန်းထောင်ပေါင်းများစွာ ကြည့်ရှု
၂၀၁၀ ဆောင်းရာသီအိုလံပစ်တွင် အိမ်ရှင်ကနေဒါက ရွှေ ၁၄၊ ငွေ ၇၊ ကြေး ၅ ဖြင့် ပထမ၊ ဂျာမနီကရွှေ ၁၀၊ ငွေ ၁၃၊ ကြေး ၇ ဖြင့် ဒုတိယနှင့် အမေရိကန်က ရွှေ ၉၊ ငွေ ၁၅၊ ကြေး ၁၃ ဖြင့် တတိယနေရာရရှိသည်။ ဆုတံဆိပ် စုစုပေါင်းတွင်မူ အမေရိကန်က ၃၇ ခု၊ ဂျာမနီက ၃၀ ခု၊ ကနေဒါက ၂၆ ခု၊ နော်ဝေက ၂၃ ခုဖြင့် အစဉ်လိုက် ရပ်တည်နိုင်ကြသည်။
မြန်မာ့အသင်း ပြန်ရောက်ရှိ
အေအက်ဖ်စီ ချဲလင့်ဖလားတွင် စတုတ္ထနေရာရရှိခဲ့သော မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ ၁ ရက်နေ့ မနက်တွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်တွင် တာဂျီကစ္စတန်အသင်းနှင့် တတိယ နေရာအတွက် ယှဉ်ပြိုင်ခဲ့ရာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် စတုတ္ထနေရာ၌သာ ကျေနပ်ခဲ့ရသည်။
မြန်မာပြည်က ဘောလုံးချစ်စိတ်ကိုမှ ချစ်မိနေ
"ကျွန်တော်ဒီကိုရောက်တာ ငါးလရှိပြီး ဒီနိုင်ငံမှာ ဘောလုံးစွမ်းပကားတွေ အများကြီးရှိနေတာလည်းတွေ့ပြီး ပါပြီ။ မြန်မာနိုင်ငံက ဘောလုံး ဆိုအရူးအမူးပဲလေ။ ရန်ကုန်ယူနိုက်တက်အသင်းကို ကျွန်တော်နည်းပြနေတာပါ။ ပိုင်ရှင်ကတော့ ဦးတေဇနဲ့ သူ့သား ဖြိုးတေဇပါ။ သူ့တို့ရဲ့ မျှော်မှန်းချက်၊ သူ့တို့သွားချင်တဲ့နေရာ၊ သူတို့ရယူဖို့ မျှော်လင့်ထားတဲ့ အောင်မြင်မှုကပဲ ကျွန်တော့ကို ဒီမှာ ရှိစေတာဖြစ်ပါတယ်။
ချန်ပီယံ ရတနာပုံအသင်း အပြောင်းအလဲ ကြီးကြီးမားမား လုပ်ရန်မရှိ
"လာမယ့်ပြိုင်ပွဲအတွက် ရတနာပုံအသင်းအနေနဲ့ ကြီးမားတဲ့ အပြောင်းအလဲလုပ်ဖို့မရှိပါဘူး။ တခြားအသင်းက ကစားသမားတွေကို ခေါ်ဖို့ ကမ်းလှမ်းသွားဖို့လည်းမရှိပါဘူး။ ဒီရာသီသစ်အတွက် ကြီးကြီးကျယ်ကျယ် ပြင်ဆင်ထားတာလည်းမရှိသလို မပြင်ဆင်တော့ ဘူးလို့လည်း စဉ်းစားထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ပဲ ချန်ပီယံထပ် ဖြစ်ဦးမှာပါ"
သန်း ၄၀၀ ကျော် ၀င်ငွေ ရီးယဲလ်မက်ဒရစ်ရရှိ
စပိန်မှ ရီးယဲလ်မက်ဒရစ်အသင်းသည် ကမ္ဘာတွင်တစ်နှစ်ဝင်ငွေ ယူရိုသန်း ၄၀၀ ကျော် (ပေါင် ၃၆၂ သန်း)ရ ပထမဆုံးအားကစား အသင်းဖြစ်လာသည်ဟု Deloitte စာရင်းအင်းလုပ်ငန်းက ဖော်ပြခဲ့သည်။ ၎င်းလုပ်ငန်းက ဘောလုံးငွေကြေး လိဂ်ပြိုင်ပွဲ၏ နောက်ဆုံး ရပ်တည်မှု အနေအထားကို မတ်လ ၂ ရက်က ထုတ်ပြန်ခဲ့ရာ ရီးယဲလ် မက်ဒရစ်က ငါးနှစ်ဆက်ဝင်ငွေအများဆုံးရ ဘောလုံးကလပ် ဖြစ်ခဲ့သည်။
မြန်မာနှင့်ထိုင်း ရိုးရာလက်ဝှေ့ ပြိုင်မည်
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှကြီးမှူး၍ Royal Club အဓိက ကူညီ ပံ့ပိုးမှုဖြင့် H&S Group မှဦးစိုင်းဇော်ဇော် (ဇော်ပစ်တိုင်းထောင်) ကတာဝန်ယူကာ မြန်မာနှင့် ထိုင်းမြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၆ ရက် နှင့်၇ ရက်နေ့တို့တွင် သုဝဏ္ဏအားကစားရုံတွင် ကျင်းပသွားမည်။
တန်ပြန်တိုက်စစ်နဲ့ ချယ်လ်ဆီးရဲ့အရှုံး
မန်စီးတီးကို ဦးဆောင်ဂိုးသွင်းထား ပြီးမှ ရှုံးနိမ့်သွားရခြင်းရဲ့အကြောင်း ရင်းတွေကို ကြည့်လိုက်ရင် အင်တာ မီလန်နဲ့ ကစားခဲ့ရတဲ့ ပွဲပန်းမှုဒဏ်၊ အမာခံဂိုးသမား ပီတာချက် မပါဝင်နိုင် ခဲ့တဲ့ အခြေအနေ၊ တယ်ရီ၊ ၀ိန်း ဘရစ်ခ်ျ ထိပ်တိုက်အတွေ့ စိတ်ခံစားမှုအခြေ အနေ၊ မန်စီးတီးရဲ့တန်ပြန်တိုက်စစ်အကောင်းဆုံးပုံစံရှိတဲ့ အနေအထားဆိုတာတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။
ဝိန်းရွန်နေ၏ ဘောလုံးရာသီ
မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆာအဲလက်ဖာဂူဆန်က ယခုရာသီသည် ၀ိန်းရွန်နီ၏ စွမ်းရည်အမှန်ပေါ်ပေါက်လာသောအချိန် ဟု ယုံကြည်နေသည်။ ဖေဖော်ဝါရီ ၂၈ ရက်က အက်စတွန်ဗီလာနှင့်ကစားသော ကားလင်းဖလား ဗိုလ်လုပွဲမှာ အံ့ဩဖွယ်ရာစွမ်းရည် ကြောင့်ပင် မန်ချက်စတာယူနိုက်တက်က အက်စတွန်ဗီလာကို ၂-၁ ဖြင့် အနိုင်ရကာ နှစ်နှစ်ဆက်ဗိုလ်စွဲနိုင်ခဲ့သည်။
စပါးနှင့်ပဲ ဈေးကောင်းသဖြင့် လယ်သမားတို့ဘ၀ ပုံမှန်လည်ပတ်
"လယ်စရိတ်တွေအတွက် တစ်ဧကကို တစ်သောင်းနှုန်း လယ်ယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ပေးပါတယ်။ အတိုးက တစ်ကျပ်ခွဲနှုန်းပါ။ ပြည်ခိုင်ဖြိုးကလည်း ဒီနှစ်မှာ ငွေလာ ချေးပေးပါတယ်။ တကယ်က လယ်စရိတ်က မိုး စပါး ဆိုရင် တစ်ဧကကို ငွေတစ်သိန်းဝန်းကျင် ရှိပါတယ်။ နွေစပါးဆိုရင်တော့ မျိုးပိုသုံးရတာ၊ အစာပိုကျွေးရတာ၊ ရေတင်ရတာတွေ ပိုလာလို့ စရိတ်နှစ်ဆ ........."
သံတမန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ဆောင်ရွက် မည်ဟု ဗြိတိန်သံအမတ်ကြီးပြောကြား
"မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ အတွင်းမှာ နိုင်ငံ ရေးအရရော၊ စီးပွားရေးအရပါ အဓိကကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်လောက်တဲ့ အလား အလာတွေ အများကြီးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ် ပါတယ်။ အခုရရှိထားတဲ့ အောင်မြင်မှုတွေထက် ပိုမိုရရှိနိုင်တဲ့ စီးပွားရေး အင်အားလည်း ရှိပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့လိုတဲ့ နိုင်ငံရေးပြဿနာ တွေက ရှိနေသေးတယ်။ ကျွန်တော်ဒီမှာရှိနေတဲ့အချိန် အတောအတွင်း မှာ စီးပွားရေးအရ ပိတ်ဆို့အရေးယူထားခြင်းကို ဖျက်သိမ်းပေးနိုင်မယ် ဆိုရင်တော့ သိပ်ကောင်းမှာပေါ့လေ"![]()
- တရုတ်နယ်စပ်၌ လူကုန်ကူးသူများ ဖမ်းဆီးရမိ
- ပြည်ပ အရက်၊ ဘီယာ၊ စီးကရက်၊ ၀ိုင်နှင့် သောက်ရေသန့်များ အခွန်ထမ်းဆောင်ပြီး တံဆိပ်ကပ်ပြီးမှသာ ရောင်းချရတော့မည်
- မြန်မာအင်တာ နေရှင်နယ် တီဗီလိုင်း ထုတ်လွှင့်မည်
- အင်ဒို-မြန်မာ စီးပွားရေးမြှင့်မည်
တင်သွင်းဘိလပ်မြေများ နှစ်ဆန်းပိုင်းတွင် ၀ယ်လိုအားကြောင့် ဈေးမြင့်မား
"အခုအချိန်က ပွင့်လင်းရာသီဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေက ၀ယ်လိုအားများတဲ့အတွက် ဈေးမြင့် လာတာဖြစ်ပါတယ်။ ထိုင်းကတင်သွင်းတဲ့ ဆင် တံဆိပ် ဘိလပ်မြေဆိုရင် ဇန်န၀ါရီလဆန်းမှာ တစ်အိတ်ကို ကျပ် ၅,၈၀၀ ကနေ ဖေဖော်ဝါရီလလယ်မှာ ကျပ် ၇,၂၀၀ အထိ တက်သွားပါတယ်။ စိန်တံဆိပ်လည်း ၇,၄၀၀ လောက် ဖြစ်သွားပါတယ်"
အင်းငါးထုတ်လုပ်မှုတိုးတက်လာရန် ဘီလားငါး တိုးချဲ့ မွေးမြူသင့်
ဘီလားငါးမျိုးမှာ ရေနက်ကွင်းများတွင် အစာ မကျွေးဘဲ သဘာဝအတိုင်း ကြီးထွားတတ်သည့် ငါးမျိုးများဖြစ်ပြီး မိမိနေရာကိုသိကာ မျိုးချန် မွေးမြူရသည့် ငါးမျိုးများဖြစ်သည်။ "ထိုင်းနိုင်ငံမှာ ဘီလားမွေးကန် နှစ်ကန် လေ့လာခဲ့ပြီး တစ်ကန်ကို ဧက ၃၀ ခန့်ကျယ် တယ်။ ကန်အတွင်း အသေးဆုံး ဂရမ် ၁၀၀ အရွယ်ထားရှိပြီး စုစုပေါင်း ငါး ကီလိုဂရမ် ၆၀၀ ခန့် မွေးမြူထားရှိတယ်"
- အီလက်ထရွန်းနစ် ကုန်စည် ဒိုင်စနစ် ယခုနှစ်၌ စမည်
- ငါးသယံဇာတထိန်းသိမ်းရန် အောက်ခြေအဆင့်အထိ ပိုမို ပညာပေးရန် လိုအပ်
- ပဲမျိုးစုံတင်ပို့မှု နှစ် ၂၀ အတွင်း ၁၀ ဆနီးပါး တိုးတက်
- ရန်ကုန်မြို့ရှိ မော်ဒယ်နိမ့်ကားများကို ဆက်လက်မောင်းနှင်ခွင့် ပြုလျက်ရှိ
ရိုးရာဓလေ့ကို ဖက်တွယ်ရင်း မွေးရပ်မြေကို လွမ်းဆွတ်ကြသူတွေ
"အန်တီတို့အမေလက်ထက်အထိတော့ ထိုးကြသေး တယ်။ အန်တီတို့ လက်ထက်က စပြီးတော့ ပါးရဲထိုးတဲ့ အလေ့အထကမရှိတော့ဘူး။ အခု မျက်နှာမှာ ပါးရဲထိုး ထားတဲ့သူတွေက အသက်အရွယ်အားဖြင့်လည်းကြီးလာ ကြပြီ။ နောင်ငါးနှစ် ၁၀ နှစ်အတွင်းမှာ ဆိုရင်တောင် ဒီလို ရိုးရာဓလေ့အရ ပါးရဲထိုးထားတဲ့သူတွေကို ....." ![]()
ချိုးကြော် ရွရွလေး
"ညကတည်းက ရှမ်းဆန်ကို ရေစိမ်ရတယ်။ မနက်စောစောထပြီး ဆန်ကို ပေါင်းပါတယ်။ အငွေ့ထောင်းထောင်း ထနေတဲ့ ရှမ်းဆန်ပေါင်း ပူပူလောင်လောင်ကို အေးအောင် စောင့်မနေဘဲ လက်ဖ၀ါးနှစ်ဖက်နဲ့ အပါးဝိုင်းလေးတွေ ရအောင်ဖိပြီး အ၀ိုင်းပုံရအောင် ပုံသွင်းရတယ်။ ပြီးမှ နေပူပူမှာ နှစ်ရက်လောက် နေလှန်းပြီးမှ ကြော် ရတာ"
- ချစ်သောနိုင်ငံအတွက် ကခုန်နေကြသူများ
- ပလေးဘွိုင် သူဌေးကြီး ဆန္ဒရမက်တွေကြောင့် တရားစွဲခံရ
- ကြည်နူးမျက်ရည်တွေ၊ ပြောင်လှောင်သရော်မှုတွေနဲ့ အော်စကာ ဇာတ်လမ်းတွေ
- ခရီးသွားလုပ်ငန်းများအတွက် အင်တာနက် အရေးကြီး
ရေခဲဈေး ယမန်နှစ်ကထက် မမြင့်တက်နိုင်ဟုဆို
"ဒီနှစ်အနေအထားက ခန့်မှန်းဖို့ နည်းနည်းတော့ စောနေသေးတယ်။ ဒါပေမယ့် အသစ်ဆောက်တဲ့ စက်တွေ နဲ့ ထုတ်လုပ်မှုပိုများအောင် တိုးချဲ့လာတဲ့ စက်တွေလည်း ရှိလာတာကြောင့် ဒီနှစ် ရေခဲဈေးက မနှစ်ကထက်တော့ ဈေးမများနိုင်ဘူးလို့ ထင်တယ်။ နောက်ပြီး အသစ် တိုးချဲ့တဲ့လူတွေက အတွေ့ အကြုံအရ လျှပ်စစ်မီးအခက်အခဲ ......"![]()
ပန်းချီဆေးရေးချည်ထည်များ လူကြိုက်များလာလျက်ရှိနေ
"လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်း ကပန်းချီ ဆေးရေးအထည်တွေ စပေါ်ခဲ့ပေမယ့် ချက်ချင်း ခေတ်စားလာတာမဟုတ်ပါဘူး။ အဲဒီတုန်းက ထုတ်လုပ်တဲ့သူလည်းနည်းပါသေးတယ်။ ပစ္စည်း ရှားပြီး ဈေးနှုန်းလည်း များပါတယ်။ ကျော်ကြားတဲ့သူတွေ၊ ငွေကြေး တတ်နိုင်တဲ့သူတွေ အော်ဒါမှာပြီး သီးသန့်ဝတ်ကြတာမျိုးပဲ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ထုတ်တဲ့သူများလာပြီး အများသုံးဖြစ်လာတာကြောင့် ဈေးနှုန်းလည်း သက်သာလာပါတယ်။ ![]()
- ပြည်တွင်း ၀ယ်လက်ကြောင့် ပဲစင်းငုံဈေး ပြန်တက်လာ
- နယ်မြို့တေးရေးများကို အလေးထားမှု နည်းလာ
- ပဲတီစိမ်း ဈေးကောင်း
- တိရစ္ဆာန်ဥယျာဉ်သို့ ဟိုပင်မှ စပါးအုံးမြွေလှူဒါန်း
- ၀က်မကြီးက ဆင်နှင့်သဏ္ဌာန် တူသော ၀က်ကလေးမွေး
ချီလီငလျင်နှင့် ဆူနာမီကြောင့် ၇၀၀ ကျော်သေ
ချီလီငလျင်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့တွင် ၇၀၀ ကျော် သွားပြီဖြစ်ကြောင်း၊ ကယ်ဆယ်သူများသည် အသက်မသေဘဲ ရှင်ကျန်နေ သူများကို ရှာဖွေလျက်ရှိကြောင်း၊ ကမ်းရိုးတန်းဒေသ တွင် ပင်လယ်ရေလှိုင်းကြီးများတက်လာပြီး အိုးအိမ်များ ကို ဆွဲချသွားကြောင်း၊ ဆူနာမီဖြစ်လာမည့်အရေးကို ကြိုတင် သတိမပေးနိုင်၍ အစိုးရက ပြည်သူလူထုကို တောင်းပန်ခဲ့ကြောင်းသိရှိရသည်။![]()
ဂရိနိုင်ငံ အကျပ်အတည်း အိုင်အမ်အက်ဖ် ကူညီနိုင်ပါ့မလား
ဥရောပတိုက်က မြေထဲ ပင်လယ်ကမ်းခြေနိုင်ငံလေးတစ်နိုင်ငံ ဖြစ်တဲ့ ဂရိနိုင်ငံဟာ အကြီးအကျယ် ပြဿနာနဲ့ကြုံတွေ့ နေရတယ်။ ဥရောပ တလုံးတစည်းဖြစ်ရေး မဟာအခွင့်အရေး တွေဟာ သူ့အဖို့ အချည်းနှီးပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဘဏ်အတိုး နှုန်းနည်းမှု၊ ရက်ရက်ရောရာ သုံးဖြုန်းခဲ့မှု၊ အစိုးရ ဘတ်ဂျက်လိုငွေပြမှုပိုများလာမှုတွေဟာ အစိုးရ ရဲ့အကြွေးတွေကို အန္တရာယ်ရှိတဲ့ အထိ ရောက်လာစေတယ်။![]()
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တရုတ်နိုင်ငံအရှေ့ဘက် ကျန်ဆူပြည်နယ်၊ ဆူဟူးရှိ တိုင်ဟူကန်အတွင်း ရေမှော် ရေညှိပင်များစားသည့် ငါးများကို အရာရှိများက လွှတ် ပေးနေစဉ်။ ပြင်းထန်သည့် ပတ်ဝန်းကျင် ညစ်ညမ်း စေသည့် မိလ္လာအညစ်အကြေး၊ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးတို့မှ စွန့်ပစ်ပစ္စည်းများကြောင့် စိမ်းပြာ ရောင်ဖြစ်နေသည့် ရေမှော်ရေညှိများဘေးမှ ကာကွယ် ရန် အာဏာပိုင်များက ယခုလို ငါးကောင်ရေ သန်း ၂၀ ကို နိုင်ငံ၏ အလှပဆုံးကန်များထဲသို့ လွှတ်ပေးလျက် ရှိသည်။ ယင်းစီမံကိန်းအတွက် အစိုးရငွေနှင့်အများ ပြည်သူမှ လဈဒါန်းသည့်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ကုန်ကျမည်ဟု သိရသည်။ အေအက်ဖ်ပီ
ပါကစ္စတန်-စီအိုင်အေဆက်ဆံရေး ပူးပေါင်းတိုးချဲ့မှု
တာလီဘန်ဝါရင့် ခေါင်းဆောင် မူလာအဗ္ဗဒူဂါနီဘာ ရာဒါးကို ဖမ်းဆီး မိစေခဲ့သော စစ်ဆင်ရေးကဲ့သို့ အမေရိကန် ဗဟိုထောက်လှမ်းရေး (စီအိုင်အေ)နှင့်ပါကစ္စတန် ထောက်လှမ်းရေးအရာရှိတို့ ပူးတွဲဆောင် ရွက်သည့် စစ်ဆင်ရေးမျိုးမှာယခုအခါ တွေ့နေကျ၊ မြင်နေကျ ဖြစ် လာခဲ့ကြောင်း ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့မှ မကြာမီကာလ အတွင်းက အငြိမ်းစားယူခဲ့သောထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်သူ The Christian Science Monitor သတင်းစာ၏သတင်းထောက် တစ်ဦးအား ရှင်းလင်းပြောကြားသွားခဲ့သည်။
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စိတ်ကူးထား သောအိမ်မျိုး ဂျပန်တွင် ပေါ်လာ
- တိုယိုတာက Lexus ထုတ်လုပ်မှု ရပ်ထားမည်
- တရုတ် (တိုင်ပေ) မှ ဖော်မိုဆာကုမ္ပဏီ ဗီယက်နမ်၌ သံမဏိ စက်ရုံထောင်မည်
- ၁၉၆၄ တိုကျိုအိုလံပစ်မှ ၂၀၁၆ အိုလံပစ်ဆီသို့
- ဟေတီငလျင်အပြီး ၀မ်းနည်းကြေကွဲဖွယ်နေ့ကျင်းပ



